သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတာဝန်ရှိသူတဦး ပထမဆုံးအကြိမ် ဆော်ဒီရောက်ရှိ

အစ္စရေးခရီးသွားဝန်ကြီး Haim Katz
အစ္စရေးခရီးသွားဝန်ကြီး Haim Katz

အစ္စရေးခရီးသွားဝန်ကြီး Haim Katz (ဟိုင်ရမ်ကတ်ဇ် ) က ဆော်ဒီအာရေဗျကို အင်္ဂါနေ့ကသွားရောက်ခဲ့ပြီးဒါဟာ အစ္စရေးအစိုးရအဖွဲ့ဝင်တဦးရဲ့ တရားဝင် သံတမန်ခရီးစဉ်အဖြစ် ဆော်ဒီအာရေးဗီးယားကို ပထမဆုံးအကြိမ်သွားတာ ဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောပါတယ်။

Katz ဟာရီယာ့ဒ် (Riyadh) ကုလသမဂ္ဂရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဆိုင်ရာ အခမ်းအနားတခုကို တက်ရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဥ်နဲ့အတူ အမေရိကန်က ကြားဝင် ညှိနှိုင်းပေးနေတဲ့ ဆော်ဒီအာရေဗျနဲ့အစ္စရေးကြား နှစ်နိုင်ငံဆက်ဆံရေးကို ဖော်ဆောင်ပေးမယ့်သဘောတူညီချက်တရပ်ရရှိဖို့လည်း နှစ်နိုင်ငံကြား ကြိုးပမ်းနေတာပါ။

Katz ဦးဆောင်တဲ့အစ္စရေးကိုယ်စားလှယ်အဖွဲ့ ဆော်ဒီအာရေးဗီးယားကိုအလည်အပတ်ရောက်နေတုန်းမှာပဲ ဆော်ဒီအာရေးဗီးယားရဲ့ပါလက်စတိုင်း ဆိုင်ရာ အထူးသံတမန်အသစ်ဖြစ်သူဟာ အစ္စရေးသိမ်းပိုက်ထားတဲ့ ဂါဇာ ကမ်းမြောင်အနောက်ဘက်ကမ်းဒေသကို ပထမဆုံးသွားရောက်ပြီး သူ့ရဲ့ခန့်အပ်လွှာကို ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ် (Mahmoud Abbas) ကို တင်သွင်းမှာ ဖြစ်ပါတယ်။

အစ္စရေးခရီးသွားဝန်ကြီး ဆော်ဒီအာရေဗျ ခရီးစဥ်ဖြစ်လာတာကြောင့် အစ္စရေးနဲ့ ဆော်ဒီအာရေးဗီးယားကြား ဆက်ဆံရေးတိုးတက်လာတာကို ပြသနေပါတယ်။ ဒါပေမယ့် တဘက်မှာလည်း ဆော်ဒီအာရေဗီးယားဘက်က ပါလက်စတိုင်းအာဏာပိုင်တွေနဲ့လည်း သံတမန်နည်းလမ်းအရ ထိတွေ့ဆက်ဆံနေတာဖြစ်လို့ နှစ်နိုင်ငံကြားဆက်ဆံရေးတိုးတက်ဖို့က အစ္စရေးနဲ့ပါလက်စတိုင်းကြား ဆက်ဆံရေး တိုးတက်ဖို့လိုကြောင်းကို ဆော်ဒီဘက်က ရှင်းရှင်းလင်းလင်းပြသလိုက်တာ ဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို မျှတစွာဖြေရှင်းခြင်းမရှိဘဲ အစ္စရေးကို သံတမန်ရေးအရ အသိအမှတ်ပြုမှာမဟုတ်ကြောင်း လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုနီးပါးက သဘောတူထားခဲ့ကြတဲ့ အာရပ်နိုင်ငံတွေထဲမှာ ဆော်ဒီအာရေဗျနိုင်ငံလည်း ပါဝင်ပါတယ်။

အစ္စရေးတာဝန်ရှိသူတဦး ပထမဆုံးအကြိမ် ဆော်ဒီရောက်ရှိ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG