သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပံုမွန္ဆက္ဆံေရးစဖို႔ အစၥေရးနဲ႔ ကန္အရာရွိေတြ UAE ကို ထြက္ခြာ


ကန္အရာရွိမ်ားကို အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕ရွိ Ben Gurion ေလဆိပ္ကေန Abu Dhabi ကို မထြက္ခြာခင္ ေတြ႔ရတ့ဲ ျမင္ကြင္း။ (ၾသဂုတ္ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

အစၥေရးနဲ႔ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (UAE) ႏိုင္ငံအၾကား တရားဝင္ ဆက္ဆံေရး ထူေထာင္ေရး အၿပီးသတ္ လုပ္ငန္း ေတြ လုပ္ေဆာင္ဖို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ အစၥေရးလ္ ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu တို႔ရဲ႕ အႀကီးတန္း လက္ေထာက္ အရာရွိေတြ အစၥေရးကေန UAE ကို ေလယာဥ္နဲ႔ တနလၤာေန႔က ထြက္ခြာသြားၿပီ ျဖစ္ပါတယ္။

အစၥေရး ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္က Tel Aviv ကေန Abu Dhabi ကို ေဆာ္ဒီ ေလယာဥ္ပိုင္နက္ကို ျဖတ္ေက်ာ္ၿပီး ပ်ံသန္းခဲ့တာေၾကာင့္ ေဆြးေႏြးမယ့္ ကိုယ္စားလွယ္ေတြကို သယ္ေဆာင္သြားတဲ့ ေလယာဥ္ခရီးစဥ္ဟာလည္း သမိုင္းဝင္ ေလယာဥ္ ခရီးစဥ္ တစ္ခု ျဖစ္လာတာပါ။

ဒါဟာ ၿငိမ္းခ်မ္းေရးအတြက္ ၿငိမ္းခ်မ္းေရးဆိုတာမ်ိဳးပဲ လို႔ အစၥေရး ဝန္ႀကီးခ်ဳပ္ Netanyahu က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ အစၥေရးတို႔ ၁၉၆၇ ခုႏွစ္တုန္းက သိမ္းပိုက္ထားတဲ့ နယ္ေျမေတြ ျပန္ေပးမွ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမယ္ဆိုတဲ့ ေတာင္းဆိုခ်က္ေတြ မလုပ္ဘဲ ၿငိမ္းခ်မ္းေရး ရႏိုင္တယ္ဆိုတာကို ရည္ၫႊန္း ေျပာဆိုလိုက္တာလည္း ျဖစ္ပါတယ္။

၃ နာရီနဲ႔ မိနစ္ ၂၀ ၾကာျမင့္တဲ့ Tel Aviv - Abu Dhabi ေလယာဥ္ ခရီးစဥ္ကို သမၼတ ထရမ့္ရဲ႕ အႀကီးတန္း အႀကံေပးလည္းျဖစ္ သားမက္လည္း ေတာ္စပ္သူ Jared Kushner နဲ႔ အေမရိကန္ အမ်ိဳးသား လုံၿခဳံေရး အႀကံေပး Robert O'Brien တို႔က ဦးေဆာင္သြားတာ ျဖစ္ၿပီး အစၥေရးဘက္ကလည္း အမ်ိဳးသား လုံၿခဳံေရး အႀကံေပး Meir Ben-Shabbat အတူ လိုက္ပါသြားတာ ျဖစ္ပါတယ္။ အဲဒီ ကိုယ္စားလွယ္ အဖြဲ႕ေတြက အစၥေရးနဲ႔ UAE အၾကား ကူးသန္းေရာင္းဝယ္ေရးနဲ႔ ခရီးသြားလုပ္ငန္းလို႔ က႑ေတြမွာ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ ေရး လုပ္ေဆာင္ဖို႔ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ အစၥေရး ကာကြယ္ေရး ဝန္ႀကီးဌာနက ကိုယ္စားလွယ္ေတြကေတာ့ UAE ကို သီးျခား သြားေရာက္မွာ ျဖစ္ပါတယ္။

အစၥေရးနဲ႔ UAE အၾကား တရားဝင္ ဆက္ဆံေရး ထူေထာင္ဖို႔ ရရွိခဲ့တဲ့ သေဘာတူညီခ်က္ဟာ အစၥေရးအေနနဲ႔ အာရပ္ ႏိုင္ငံ တစ္ႏိုင္ငံနဲ႔ႏွစ္ ၂၀ အတြင္း ပထမဆုံး ရရွိတဲ့ သေဘာတူညီခ်က္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပုံမှန်ဆက်ဆံရေးစဖို့ အစ္စရေးနဲ့ ကန်အရာရှိတွေ UAE ကို ထွက်ခွာ

အစ္စရေးနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံအကြား တရားဝင် ဆက်ဆံရေး ထူထောင်ရေး အပြီးသတ် လုပ်ငန်း တွေ လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu တို့ရဲ့ အကြီးတန်း လက်ထောက် အရာရှိတွေ အစ္စရေးကနေ UAE ကို လေယာဉ်နဲ့ တနင်္လာနေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အစ္စရေး လေကြောင်းလိုင်းပိုင် လေယာဉ်က Tel Aviv ကနေ Abu Dhabi ကို ဆော်ဒီ လေယာဉ်ပိုင်နက်ကို ဖြတ်ကျော်ပြီး ပျံသန်းခဲ့တာကြောင့် ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေကို သယ်ဆောင်သွားတဲ့ လေယာဉ်ခရီးစဉ်ဟာလည်း သမိုင်းဝင် လေယာဉ် ခရီးစဉ် တစ်ခု ဖြစ်လာတာပါ။

ဒါဟာ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆိုတာမျိုးပဲ လို့ အစ္စရေး ဝန်ကြီးချုပ် Netanyahu က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အစ္စရေးတို့ ၁၉၆၇ ခုနှစ်တုန်းက သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်ပေးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ တောင်းဆိုချက်တွေ မလုပ်ဘဲ ငြိမ်းချမ်းရေး ရနိုင်တယ်ဆိုတာကို ရည်ညွှန်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ကန္အရာရွိမ်ားကို အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕ရွိ Ben Gurion ေလဆိပ္ကေန Abu Dhabi ကို မထြက္ခြာခင္ ေတြ႔ရတ့ဲ ျမင္ကြင္း။ (ၾသဂုတ္ ၃၁၊ ၂၀၂၀)
ကန္အရာရွိမ်ားကို အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕ရွိ Ben Gurion ေလဆိပ္ကေန Abu Dhabi ကို မထြက္ခြာခင္ ေတြ႔ရတ့ဲ ျမင္ကြင္း။ (ၾသဂုတ္ ၃၁၊ ၂၀၂၀)

၃ နာရီနဲ့ မိနစ် ၂၀ ကြာမြင့်တဲ့ Tel Aviv - Abu Dhabi လေယာဉ် ခရီးစဉ်ကို သမ္မတ ထရမ့်ရဲ့ အကြီးတန်း အကြံပေးလည်းဖြစ် သားမက်လည်း တော်စပ်သူ Jared Kushner နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Robert O'Brien တို့က ဦးဆောင်သွားတာ ဖြစ်ပြီး အစ္စရေးဘက်ကလည်း အမျိုးသား လုံခြုံရေး အကြံပေး Meir Ben-Shabbat အတူ လိုက်ပါသွားတာ ဖြစ်ပါတယ်။ အဲဒီ ကိုယ်စားလှယ် အဖွဲ့တွေက အစ္စရေးနဲ့ UAE အကြား ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလုပ်ငန်းလို့ ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေး လုပ်ဆောင်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေကတော့ UAE ကို သီးခြား သွားရောက်မှာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ UAE အကြား တရားဝင် ဆက်ဆံရေး ထူထောင်ဖို့ ရရှိခဲ့တဲ့ သဘောတူညီချက်ဟာ အစ္စရေးအနေနဲ့ အာရပ် နိုင်ငံ တစ်နိုင်ငံနဲ့နှစ် ၂၀ အတွင်း ပထမဆုံး ရရှိတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG