သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ်‌ နယူးယောက်မြို့မှာတွေ့ဆုံ 


အမေရိကန်သမ္မတ Joe Biden (ယာ) နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ဝဲ) တို့ ၇၈ ကြိမ်မြောက် ကုလအထွေထွေညီလာခံပြင်ပမှာ တွေ့ဆုံကြစဥ်။ (စက်တင်ဘာ ၂၀၊ ၂၀၂၃)
အမေရိကန်သမ္မတ Joe Biden (ယာ) နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ဝဲ) တို့ ၇၈ ကြိမ်မြောက် ကုလအထွေထွေညီလာခံပြင်ပမှာ တွေ့ဆုံကြစဥ်။ (စက်တင်ဘာ ၂၀၊ ၂၀၂၃)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေသန်ယာဟုနဲ့ ဗုဒ္ဓဟူးနေ့ က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအရေးကိစ္စအပြင် ဒေသဆိုင်ရာနဲ့ တကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရင်း ဘေးပန်းအဖြစ် နယူးယောက်မြို့က ဟိုတယ်ခန်းတခန်းမှာ တွေ့ဆုံခဲ့ကြတာပါ။ အိမ်ဖြူတော်မှာမဟုတ်ဘဲ ခုလိုတွေ့ဆုံခဲ့ပုံကို ေနသန်ယာဟုအစိုးရအပေါ် သဘောမကျတဲ့အရိပ်အယောင်အဖြစ် အစ္စရေးနိုင်ငံမှာတော့ အဓိပ္ပါယ် ကောက်ယူနေကြပါတယ်။ ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် သဘောတူမျှချက် မရှိဘဲ အစ္စရေးနိုင်ငံရဲ့ အခြေခံအကျဆုံး ဒီမိုကရေစီအဆောက်အအုံတွေကို ပြောင်းလဲတာအပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က စိုးရိမ်မကင်းဖြစ်မိကြောင်း ထပ်မံပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်က ဆိုပါတယ်။

နေသန်ယာဟုအစိုးရက အစ္စရေးတရားရေးစနစ်ကို ပြောင်းလဲလိုက်တဲ့အတွက် အစ္စရေးတနိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့တာပါ။

"ဒီအပြောင်းအလဲအပေါ် ရတက်မအေးကြောင်း အမေရိကန်က အကြိမ်ကြိမ် ပြောခဲ့ပြီးသားပါ။ ဒါပေမဲ့ ဘယ်တော့မှ မပြောင်းလဲတာတခု ရှိပါတယ်။ အဲဒါကတော့ အစ္စရေးနိုင်ငံရဲ့ ဒီမိုကရေစီအပေါ်ထားရှိတဲ့ ကတိကဝတ်ဖြစ်ပါတယ်။" လို့ အစ္စရေး ဝန်ကြီးချုပ်က ဆိုပါတယ်။ အီရန်နိုင်ငံအနေနဲ့ "နျူကလီးယား လက်နက်ဘယ်တော့မှမရှိစေရ" ဆိုတဲ့အချက်ကိုတော့ သမ္မတဘိုင်ဒန်ရော၊ နေသန်ယာဟုပါ သဘောတူကြပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအဖြေရှာရာမှာ ပါလက်စတိုင်း နိုင်ငံထူထောင်ရေး အရေးကြီးတာကို သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးတာဝန်ရှိသူတွေကတော့ ဒီအချက်ကို အကြိမ်ကြိမ်ပယ်ချထားခဲ့ကြပြီးဖြစ်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ကို နှစ်ကုန်ပိုင်းမှာ အမေရိကန်လာဖို့ သမ္မတဘိုင်ဒန်က ဖိတ်ကြားလိုက်တယ်လို့ အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ်‌ နယူးယောက်မြို့မှာတွေ့ဆုံ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG