အစၥေရးနဲ႔ ပါလက္စတိုင္းတို႔မွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရးအတြက္ ရည္႐ြယ္ၿပီး ႏွစ္ဘက္ကိုယ္စားလွယ္ေတြ ေဂ်ာ္ဒန္ႏိုင္ငံမွာ ဒီကေန႔ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔မွာ ေတြ႔ဆုံေနၾကတယ္လို႔ ေဂ်ာ္ဒန္အစိုးရပိုင္ သတင္းမီဒီယာေတြမွာ ေဖာ္ျပပါတယ္။
ပင္လယ္နီကမ္းေျခ အပန္းေျဖၿမိဳ႕ျဖစ္တဲ့ Aqaba မွာ ျပဳလုပ္ေနတဲ့ ဒီေတြ႔ဆုံမႈဟာ ပါလက္စတိုင္းရဲ႕ နယ္နိမိတ္ကိစၥနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာက ကိုယ္စားလွယေတြ ပါဝင္တဲ့ ေတြ႔ဆုံေဆြးေႏြးမႈကို ႏွစ္ေပါင္းအတန္ၾကာအတြင္း အစၥေရးနဲ႔ ပါလက္စတိုင္းက ႏွစ္ဘက္ကိုယ္စားလွယ္ေတြ ပထမဆုံးအႀကိမ္ ျပဳလုပ္ၾကတာလို႔ ဆိုပါတယ္။
ဒီ ေတြ႔ဆုံေဆြးေႏြးပြဲကို ပါလက္စတိုင္းေထာက္လွမ္းေရးမွဴး Majad Faraj နဲ႔ အစၥေရး ျပည္တြင္းလုံျခဳံေရးေအဂ်င္စီ အႀကီးအကဲ Ronen Bar တို႔ တက္ေရာက္ၾကေၾကာင္း ဒီစည္းေဝးပြဲနဲ႔ နီးစပ္သူေတြေျပာတာကို ကိုးကားၿပီး သတင္းမွာ ေဖာ္ျပပါတယ္။
အေမရိကန္ အမ်ိဳးသားလုံျခဳံေရးေကာင္စီ အေ႐ွ႕အလယ္ပိုင္းနဲ႔ ေျမာက္အာဖရိကဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးမွဴး Brett McGurk အျပင္ ေဂ်ာ္ဒန္နဲ႔ အီဂ်စ္တို႔က လုံျခဳံေရး အရာ႐ွိေတြလည္း ဒီစည္းေဝးပြဲကို တက္ေရာက္ဖို႔ ႐ွိတယ္လို႔ ဆိုပါတယ္။
အစၥေရးနဲ႔ ပါလက္စတိုင္းအၾကား ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္း အၾကမ္းဖက္မႈေတြ အ႐ွိန္ျမင့္ ျဖစ္ေပၚလာၿပီး ႏွစ္ဘက္ေသဆုံးမႈေတြ ျဖစ္ေပၚေနတဲ့အေပၚ ႏိုင္ငံတကာရဲ႕ စိုးရိမ္မႈေတြ ႀကီးထြားလာေနခ်ိန္မွာ ဒီေတြ႔ဆုံေဆြေႏြးမႈ ျဖစ္လာတာပါ။
==== Unicode ====
အစ္စရေးနဲ့ ပါလက်စတိုင်းတို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ရည်ရွယ်ပြီး နှစ်ဘက်ကိုယ်စားလှယ်တွေ ဂျော်ဒန်နိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ တွေ့ဆုံနေကြတယ်လို့ ဂျော်ဒန်အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ပင်လယ်နီကမ်းခြေ အပန်းဖြေမြို့ဖြစ်တဲ့ Aqaba မှာ ပြုလုပ်နေတဲ့ ဒီတွေ့ဆုံမှုဟာ ပါလက်စတိုင်းရဲ့ နယ်နိမိတ်ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက ကိုယ်စားလှယတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို နှစ်ပေါင်းအတန်ကြာအတွင်း အစ္စရေးနဲ့ ပါလက်စတိုင်းက နှစ်ဘက်ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် ပြုလုပ်ကြတာလို့ ဆိုပါတယ်။
ဒီ တွေ့ဆုံဆွေးနွေးပွဲကို ပါလက်စတိုင်းထောက်လှမ်းရေးမှူး Majad Faraj နဲ့ အစ္စရေး ပြည်တွင်းလုံခြုံရေးအေဂျင်စီ အကြီးအကဲ Ronen Bar တို့ တက်ရောက်ကြကြောင်း ဒီစည်းဝေးပွဲနဲ့ နီးစပ်သူတွေပြောတာကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Brett McGurk အပြင် ဂျော်ဒန်နဲ့ အီဂျစ်တို့က လုံခြုံရေး အရာရှိတွေလည်း ဒီစည်းဝေးပွဲကို တက်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အကြမ်းဖက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာပြီး နှစ်ဘက်သေဆုံးမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေချိန်မှာ ဒီတွေ့ဆုံဆွေနွေးမှု ဖြစ်လာတာပါ။