သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အီရန်နြူလက်နက်ပိုင်ဆိုင်မှုခွင့်မပြု“ ကန် နိုင်ငံခြားရေးဝန်ကြီး


 AIPAC မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken မိန့်ခွန်းပြော၊ ဂျွန် ၅၊ ၂၀၂၃
AIPAC မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken မိန့်ခွန်းပြော၊ ဂျွန် ၅၊ ၂၀၂၃

အီရန်နိုင်ငံဟာ အစ္စရေးအတွက် အကြီးဆုံးခြိမ်းခြောက်မှုဖြစ်သလို၊အီရန်ကို နူကလီယားလက်နက် ထုတ်လုပ်ရရှိခွင့် ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေဝန်ကြီး ဘလင်ကန်က ပြောပါတယ်။ အီရန်အနေနဲ့ သံတမန်ရေးနည်းလမ်းကိုပယ်ချခဲ့ရင် သမ္မတ ဘိုင်ဒင် ရှင်းရှင်းလင်းလင်း ထပ်ခါတလဲ ပြောထားတဲ့အတိုင်း အီရန် နူကလီးယား လက်နက်မရနိုင်အောင် နည်းလမ်းအားလုံး ပြင်ထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကပြောပါတယ်။ အစ္စရေး လိုလားတဲ့ AIPAC အဖွဲ့မှာ မစ္စတာဘလင်ကန် က တနင်္လာနေ့ က မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားသွားခဲ့တာပါ။

အီရန်ရဲ့ နူကလီးယား အစီအစဥ်ကို စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့ အီရန်ရဲ့ ပူးပေါင်းဆောင်ရွက်မှု က အလွန့်ကို နှေးကွေးနေပါတယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ Rafael Grossi ကလည်း တနင်္လာနေ့ မှာပဲ ပြောပါတယ်။ ပိတ်ထားတဲ့ အီရန်နူကလီးယားစက်ရုံ နေရာတွေမှာ ကင်မရာနဲ့ တခြားပစ္စည်းတွေ တပ်ဆင်ပြီးပေမဲ့လည်း အများကြီး လုပ်စရာတွေ လိုပါသေးတယ်လို့ သူကဆိုပါတယ်။

၂၀၁၅ ခုနှစ်က အီရန်နဲ့ နိုင်ငံတကာအကြားယူထားတဲ့ နူကလီယားသဘောတူညီချက်ကို သမ္မတ Trump လက်ထက် အမေရိကန်ဖက်က ရုပ်သိမ်းသွားတဲ့နောက် အီရန်က နူကလီယားစက်ရုံတွေ လည်ပတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီနောက် ပြန်လည်ညှိုနှိုင်းသဘောတူညီမှုအရ ထောက်လှမ်းရေးကင်မရာတွေ ပြန်တပ်ဖို့ အီရန်က မတ်လတုန်းက သဘောတူခဲ့တာပါ။

ဒါပေမယ့်လည်း မတ်လ သဘောတူညီချက်အတိုင်း စောင့်ကြည့်ရေးစနစ်တွေ ပြန်လုပ်ဖို့ နှေးကွေးလွန်းနေတယ် လို့ IAEA အကြီးအကဲက မှတ်ချက်ပြုပါတယ်။ ပြီးခဲ့တဲ့ AFP သတင်းတရပ်မှာတော့ အီရန်ဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ သန့်စင်ပြီးယူရေနီယံတွေ စုဆောင်းမှုတိုးများလာတယ်လို့ IAEA ကတွေ့ရှိထားတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

“အီရန်နြူလက်နက်ပိုင်ဆိုင်မှုခွင့်မပြု“ ကန်နိုင်ငံခြားရေးဝန်ကြီး
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG