သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရေးစံနစ် ပြင်ဆင်ချက်အမှု အစ္စရေးဗဟိုတရားရုံးချုပ် ကြားနာ


Israel Politics
Israel Politics

အစ္စရေး ဗဟိုတရားရုံးချုပ်က ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အစိုးရအဖွဲ့ရဲ့ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အင်္ဂါနေ့က စတင်ကြားနာပါတယ်။ အစ္စရေးနိုင်ငံရဲ့ ထိပ်တန်းတရားရုံးသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရားရုံးချုပ်တရားသူကြီး ၁၅ ဦးစလုံးက အမှုကို ၁၃ နာရီကြာ ကြားနာစစ်ဆေးပါတယ်။

တရားရေးဆိုင်ရာ ပြင်ဆင်ချက်အသစ်မှာ အစိုးရရဲ့ဆုံးဖြတ်ချက်တခုခုကို ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ တရားသူကြီးတွေကယူဆရင် တရားရုံးက ပယ်ချခွင့် အာဏာကိုကန့်သတ်လိုက်တာပါ။ ရွေးကောက်ခံမဟုတ်တဲ့ တရားသူကြီးတွေ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်မှာကိုတားဆီးနိုင်ဖို့ အပြောင်းအလဲလိုအပ်လို့ အခုလို ပြင်ဆင်တာလို့ နေတန်ယာဟု အစိုးရက အကြောင်းပြထားပါတယ်။

ဒါပေမယ့် ဒီအပြောင်းအလဲက အစိုးရရဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကြား အာဏာချိန်ခွင်လျှာညှိဖို့ အဓိက လုပ်ဆောင်နေတဲ့အကာအကွယ်ကို ဖယ်ရှားပစ်လိုက်တာလို့ အတိုက်အခံတွေက ဝေဖန်ပါတယ်။ ဇန်နဝါရီလတုန်းက စတင် တင်သွင်းခဲ့တဲ့ ဒီ အပြောင်းအလဲကြောင့် အစ္စရေးမှာ ဆန္ဒပြပွဲတွေလည်း မကြာခဏ ဖြစ်နေတာပါ။

ဒီကိစ္စက အစ္စရေးလူ့အဖွဲ့အစည်းမှာ သဘောထား ကွဲပြားစေပြီး လက်ယာညွန့်ပေါင်းအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးက ဒီမိုကရေစီကို ခြိမ်းခြောက်တာလို့ ဆန္ဒပြသူတွေက ရှုမြင်ပြီး ထောက်ခံသူတွေကတော့ ဆန္ဒပြသူတွေဟာ လွှတ်တော်ကို အနှောင့်အယှက်ပေးပြီး ရွေးကောက်ခံအစိုးရကို ထိခိုက်စေဖို့ လုပ်ဆောင်နေတာလို့ ပြန်လည် စွပ်စွဲကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG