သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတရားစီရင်ရေးကဏ္ဍ ပြောင်းလဲမယ့် ဥပဒေအတည်ပြု


အစ္စရေးလွှတ်တော်မှာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ့် ဥပဒေကြမ်းကို အတည်ပြုနေချိန် (ဇူလိုင် ၂၄၊ ၂၀၂၃)
အစ္စရေးလွှတ်တော်မှာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ့် ဥပဒေကြမ်းကို အတည်ပြုနေချိန် (ဇူလိုင် ၂၄၊ ၂၀၂၃)

အစ္စရေးနိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ မကြုံဖူးလောက်အောင် ကြီးမားတဲ့ အကွဲအပြဲတွေကို ဖော်ထုတ်ပြသတဲ့ ဆန္ဒပြမှုတွေဖြစ်နေချိန်မှာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ့် ဥပဒေကြမ်းကိုတခုကို အစ္စရေးလွှတ်တော်အမတ်တွေက ဒီနေ့ပဲ အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေမူကြမ်းနဲ့ ပတ်သတ်ပြီး လွှတ်တော်မှာဆွေးနွေးကြတော့ တော်တော်အခြေအတင် ဖြစ်ခဲ့ပြီးနောက် အတိုက်အခံတွေက ဒါဟာ ရှက်စရာပဲလို့ပြောပြီး ဒေါသတကြီး ထွက်သွားခဲ့ကြပါတယ်။

အစ္စရေးနိုင်ငံ ဂျေရုစလင်မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ သူရဲ့ သူ့ရဲ့လက်ယာစွန်းညွန့်ပေါင်းအစိုးရကို ဆန္ဒပြနေကြသူများ (ဇူလိုင် ၂၄၊ ၂၀၂၃)
အစ္စရေးနိုင်ငံ ဂျေရုစလင်မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ သူရဲ့ သူ့ရဲ့လက်ယာစွန်းညွန့်ပေါင်းအစိုးရကို ဆန္ဒပြနေကြသူများ (ဇူလိုင် ၂၄၊ ၂၀၂၃)

ဒီတရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမယ့် အဆိုပြုချက်ကြောင့် အစ္စရေးနိုင်ငံမှာ လူထုအုံကြွတဲ့ ဆန္ဒပြပွဲတွေဟာ လနဲ့ချီပြီး ပေါ်ပေါက်နေခဲ့တာပါ။ ဝန်ကြီးချုပ် Netanyahu နဲ့ သူ့ရဲ့ မဟာမိတ်တွေကတော့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမယ့် ဥပဒေဟာ ရွေးကောက်ခံ မဟုတ်တဲ့ တရားသူကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ဖို့အတွက် လိုအပ်တယ်လို့ပြောဆိုပါတယ်။ ကန့်ကွက်သူတွေကတော့ အုပ်ချုပ်ရေးအာဏာကို ထိန်းချုပ်တဲ့ စနစ်ကို ပျက်ပြားသွားစေနိုင်ပြီး တိုင်းပြည်ကို အာဏာရှင်စနစ်ဆီ တွန်းပို့သလို ဖြစ်သွားလိမ့်မယ်လို့ ပြောဆိုပါတယ်။

အခုဆုံးဖြတ်ချက်ထွက်လာတော့ အခုလို Netanyahu နဲ့ သူ့ရဲ့လက်ယာစွန်းမဟာမိတ်တွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အမေရိကန်ကလည်း စိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။ တရားစီရင်ရေးအာဏာကို ချုပ်ကိုင်ဖို့ရည်ရွယ်ပြီး ပြုပြင်ပြောင်းလဲမယ့် တရားစီရင်ရေးမှာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို စိန်ခေါ်နိုင်စွမ်းကို ကန့်သတ်တာအပြင်၊ တရားသူကြီးတွေကို ရွေးချယ်တဲ့ပုံစံကိုလည်း ပြောင်းလဲထားပါတယ်။

အစ္စရေးတရားစီရင်ရေးကဏ္ဍ ပြောင်းလဲမယ့် ဥပဒေအတည်ပြု
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG