=== [[ ZAWGYI ]] ===
အီရန္ျပႆနာစိုးရိမ္မႈ အစၥေရးေရာက္ ကန္ကာကြယ္ေရးဝန္ႀကီးေျပာဆို
အစၥေရးကို သြားေရာက္ခဲ့တဲ့ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ၾကာသပေတးေန႔ အစၥေရး ကာကြယ္ေရးဝန္ႀကီး Yoav Galant နဲ႔အတူ ပူးတြဲ သတင္းစာရွင္းလင္းပြဲ က်င္းပရာမွာ ေဒသတြင္းျပႆနာေတြနဲ႔ အတူ အီရန္ျပႆနာကို စိုးရိမ္စိတ္ပူမိေၾကာင္း ေျပာၾကားခဲ့ပါတယ္။
"အီရန္ဟာ ေဒသတြင္း တည္ၿငိမ္မႈမရွိေအာင္ အဓိက လုပ္ေဆာင္ေနဆဲျဖစ္ၿပီး အီရန္ရဲ႕ အၾကမ္းဖက္ဝါဒ ေထာက္ခံပံ့ပိုးမႈေတြနဲ႔အတူ အႏၲရာယ္ႀကီးတဲ့ လုပ္ရပ္ေတြ၊ န်ဴကလီယား၊ ဆိုင္ဘာၿခိမ္းေျခာက္မႈ၊ ဒ႐ုန္းနဲ႔တိုက္ခိုက္မႈနဲ႔ လက္နက္ ျပန႔္ပြါးေအာင္ လုပ္ေဆာင္ေနမႈေတြအတြက္ က်ေနာ္တို႔ကလည္း အထူးစိုးရိမ္ဆဲ ျဖစ္ပါတယ္"လို႔ ဝန္ႀကီး Austin က ေျပာပါတယ္။
ဒါ့အျပင္ အစၥေရးေတြ သိမ္းပိုက္ထားတဲ့ အေနာက္ဖက္ကမ္းေဒသတြင္း တင္းမာမႈေတြ ႀကီးထြားလာေနတာကို စိတ္ပူေၾကာင္းနဲ႔ ဒါဟာ အီရန္ကို တန္ျပန္ဖို႔ ႀကိဳးစားေနတဲ့ မဟာမိတ္ေတြကို အာ႐ုံမစိုက္ႏိုင္ပဲ ျဖစ္လာေစႏိုင္ေၾကာင္းလည္း သတိေပးခဲ့ပါတယ္။
ေဒသတြင္းခရီးစဥ္ လာေရာက္တဲ့ အေမရိကန္ကာကြယ္ေရးဝန္ႀကီးရဲ႕ ေလယာဥ္ Ben Gurion ေလဆိပ္ကိုေရာက္လာခ်ိန္မွာပဲ အစၥေရးမွာ ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu ရဲ႕ တရားေရးဆိုင္ရာ အေျပာင္းအလဲလုပ္မယ့္ ကိစၥကို လမ္းေပၚထြက္ ဆႏၵျပမွႈေတြ တိုးလာတာေၾကာင့္ မူလ အစီအစဥ္ေတြကို အျမန္ေျပာင္းပစ္ခဲ့ရတာပါ။ မူလက ဗုဒၶဟူးေန႔မွာ လာေရာက္ၿပီး Tel Aviv မွာ ညအိပ္ဖို႔ ျဖစ္ပါတယ္။ မၾကာေသးခင္ကပဲ တည္ၿငိမ္မႈမရွိတဲ့ အေနာက္ဘက္ကမ္းေဒသမွာ အစၥလမ္မစ္ ဂ်ီဟတ္ ေသနတ္သမား ၃ ဦးကို အစၥေရးတပ္ေတြက ပစ္သတ္မႈ ျဖစ္ပြါးခဲ့ပါတယ္။
အေမရိကန္ကာကြယ္ေရးဌာန အရာရွိ တဦးကေတာ့ ဝန္ႀကီး Austin ဟာ အေနာက္ဖက္ကမ္း အေရးကိုေရာ အီရန္ အေရးကိုပါ ေသေသခ်ာခ်ာ ေျပာဆိုႏိုင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ အေနာက္ဖက္ကမ္းေဒသကို အစၥေရးေတြ သိမ္းပိုက္တာဟာ လက္ရွိ အီရန္ရဲ႕ မဟာဗ်ဴဟာက် ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔ မဟာမိတ္ေတြ အာ႐ုံစိုက္ လုပ္ေဆာင္ေနမႈေတြကို ေထြျပားေစတယ္လို႔လည္း ေျပာပါတယ္။
=== {{ UNICODE }} ===
အီရန်ပြဿနာစိုးရိမ်မှု အစ္စရေးရောက် ကန်ကာကွယ်ရေးဝန်ကြီးပြောဆို
အစ္စရေးကို သွားရောက်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြာသပတေးနေ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Galant နဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ ဒေသတွင်းပြဿနာတွေနဲ့ အတူ အီရန်ပြဿနာကို စိုးရိမ်စိတ်ပူမိကြောင်း ပြောကြားခဲ့ပါတယ်။
"အီရန်ဟာ ဒေသတွင်း တည်ငြိမ်မှုမရှိအောင် အဓိက လုပ်ဆောင်နေဆဲဖြစ်ပြီး အီရန်ရဲ့ အကြမ်းဖက်ဝါဒ ထောက်ခံပံ့ပိုးမှုတွေနဲ့အတူ အန္တရာယ်ကြီးတဲ့ လုပ်ရပ်တွေ၊ နျူကလီယား၊ ဆိုင်ဘာခြိမ်းခြောက်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုနဲ့ လက်နက် ပြန့်ပွါးအောင် လုပ်ဆောင်နေမှုတွေအတွက် ကျနော်တို့ကလည်း အထူးစိုးရိမ်ဆဲ ဖြစ်ပါတယ်"လို့ ဝန်ကြီး Austin က ပြောပါတယ်။
ဒါ့အပြင် အစ္စရေးတွေ သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းဒေသတွင်း တင်းမာမှုတွေ ကြီးထွားလာနေတာကို စိတ်ပူကြောင်းနဲ့ ဒါဟာ အီရန်ကို တန်ပြန်ဖို့ ကြိုးစားနေတဲ့ မဟာမိတ်တွေကို အာရုံမစိုက်နိုင်ပဲ ဖြစ်လာစေနိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
ဒေသတွင်းခရီးစဉ် လာရောက်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ လေယာဉ် Ben Gurion လေဆိပ်ကိုရောက်လာချိန်မှာပဲ အစ္စရေးမှာ ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ တရားရေးဆိုင်ရာ အပြောင်းအလဲလုပ်မယ့် ကိစ္စကို လမ်းပေါ်ထွက် ဆန္ဒပြမှှုတွေ တိုးလာတာကြောင့် မူလ အစီအစဉ်တွေကို အမြန်ပြောင်းပစ်ခဲ့ရတာပါ။ မူလက ဗုဒ္ဓဟူးနေ့မှာ လာရောက်ပြီး Tel Aviv မှာ ညအိပ်ဖို့ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ တည်ငြိမ်မှုမရှိတဲ့ အနောက်ဘက်ကမ်းဒေသမှာ အစ္စလမ်မစ် ဂျီဟတ် သေနတ်သမား ၃ ဦးကို အစ္စရေးတပ်တွေက ပစ်သတ်မှု ဖြစ်ပွါးခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဌာန အရာရှိ တဦးကတော့ ဝန်ကြီး Austin ဟာ အနောက်ဖက်ကမ်း အရေးကိုရော အီရန် အရေးကိုပါ သေသေချာချာ ပြောဆိုနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် အနောက်ဖက်ကမ်းဒေသကို အစ္စရေးတွေ သိမ်းပိုက်တာဟာ လက်ရှိ အီရန်ရဲ့ မဟာဗျူဟာကျ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ မဟာမိတ်တွေ အာရုံစိုက် လုပ်ဆောင်နေမှုတွေကို ထွေပြားစေတယ်လို့လည်း ပြောပါတယ်။