လူ႔အခြင့္အေရးအေပၚ ေလးစားတာ ဆုတ္ယုတ္လာေနတယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ဒီေန႔ တနလၤာေန႔ မွာ သတိေပးလိုက္ပါတယ္။ လက္မွတ္ထိုးခဲ့ၾကၿပီး ၇၅ ႏွစ္ အၾကာမွာ ကမာၻ႔လူ႔အခြင့္အေရး ေၾကညာစာတမ္းကို ျပန္လည္ ဆန္းသစ္ၾကဖို႔လည္း သူက ေဆာ္ၾသလိုက္ပါတယ္။
သမိုင္းရဲ႕ အမွန္တရားဘက္မွာ ရပ္တည္ရမယ့္ အခ်ိန္ေရာက္ေနၿပီျဖစ္တဲ့အေၾကာင္း၊ လူတိုင္းရဲ႕ လူ႔အခြင့္အေရးအတြက္ ရပ္တည္ရမယ့္ အခ်ိန္ျဖစ္ၿပီး ဒီေန႔နဲ႔ မနက္ျဖန္ စိန္ေခၚအကဲစမ္းမႈေတြၾကား ပဋိညာဥ္စာတမ္းကို ျပန္အသက္သြင္းၿပီး မျဖစ္မေန အေကင္အထည္ေဖၚႏိုင္ေအာင္ လုပ္ရပါမယ္လို႔ ကုလအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေျပာဆိုပါတယ္။
ယူကရိန္းစစ္ပြဲအျပင္ ဆင္းရဲငတ္မြတ္မႈနဲ႔ ဥတုရာသီေဘးအႏၲရာယ္ ပိုမ်ားလာတာနဲ႔အမွ်၊ လူ႔အခြင့္အေရး အေပၚ ၿခိမ္းေျခာက္မႈေတြ ႀကီးမားလာတာေၾကာင့္ ကမာၻ႔လူ႔အခြင့္အေရး ေၾကညာခ်က္ဟာ အႀကီးအက်ယ္ ထိပါးခံေနရတယ္လို႔ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ေျပာပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ႏွစ္စဥ္ ညီလာခံ ဖြင့္ပြဲ ကို ဒီကေန႔ က်င္းပရာမွာ သူက အခုလို ေျပာဆိုလိုက္တာပါ။
ယူကရိန္းစစ္ပြဲ ဟာ လူ႔အခြင့္အေရးအေပၚ အႀကီးအက်ယ္ ခ်ိဳးေဖာက္ဖို႔ အစပ်ိဳးေပးလိုက္တာကို ဒီကေန႔ မ်က္ျမင္ေတြ႕ေနရတယ္လို႔ သူက ဆိုပါတယ္။ ကမာၻတဝန္း လူ႔အခြင့္အေရး ကို မ်က္ကြယ္ျပဳ အထင္ေသး ခ်ိဳးေဖာက္လာၾကတာေၾကာင့္ ဒါဟာ ႏိုးထၾကဖို႔ ႏႈိးေဆာ္လိုက္တာလည္း ျဖစ္တယ္လို႔ Antonio Guterres က ျမင္ပါတယ္။ ၿပီးခဲ့တဲ့ ရာစုမွာ လူ႔အခြင့္အေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈက အလြန္အံ့ၾသေလာက္စရာ တိုးတက္ခဲ့ေပမယ့္ ဆက္လက္ တိုးတက္ရမယ့္အစား ေနာက္ေၾကာင္းျပန္လွည့္သြားေနတယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က သတိေပးလိုက္ပါတယ္။ အတိတ္က ဖိႏွိပ္မႈေတြဟာ အမ်ိဳးမ်ိဳး ေယာင္ျပဖုံးကြယ္ၿပီး ျပန္လာႏိုင္တယ္လို႔လည္း သူက ဆိုပါတယ္။
လူ႔အခြင့္အေရး ေကာင္စီအစည္းအေဝးမွာ တိုင္းျပည္ေခါင္းေဆာင္ေတြနဲ႔ ဝန္ႀကီး အေယာက္ ၁၅၀ ေလာက္က မိန႔္ခြန္းေျပာၾကမွာပါ။ အေမရိကန္၊ တ႐ုတ္၊ ယူကရိန္းနဲ႔ အီရန္ ႏိုင္ငံတို႔လည္း အဲဒီအထဲမွာ ပါဝင္ၾကပါတယ္။ ႐ုရွားဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Sergey Ryabkov က ၾကာသပေတးေန႔ မွာ စကားေျပာဖို႔ အစီအစဥ္ ရွိပါတယ္။
[Unicode]
လူ့အခွင့်အရေးကြေညာစာတမ်း ပြန်လည်ဆန်းသစ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
လူ့အခွင့်အရေးအပေါ် လေးစားတာ ဆုတ်ယုတ်လာနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဒီနေ့ တနင်္လာနေ့ မှာ သတိပေးလိုက်ပါတယ်။ လက်မှတ်ထိုးခဲ့ကြပြီး ၇၅ နှစ် အကြာမှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြန်လည် ဆန်းသစ်ကြဖို့လည်း သူက ဆော်သြလိုက်ပါတယ်။
သမိုင်းရဲ့ အမှန်တရားဘက်မှာ ရပ်တည်ရမယ့် အချိန်ရောက်နေပြီဖြစ်တဲ့အကြောင်း၊ လူတိုင်းရဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်ရမယ့် အချိန်ဖြစ်ပြီး ဒီနေ့နဲ့ မနက်ဖြန် စိန်ခေါ်အကဲစမ်းမှုတွေကြား ပဋိညာဉ်စာတမ်းကို ပြန်အသက်သွင်းပြီး မဖြစ်မနေ အကေင်အထည်ဖေါ်နိုင်အောင် လုပ်ရပါမယ်လို့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres က ပြောဆိုပါတယ်။
ယူကရိန်းစစ်ပွဲအပြင် ဆင်းရဲငတ်မွတ်မှုနဲ့ ဥတုရာသီဘေးအန္တရာယ် ပိုများလာတာနဲ့အမျှ၊ လူ့အခွင့်အရေး အပေါ် ခြိမ်းခြောက်မှုတွေ ကြီးမားလာတာကြောင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာချက်ဟာ အကြီးအကျယ် ထိပါးခံနေရတယ်လို့ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်စဉ် ညီလာခံ ဖွင့်ပွဲ ကို ဒီကနေ့ ကျင်းပရာမှာ သူက အခုလို ပြောဆိုလိုက်တာပါ။
ယူကရိန်းစစ်ပွဲ ဟာ လူ့အခွင့်အရေးအပေါ် အကြီးအကျယ် ချိုးဖောက်ဖို့ အစပျိုးပေးလိုက်တာကို ဒီကနေ့ မျက်မြင်တွေ့နေရတယ်လို့ သူက ဆိုပါတယ်။ ကမ္ဘာတဝန်း လူ့အခွင့်အရေး ကို မျက်ကွယ်ပြု အထင်သေး ချိုးဖောက်လာကြတာကြောင့် ဒါဟာ နိုးထကြဖို့ နှိုးဆော်လိုက်တာလည်း ဖြစ်တယ်လို့ Antonio Guterres က မြင်ပါတယ်။ ပြီးခဲ့တဲ့ ရာစုမှာ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုက အလွန်အံ့သြလောက်စရာ တိုးတက်ခဲ့ပေမယ့် ဆက်လက် တိုးတက်ရမယ့်အစား နောက်ကြောင်းပြန်လှည့်သွားနေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။ အတိတ်က ဖိနှိပ်မှုတွေဟာ အမျိုးမျိုး ယောင်ပြဖုံးကွယ်ပြီး ပြန်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ တိုင်းပြည်ခေါင်းဆောင်တွေနဲ့ ဝန်ကြီး အယောက် ၁၅၀ လောက်က မိန့်ခွန်းပြောကြမှာပါ။ အမေရိကန်၊ တရုတ်၊ ယူကရိန်း နဲ့ အီရန် နိုင်ငံတို့လည်း အဲဒီအထဲမှာ ပါဝင်ကြပါတယ်။ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ကြာသပတေးနေ့ မှာ စကားပြောဖို့ အစီအစဉ် ရှိပါတယ်။