သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေပၚ ႐ုရွားက်ဳးေက်ာ္မႈရပ္ဖုိ႔ ကုလအေထြေထြညီလာခံ မဲခဲြဆုံးျဖတ္


U.N. General Assembly holds high-level meeting on adoption of a resolution on Ukraine, in New York

=== [[ ZAWGYI ]] ===

ယူကရိန္းအေပၚ ႐ုရွားက်ဳးေက်ာ္မႈရပ္ဖုိ႔ ကုလအေထြေထြညီလာခံ မဲခဲြဆုံးျဖတ္

႐ုရွားအေနနဲ႔ ယူကရိန္းကို ရန္လိုမႈေတြ အဆံုးသတ္ဖို႔နဲ႔ ယူကရိန္းမွာရွိတဲ့ သူ႔တပ္ေတြ ျပန္႐ုပ္သိမ္းဖို႔ ကုလသမဂၢ အေထြေထြညီလာခံကေန ၾကာသပေတးေန႔မွာ ဆံုးျဖတ္ခ်က္တရပ္ကို မဲခြဲအတည္ျပဳလိုက္ပါတယ္။ မျဖစ္မေန လုိက္နာစရာ မလုိတဲ့ ဆံုးျဖတ္ခ်က္ျဖစ္ေပမယ့္ ယူကရိန္းကို ႐ုရွား ဝင္ေရာက္က်ဴးေက်ာ္တာ တႏွစ္မျပည့္ခင္ တရက္အလို ေဖေဖၚဝါရီ ၂၃ မွာ ႐ုရွားဘက္က ရန္လိုမႈေတြ အဆံုးသတ္ဖို႔ ကုလသမဂၢက ျပင္းထန္တဲ့ သတင္းစကား ပါးလိုက္တာလည္း ျဖစ္ပါတယ္။

“ မဲခြဲရာမွာ ေထာက္ခံမဲ ၁၄၁ မဲ၊ ကန္႔ကြက္မဲ ၇ မဲ နဲ႔ ၾကားေနမဲ ၃၂ မဲ ရတဲ့အတြက္ ဆုံးျဖတ္ခ်က္ကို အတည္ျပဳလိုက္ပါၿပီ” လို႔ ညီလာခံဥကၠဌ ျဖစ္တဲ့ Csaba Korosi က ေျပာသြားတာပါ။

“ယူကရိန္းမွာ ျပည့္ဝမႈ တရားမွ်တမႈနဲ႔ ေရရွည္ၿငိမ္းခ်မ္းမႈရေရးအတြက္ အထူးျပဳခ်မွတ္တဲ့ ကုလသမဂၢရဲ႕ သေဘာတူညီခ်က္ မူဝါဒမ်ား” ဆိုင္ရာ မူၾကမ္းကို ကုလသမဂၢ အေထြေထြညီလာခံက ၾကာသပေတးေန႔မွာ မဲခြဲဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အိမ္နီးခ်င္းႏိုင္ငံငယ္တခု ျဖစ္တဲ့ ယူကရိန္းကို ႐ုရွားတပ္ေတြက ေဖေဖၚဝါရီ ၂၄ မွာ နယ္စပ္ေက်ာ္ျဖတ္ ဝင္ေရာက္ခဲ့ခ်ိန္ကစၿပီး ဒါဟာ အဖြဲ႔ဝင္ ၁၉၃ ႏိုင္ငံပါဝင္တဲ့ ကုလသမဂၢကခ်မွတ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ ၅ ခုမွာ မဲအမ်ားဆံုးနဲ႔ အတည္ျပဳႏိုင္ခဲ့တဲ့ ဆံုးျဖတ္ခ်က္လည္း ျဖစ္ပါတယ္။ ကုလ လံုျခံဳေရးေကာင္စီမွာ ႐ုရွားက ဗီတိုအာဏာသံုးပယ္ခ်ႏိုင္တာေၾကာင့္ အခု အေထြေထြညီလာခံက ဦးေဆာင္ၿပီး မဲခြဲဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဒီဆံုးျဖတ္ခ်က္ဟာ မျဖစ္မေန လိုက္နာစရာ မလိုေပမယ့္ ဒါဟာ ကမာၻ႔ႏိုင္ငံေတြရဲ႕ အျမင္ကို ထင္ဟပ္ေစတဲ့ ဆံုးျဖတ္ခ်က္လည္း ျဖစ္ပါတယ္။

တႏွစ္ၾကာျမင့္လာၿပီျဖစ္တဲ့ ယူကရိန္းစစ္ပြဲေၾကာင့္ ႏွစ္ဖက္ေသဆံုးမႈ ေသာင္းနဲ႔ ခ်ီရွိေနသလို ၿမိဳ႕လံုးကၽြတ္ ပ်က္စီးရတဲ့ ၿမိဳ႕ေတြနဲ႔ အတူ ကမာၻတလႊား စားနပ္ရိကၡာ ေစ်းေတြ ျမင့္တက္လာၿပီး ေငြေဖါင္းပြမႈတိုးလာခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ယူကရိန်းအပေါ် ရုရှားကျုးကျော်မှုရပ်ဖို့ ကုလအထွေထွေညီလာခံ မဲခွဲဆုံးဖြတ်

ရုရှားအနေနဲ့ ယူကရိန်းကို ရန်လိုမှုတွေ အဆုံးသတ်ဖို့နဲ့ ယူကရိန်းမှာရှိတဲ့ သူ့တပ်တွေ ပြန်ရုပ်သိမ်းဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ကြာသပတေးနေ့မှာ ဆုံးဖြတ်ချက်တရပ်ကို မဲခွဲအတည်ပြုလိုက်ပါတယ်။ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်တာ တနှစ်မပြည့်ခင် တရက်အလို ဖေဖေါ်ဝါရီ ၂၃ မှာ ရုရှားဘက်က ရန်လိုမှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂက ပြင်းထန်တဲ့ သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။

“ မဲခွဲရာမှာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ရ မဲ နဲ့ ကြားနေမဲ ၃၂ မဲ ရတဲ့အတွက် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါပြီ” လို့ ညီလာခံဥက္ကဌ ဖြစ်တဲ့ Csaba Korosi က ပြောသွားတာပါ။

“ယူကရိန်းမှာ ပြည့်ဝမှု တရားမျှတမှုနဲ့ ရေရှည်ငြိမ်းချမ်းမှုရရေးအတွက် အထူးပြုချမှတ်တဲ့ ကုလသမဂ္ဂရဲ့ သဘောတူညီချက် မူဝါဒများ” ဆိုင်ရာ မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံငယ်တခု ဖြစ်တဲ့ ယူကရိန်းကို ရုရှားတပ်တွေက ဖေဖေါ်ဝါရီ ၂၄ မှာ နယ်စပ်ကျော်ဖြတ် ဝင်ရောက်ခဲ့ချိန်ကစပြီး ဒါဟာ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၅ ခုမှာ မဲအများဆုံးနဲ့ အတည်ပြုနိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ကုလ လုံခြုံရေးကောင်စီမှာ ရုရှားက ဗီတိုအာဏာသုံးပယ်ချနိုင်တာကြောင့် အခု အထွေထွေညီလာခံက ဦးဆောင်ပြီး မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေ လိုက်နာစရာ မလိုပေမယ့် ဒါဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ကို ထင်ဟပ်စေတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

တနှစ်ကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲကြောင့် နှစ်ဖက်သေဆုံးမှု သောင်းနဲ့ ချီရှိနေသလို မြို့လုံးကျွတ် ပျက်စီးရတဲ့ မြို့တွေနဲ့ အတူ ကမ္ဘာတလွှား စားနပ်ရိက္ခာ စျေးတွေ မြင့်တက်လာပြီး ငွေဖေါင်းပွမှုတိုးလာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG