သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ လူ႔အခြင့္အေရးညီလာခံကို ႐ု႐ွားနဲ႔ အီရန္က ထိပ္တန္းကိုယ္စားလွယ္ေတြ ေစလႊတ္


UN-RIGHTS/

တနလၤာေန႔မွာ စတင္က်င္းပေတာ့မယ့္ ၅၂ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံအတြက္ ႐ု႐ွားနဲ႔ အီရန္ႏိုင္ငံေတြက သူတို႔ရဲ႕ ထိပ္တန္းကိုယ္စားလွယ္ေတြကို ေစလႊတ္ထားပါတယ္။

ညီလာခံဖြင့္ပြဲအတြက္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကိုယ္တိုင္ အဖြင့္မိန္႔ခြန္း ေျပာၾကားဖို႔ ႐ွိပါတယ္။ ဒါအျပင္ Congo, Montenegro နဲ႔ Colombia ႏိုင္ငံသုံးႏိုင္ငံက သမၼတေတြလည္း တက္ေရာက္မွာ ျဖစ္သလို၊ ျပင္သစ္၊ ဂ်ာမနီ၊ ႐ု႐ွားနဲ႔ အီရန္ႏိုင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း ညီလာခံဖြင့္ပြဲေန႔ကို တက္ေရာက္ဖို႔ ႐ွိေနပါတယ္။

သီတင္းပတ္ (၅) ပတ္ ၾကာျမင့္မယ့္ လူ႔အခြင့္အေရးေကာင္စီ ညီလာခံအတြင္း ကမၻာ့ထိပ္တန္းအေရး ျဖစ္ေနတဲ့ ယူကရိန္းစစ္ပြဲ၊ ႐ု႐ွားနဲ႔ ဘီလာ႐ုစ္ႏိုင္ငံေတြမွာ အစိုးရဆန္႔က်င္သူေတြအေပၚ ဖိႏွိပ္မႈေတြကို ေဆြးေႏြးၾကဖို႔ ႐ွိေနပါတယ္။ ဒါ့အျပင္ ပါလက္စတိုင္းနဲ႔ အစၥေရးတို႔ၾကား အသစ္ျဖစ္လာတဲ့ အၾကမ္းဖက္ ပဋိပကၡအေရးလည္း ဒီႏွစ္ညီလာခံမွာ အဓိကေဆြးေႏြးဖို႔ ႐ွိေနပါတယ္။

အလားတူ အီသီယိုးပီးယားႏိုင္ငံ Tigray ေဒသမွာ ႐ွိေနတဲ့ သူပုန္ေတြနဲ႔ အစိုးရၾကား ႏွစ္ႏွစ္ၾကာ႐ွိေနတဲ့ ပဋိပကၡေတြကို ခ်ဳပ္ၿငိမ္းေစခဲ့တဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြ ခိုင္မာေစေရး ႀကိဳးပမ္းမႈေတြနဲ႔အတူ ျမန္မာ့အေရးအပါအဝင္ ကမၻာတဝွမ္း လူ႔အခြင့္အေရးအေျခအေနေတြကို အဖြဲ႔ဝင္ ၄၇ ႏိုင္ငံက သုံးသပ္ေဆြးေႏြးၾကမွာျဖစ္ပါတယ္။

==== Unicode ====

တနင်္လာနေ့မှာ စတင်ကျင်းပတော့မယ့် ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံအတွက် ရုရှားနဲ့ အီရန်နိုင်ငံတွေက သူတို့ရဲ့ ထိပ်တန်းကိုယ်စားလှယ်တွေကို စေလွှတ်ထားပါတယ်။

ညီလာခံဖွင့်ပွဲအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကိုယ်တိုင် အဖွင့်မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။ ဒါအပြင် Congo, Montenegro နဲ့ Colombia နိုင်ငံသုံးနိုင်ငံက သမ္မတတွေလည်း တက်ရောက်မှာ ဖြစ်သလို၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ အီရန်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း ညီလာခံဖွင့်ပွဲနေ့ကို တက်ရောက်ဖို့ ရှိနေပါတယ်။

သီတင်းပတ် (၅) ပတ် ကြာမြင့်မယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်း ကမ္ဘာ့ထိပ်တန်းအရေး ဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲ၊ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေမှာ အစိုးရဆန့်ကျင်သူတွေအပေါ် ဖိနှိပ်မှုတွေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းနဲ့ အစ္စရေးတို့ကြား အသစ်ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခအရေးလည်း ဒီနှစ်ညီလာခံမှာ အဓိကဆွေးနွေးဖို့ ရှိနေပါတယ်။

အလားတူ အီသီယိုးပီးယားနိုင်ငံ Tigray ဒေသမှာ ရှိနေတဲ့ သူပုန်တွေနဲ့ အစိုးရကြား နှစ်နှစ်ကြာရှိနေတဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းစေခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ခိုင်မာစေရေး ကြိုးပမ်းမှုတွေနဲ့အတူ မြန်မာ့အရေးအပါအဝင် ကမ္ဘာတဝှမ်း လူ့အခွင့်အရေးအခြေအနေတွေကို အဖွဲ့ဝင် ၄၇ နိုင်ငံက သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။

XS
SM
MD
LG