သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယားအရေး အမြန်အဖြေရှာဖို့ တရုတ်သမ္မတ တိုက်တွန်း 


တရုတ်နိုင်ငံကိုရောက်နေတဲ့ အီရန်သမ္မတနဲ့ Ebrahim Raisi  နဲ့ တရုတ်သမ္မတ Xi Jinping (ဖေဖော်ဝါရီ ၁၄၊ ၃၀၂၃)
တရုတ်နိုင်ငံကိုရောက်နေတဲ့ အီရန်သမ္မတနဲ့ Ebrahim Raisi  နဲ့ တရုတ်သမ္မတ Xi Jinping (ဖေဖော်ဝါရီ ၁၄၊ ၃၀၂၃)

[[Zawgyi/Unicode]]

အီရန်နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အခြာအာဏာဆိုင်ရာဆောင်ရွက်ချက်တွေကို ထောက်ခံပြောဆိုခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်က အီရန်နျူကလီယားအရေးကိစ္စကို သင့်လျော်စွာ အမြန်ဆုံးအဖြေရှာဖို့ အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ကြောင်း တရုတ်အစိုးရပိုင်သတင်းကဖော်ပြပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးမပြေမလည်ဖြစ်နေချိန်မှာ တရုတ်နိုင်ငံကို ၃ ရက်တာခရီးစဉ်နဲ့ အီရန်သမ္မတ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိလာတာပါ။ အီရန်နျူကလီယားအစီအစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေပြန်စတင်နိုင်အောင် တရုတ်က အပြုသဘောဆောင် ပါဝင်ဆောင်ရွက်သွားမယ်လို့ အီရန်သမ္မတ Ebrahim Raisi နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံချိန်အတွင်း တရုတ်သမ္မတ ရှီက ပြောဆိုခဲ့ပါတယ်။ ၂၀၁၅ အီရန်နျူကလီယားသဘောတူညီချက်အရ လက်နက် အဖြစ်ထုတ်လုပ်လို့မရအောင် ယူရေနီယံသန့်စင်မှုကို ကန့်သတ်ထိန်းချုပ်ထားပြီး အပြန်အလှန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းပေးဖို့ ဖြစ်ပါတယ်။

အီရန်ကတော့ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ နျူကလီယားစွမ်းအင်တွေ ဆက်ထုတ်နေတာပါလို့ပြောပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ် အမေရိကန်သမ္မတ Donald Trump လက်ထက်မှာ အီရန်ဘက်က နျူကလီယားအစီအစဉ်တွေ မရပ်တဲ့အတွက်ဆိုပြီး သဘောတူညီမှုကနေ နုတ်ထွက်ပြီး ဒဏ်ခတ်မှုတွေပြန်လည်ချမှတ်ခဲ့တာပါ။

အမေရိကန်ရဲ့လုပ်ရပ်ကို တရုတ်က ဝေဖန်ပြစ်တင်ခဲ့ပြီး အီရန်နျူကလီယားသဘောတူညီမှုပြန်စနိုင်အောင် အမေရိကန်ကအရင် စတင် လှုပ်ရှားသင့်တယ်လို့လည်းပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း အီရန်ရေနံတင်ပို့မှုမှာပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို အမေရိကန်က ပြစ်ဒဏ်ချမှတ်ခဲ့တာမှာ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီ ၅ ခုလည်းပါဝင်ပါတယ်။

အမေရိကန်ကတော့ အီရန်နျူကလီယားအစီအစဉ်တွေ မရပ်သမျှ အီရန်ရဲ့ ရေနံနဲ့ ရေနံဓာတုရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG