သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် တော်လှန်ရေးပြည်စောင့်တပ်ကို အကြမ်းဖက်အဖွဲ့သတ်မှတ်ဖို့ ဥရောပသမဂ္ဂ စဉ်းစားနေ


(IRGC) အီရန်တော်လှန်ရေးပြည်စောင့်တပ်ဖွဲ့ဝင်များ 
(IRGC) အီရန်တော်လှန်ရေးပြည်စောင့်တပ်ဖွဲ့ဝင်များ 

[[Zawgyi/Unicode]]

အီရန်နိုင်ငံက တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ ဂျာမနီနဲ့ အီးယူ ဥရောပသမဂ္ဂတို့က စဉ်းစားနေကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalina Baerbock က ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မှာ ပြောပါတယ်။

အီရန်နိုင်ငံအပေါ် ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်သွားမယ်လို့ အီးယူရဲ့ပိတ်ဆို့ ဒဏ်ခတ်မှုဆိုင်ရာ စာမျက်နှာမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြထားပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဘယ်လိုသတ်မှတ်လို့ရနိုင်မလဲဆိုတဲ့နည်းလမ်းကို သူတို့အနေနဲ့ ရှာဖွေနေတဲ့အကြောင်း ဂျာမန်သတင်းဌာနတခုနဲ့ပြုလုပ်တဲ့ မေးမြန်းခန်းမှာ နိုင်ငံခြားရေးဝန်ကြီး Baerbock က ပြောပါတယ်။

အီရန်မှာ ဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ အရှိန်မြင့်လုပ်ဆောင်တော့မယ်ဆိုတဲ့သဘောနဲ့ စနေနေ့ဟာ သူတို့ရဲ့ နောက်ဆုံးဆန္ဒပြခွင့်ရခြင်းပဲလို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲ Hossein Salami က ပြောကြားလိုက်ပြီးတဲ့နောက်မှာ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုထွက်ပေါ်လာတာပါ။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ စစ်တပ်ရဲ့အစိတ်အပိုင်းတခုဖြစ်ပြီး နိုင်ငံရဲ့ အစ္စလာမ်မစ်နိုင်ငံရေးစံနစ်ကို ကာကွယ်ပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ တိုင်းပြည်အတွင်း ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဖြစ် တည်ရှိနေပြီး စီးပွားလုပ်ငန်းအားလုံးတိုင်းလိုလိုမှာ ပါဝင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







XS
SM
MD
LG