သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယားအေရး ေဆြးေႏြးဖို႔ IAEA အႀကီးအကဲ အီရန္ေရာက္


A picture from Iran's Atomic Energy Organization shows Iranian Atomic Organization spokesman Behrouz Kamalvandi, right, with International Atomic Energy Agency head Rafael Grossi in Tehran, March 3, 2023. AFP PHOTO/Atomic Energy Organization of Iran

အီရန္ႏိုင္ငံမွာ ႏ်ဴကလီးယား လက္နက္လုပ္ႏိုင္တဲ့ အဆင့္နီးပါး သန္႔စင္ထားတဲ့ ယူေရနီယံေတြ ေတြ႔႐ွိခဲ့ၿပီးေနာက္ အီရန္သမၼတ Ebrahim Raisi အျပင္ အျခားတာဝန္႐ွိသူေတြနဲ႔ ေတြ႔ဆုံဖို႔ ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ေအဂ်င္စီ IAEA အႀကီးအကဲ Rafael Grossi အီရန္ႏိုင္ငံမွာ ေရာက္႐ွိေနပါတယ္။

အီရန္ရဲ႕ႏ်ဴကလီးယားအေရးကိစၥေတြမွာ IAEA နဲ႔ ပိုၿပီး တိုင္တိုင္ပင္ပင္လုပ္ေအာင္ တိုက္တြန္းဖို႔ အႀကီးအကဲ Rafael Grossi ၂ ရက္ခရီးစဥ္နဲ႔ ေရာက္ေနတာျဖစ္ပါတယ္။ ေသာၾကာေန႔က တဟီရန္ ၿမိဳ႕ေတာ္ကို ေရာက္႐ွိၿပီးေနာက္ အီရန္အႏုျမဴစြမ္းအင္အဖြဲ႔ အႀကီးအကဲ Mohammad Eslami နဲ႔ မစၥတာ Grossi ေတြ႔ဆုံခဲ့ပါတယ္။

အီရန္ ႏ်ဴကလီးယားအေရးနဲ႔ ပတ္သက္လို႔ ေဆြးေႏြးမႈေတြ ျပန္စႏိုင္ေရးနဲ႔ အျမင့္ဆုံးအဆင့္ကေန ဆက္ဆံေရး ျပန္လည္တည္ေဆာက္ႏိုင္ေရးအတြက္ ရည္႐ြယ္တဲ့ခရီးစဥ္မွာ အီရန္သမၼတ Raisi နဲ႔ ေတြ႔ဆုံမွာျဖစ္တယ္လို႔ သံတမန္အသိုင္းအဝိုင္းက ေျပာတာကို AFP သတင္းမွာ ေဖာ္ျပပါတယ္။ တဟီရန္ၿမိဳ႕ေတာ္ကေန ေတာင္ဘက္ မိုင္ ၆၀ ေလာက္ေဝးတဲ့ Fordow ႏ်ဴကလီးယား စက္႐ုံေျမေအာက္ခန္းထဲမွာ ၈၃% ေက်ာ္အထိ သန္႔စင္ထားတဲ့ ယူေရနီယံေတြ ႐ွိေနတာ သိ႐ွိထားတယ္လို႔ အဖြဲ႔ဝင္ႏိုင္ငံေတြကို တင္ျပတဲ့ IAEA ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပခဲ့ၿပီးေနာက္မွာ အခုလို အႀကီးအကဲ အီရန္ကို သြားေရာက္ေနတာလည္း ျဖစ္ပါတယ္။

၉၀% အထိ သန္႔စင္ထားတဲ့ ယူေရနီယံေတြဆိုရင္ အႏုျမဴဗုံးထုတ္လုပ္ဖို႔ သုံးစြဲႏိုင္ပါတယ္။ အီရန္မွာ ယူေရနီယံေတြကို ၆၀% အထိ သန္႔စင္ထားတဲ့ ယူေရနီယံေတြကို ထုတ္လုပ္ေနတာ ၂ ႏွစ္ေက်ာ္ပါၿပီ။ သန္႔စင္ေရးလုပ္ငန္းစဥ္မွာ မရည္႐ြယ္ဘဲ အတိုးအေလွ်ာ့ ျဖစ္သြားႏိုင္တယ္လို႔ အီရန္အစိုးရဘက္က ေျပာၾကားခဲ့ပါတယ္။

Fordo ႏ်ဴကလီးယားစက္႐ုံမွာ IAEA ကို အသိေပးမထားတဲ့ IR-6 အမ်ိဳးအစား ေလာင္စာေခ်ာင္း ၂ ခုကို IAEA စုံစမ္းေရးမႉးေတြ ဇန္နဝါရီလ ၂၁ ရက္က ေတြ႔႐ွိခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲ စစ္ေဆးမႈေတြ လုပ္ရာမွာ ယူေရနီယံေတြကို ၈၀% ေက်ာ္သန္႔စင္ထားပုံရတဲ့ အေထာက္အထားေတြ ေတြ႔႐ွိခဲ့တယ္လို႔ IAEA ရဲ႕ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

==== Unicode =====

အီရန်နိုင်ငံမှာ နျူကလီးယား လက်နက်လုပ်နိုင်တဲ့ အဆင့်နီးပါး သန့်စင်ထားတဲ့ ယူရေနီယံတွေ တွေ့ရှိခဲ့ပြီးနောက် အီရန်သမ္မတ Ebrahim Raisi အပြင် အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ Rafael Grossi အီရန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။

အီရန်ရဲ့နျူကလီးယားအရေးကိစ္စတွေမှာ IAEA နဲ့ ပိုပြီး တိုင်တိုင်ပင်ပင်လုပ်အောင် တိုက်တွန်းဖို့ အကြီးအကဲ Rafael Grossi ၂ ရက်ခရီးစဉ်နဲ့ ရောက်နေတာဖြစ်ပါတယ်။ သောကြာနေ့က တဟီရန် မြို့တော်ကို ရောက်ရှိပြီးနောက် အီရန်အနုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ Mohammad Eslami နဲ့ မစ္စတာ Grossi တွေ့ဆုံခဲ့ပါတယ်။

အီရန် နျူကလီးယားအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြန်စနိုင်ရေးနဲ့ အမြင့်ဆုံးအဆင့်ကနေ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်တဲ့ခရီးစဉ်မှာ အီရန်သမ္မတ Raisi နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောတာကို AFP သတင်းမှာ ဖော်ပြပါတယ်။ တဟီရန်မြို့တော်ကနေ တောင်ဘက် မိုင် ၆၀ လောက်ဝေးတဲ့ Fordow နျူကလီးယား စက်ရုံမြေအောက်ခန်းထဲမှာ ၈၃% ကျော်အထိ သန့်စင်ထားတဲ့ ယူရေနီယံတွေ ရှိနေတာ သိရှိထားတယ်လို့ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြတဲ့ IAEA ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီးနောက်မှာ အခုလို အကြီးအကဲ အီရန်ကို သွားရောက်နေတာလည်း ဖြစ်ပါတယ်။

၉၀% အထိ သန့်စင်ထားတဲ့ ယူရေနီယံတွေဆိုရင် အနုမြူဗုံးထုတ်လုပ်ဖို့ သုံးစွဲနိုင်ပါတယ်။ အီရန်မှာ ယူရေနီယံတွေကို ၆၀% အထိ သန့်စင်ထားတဲ့ ယူရေနီယံတွေကို ထုတ်လုပ်နေတာ ၂ နှစ်ကျော်ပါပြီ။ သန့်စင်ရေးလုပ်ငန်းစဉ်မှာ မရည်ရွယ်ဘဲ အတိုးအလျှော့ ဖြစ်သွားနိုင်တယ်လို့ အီရန်အစိုးရဘက်က ပြောကြားခဲ့ပါတယ်။

Fordo နျူကလီးယားစက်ရုံမှာ IAEA ကို အသိပေးမထားတဲ့ IR-6 အမျိုးအစား လောင်စာချောင်း ၂ ခုကို IAEA စုံစမ်းရေးမှူးတွေ ဇန်နဝါရီလ ၂၁ ရက်က တွေ့ရှိခဲ့ပြီးနောက် နောက်ဆက်တွဲ စစ်ဆေးမှုတွေ လုပ်ရာမှာ ယူရေနီယံတွေကို ၈၀% ကျော်သန့်စင်ထားပုံရတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ IAEA ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG