သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဘက်ကမ်းဒေသက အကြမ်းဖက်မှုတွေအရေး အစ္စရေးနဲ့ပါလက်စတိုင်း ဆွေးနွေး


ဂျော်ဒန်မြစ်အေနာက်ဖက်ကမ်း Jenin မြို့ကို အစ္စရေးတပ်တွေဝင်ရောက်စီးနင်းတဲ့အပေါ် ကားတာယာတွေမီးရှို့ဆန္ဒပြနေတဲ့ ပါလက်စတိုင်းများ၊ ဂျွန် ၁၉၊ ၂၀၂၃
ဂျော်ဒန်မြစ်အေနာက်ဖက်ကမ်း Jenin မြို့ကို အစ္စရေးတပ်တွေဝင်ရောက်စီးနင်းတဲ့အပေါ် ကားတာယာတွေမီးရှို့ဆန္ဒပြနေတဲ့ ပါလက်စတိုင်းများ၊ ဂျွန် ၁၉၊ ၂၀၂၃

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့ ပါလက်စတိုင်း အကြီးတန်း အရာရှိတဦးတို့ အင်္ဂါနေ့က ဖုန်းကတဆင့် ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီ အစ္စရေးကာကွယ်ရေးဝန်ကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဂျူးအခြေချနေထိုင်သူတွေရဲ့ အဓိကရုဏ်းတွေကို နှိမ်နင်းဖို့ အစ္စရေးအစိုးရရဲ့ ရည်ရွယ်ချက်ကို အာမခံချက်ပေးထားကြောင်း ဖော်ပြထားပါတယ်။

ဖုန်းခေါ်ဆိုမှုနဲ့အတူ နောက်ဆက်တွဲ ကြေညာချက်နှစ်ခုစလုံးဟာအစ္စရေးကဘာသာရေးနဲ့ အမျိုးသားရေးဝါဒီ အစိုးရအတွက် ပုံမှန်ထက် ထူးခြားနေပြီး၊ ဒါဟာ အနောက်ဘက်ကမ်းဒေသက အခြေအတွေနဲ့ ပတ်သက်ပြီး အမေရိကန်က စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုတာတွေ တိုးမြင့်လာပြီးနောက်မှာ အခုလို ဖြစ်လာတာလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း"တင်းမာမှုတွေ ပိုမိုကြီးထွားလာစေမယ့် တဖက်သတ် လုပ်ဆောင်မှုတွေကို ရှောင်ကြဉ်ဖို့ နှစ်ဖက်စလုံးကိုတောင်းဆိုခဲ့ပြီး တင်းမာမှုတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လျှော့ချဖို့နဲ့ နောက်ထပ် တင်းမာမှုတွေ မြင့်တက်လာမှာကို တားဆီးဖို့” တိုက်တွန်းခဲ့ပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ သေနတ်နဲ့တိုက်ခိုက်မှုတခုအတွင်း အနောက်ဘက်ကမ်း အခြေချ နေထိုင်ရာ အပြင်ဘက်မှာ အစ္စရေး အရပ်သား (၄) ဦး သေဆုံးခဲ့ရပြီးနောက်မှာ ဂျူးအခြေချနေထိုင်သူအုပ်စုတွေဟာ ပါလက်စတိုင်း ကျေးရွာတွေနဲ့ မြို့တွေထဲကို ဝင်ရောက်ပြီး ရက်ပေါင်းများစွာ အကြမ်းဖက် ကျူးကျော်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီဖြစ်စဥ်တွေ အတွင်း သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ လက်ထောက်အမေရိကန်သံအမတ်ကြီး Robert Wood က တင်းမာမှုတွေ လျှော့ချ နိုင်ရေးနဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ့် အခြေအနေတွေဖန်တီးနိုင်ဖို့ အမေရိကန်အစိုးရ အနေနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းအာဏာပိုင်တွေနဲ့ အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့အင်္ဂါနေ့က လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG