သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထက်လွှတ်တော်အမတ် Lindsey Graham အစ္စရေးဝန်ကြီးချုပ်နဲ့တွေ့ဆုံ


အမေရိကန်အထက်လွှတ်တော်အမတ် Lindsey Graham ဟာ အစ္စရေးနိုင်ငံကို တနင်္လာနေ့က ရောက်ရှိပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံစဉ် (ဧပြီ ၁၇၊ ၂၀၂၃/ ရိုက်တားစ်)
အမေရိကန်အထက်လွှတ်တော်အမတ် Lindsey Graham ဟာ အစ္စရေးနိုင်ငံကို တနင်္လာနေ့က ရောက်ရှိပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံစဉ် (ဧပြီ ၁၇၊ ၂၀၂၃/ ရိုက်တားစ်)


ဧပြီ ၁၇။ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

အမေရိကန်အထက်လွှတ်တော်အမတ် Lindsey Graham ဟာ အစ္စရေးနိုင်ငံကို တနင်္လာနေ့က ရောက်ရှိပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစ္စရေးနဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံကြား ပုံမှန်ဆက်ဆံရေးထားရှိဖို့ သဘောတူညီချက်တရပ်ရလာနိုင်ခြေအတွက် ဆွေးနွေးကြတာဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် Lindsey Graham ဟာ သူ့အနေနဲ့ သမ္မတ Biden ကို အကူအညီပေးတာဖြစ်ပြီး အမေရိကန်နဲ့ ဆော်ဒီအာရေဗီးယားကြား ဆက်ဆံရေးတိုးတက်လာဖို့ လိုလားတယ်လို့ ဆော်ဒီကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့အကြောင်း အဲဒီ ဆွေးနွေးပွဲမှာ ပြောပါတယ်။ သမ္မတဘိုင်ဒန်အနေနဲ့ ဆော်ဒီနဲ့ ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိဖို့ လိုလားနေပြီး ဒီအချိန်ဟာ နှစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဖို့ အချိန်ကောင်းဖြစ်တယ်ဆိုတာကို ဆော်ဒီအိမ်ရှေ့မင်းသားကို ပြောခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ်က ပြောပါတယ်။

အပြန်အလှန်အားဖြင့် ဆော်ဒီဘက်ကလည်း အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုရမယ်လို့ တိုက်တွန်းခဲ့ကြောင်းလည်း ပြောပါတယ်။ အစ္စရေးနဲ့ ဆော်ဒီကြား ဆက်ဆံရေးတစုံတရာတိုးတက်နေပေမယ့်လည်း အစ္စရေး-ပါလက်စတိုင်းပဋိပက္ခမှာ အဖြေတစုံတရာမရမချင်း အစ္စ​ရေးကို တရားဝင်အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆော်ဒီဘက်က ပြောထားပါတယ်။

လက်ရှိ အစ္စရေးဝန်ကြီးချုပ် Nethanyahu ဟာ ပြီးခဲ့တဲ့နှစ် အာဏာယူပြီးကတည်းက ဆော်ဒီနဲ့ သဘောတူညီချက်တခုရဖို့ ကြိုးပမ်းနေတယ်လို့ သူရော သူ့မဟာမိတ်တွေကပါ အရိပ်အမြွတ် ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG