သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစီရင်ရေးလွတ်လပ်ခွင့် လိုလားသူ ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်မှာ ဖယ်ရှားခံရ


အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး Yoav Gallant
အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး Yoav Gallant

{{Zawgyi/Unicode}}

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သူ့ရဲ့ကာကွယ်ရေးဝန်ကြီးကို တနင်္ဂနွေနေ့က ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ အစ္စရေးနိုင်ငံရဲ့ တရားရေးစနစ်ကို ပြောင်းလဲမယ့်အစီအစဉ်ရပ်ထားဖို့ ကာကွယ်ရေးဝန်ကြီး Yoav Gallant က တောင်းဆိုခဲ့ပြီးတဲ့နောက် ခုလို ရာထူးက ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

တရားလွှတ်တော်ချုပ်ရဲ့ဆုံးဖြတ်ချက်ကို လွှတ်တော်က လွှမ်းမိုးဆုံးဖြတ်နိုင်တဲ့ ဥပဒေ ပြဌာန်းဖို့ ပြင်ဆင်နေတာကြောင့် အစ္စရေးနိုင်ငံအတွင်းမှာ ဆန္ဒပြပွဲတွေဟာ ဖေဖော်ဝါရီလကစပြီး ဆက်တိုက် ဖြစ်ပေါ်နေခဲ့တာပါ။ အစ္စရေးအစိုးရရဲ့အားထုတ်မှုဟာ တရားရေးစနစ်ရဲ့သီးခြားလွတ်လပ်မှုကို ပျက်ပြားစေတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဒီ ကြိုးပမ်းမှုဟာ တိုင်းပြည်ကို စိတ်ဝမ်းကွဲပြားစေတဲ့အတွက်ကြောင့် ရပ်လိုက်ဖို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီး Gallant ဟာ အငြိမ်းစား စစ်‌ဗိုလ်ချုပ်တဦးဖြစ်ပြီး Netanyahu ရဲ့အာဏာရလီကွတ်ပါတီမှာ သမ္ဘာရင့်အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။

ခုလို ကာကွယ်ရေးဝန်ကြီးကို ဖြုတ်လိုက်တဲ့အတွက် ဆန္ဒပြသူတွေက အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့လိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}






XS
SM
MD
LG