သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စစ်ပွဲ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကန် ဗီတိုသုံးပယ်ချ


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကုလလုံခြုံရေးကာင်စီအစစည်းအဝေးမှာ ပါလက်စတိုင်းအရေးအပါအဝင် အရှေ့အလယ်ပိုင်းကိစ္စတွေကို ဆွေးနွေးစဥ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၃)
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကုလလုံခြုံရေးကာင်စီအစစည်းအဝေးမှာ ပါလက်စတိုင်းအရေးအပါအဝင် အရှေ့အလယ်ပိုင်းကိစ္စတွေကို ဆွေးနွေးစဥ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၃)

အစ္စရေး-ဟားမတ်စ် စစ်ကို လူသားချင်းစာနာထောက်ထားရေးသဘောအရ ခဏရပ်ဆိုင်းထားဖို့ တောင်းဆိုတဲ့ဆုံးဖြတ်ချက် ကို အစ္စရေးရဲ့ မိမိကိုယ်ကိုခုခံပိုင်ခွင့်အပေါ်လေးစားမှုမရှိတာကြောင့်လို့ အကြောင်းပြပြီး အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။

ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ဘရာဇီးလ်တင်သွင်းတဲ့အဆိုကို ရက်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်း ထောက်ခံလိုက်ကြပြီး ရုရှားနဲ့ယူကေက မဲမပေးဘဲနေခဲ့ကြတာပါ။ အမေရိကန်တနိုင်ငံတည်းကပဲ ကန့်ကွက်မဲပေးခဲ့ပေမဲ့ အမေရိကန် ဟာ အင်အားကြီးငါးနိုင်ငံထဲက တနိုင်ငံဖြစ်တာကြောင့် သူ့ကန့်ကွက်မဲဟာ ဗီတိုအာဏာရှိနေခဲ့တာပါ။

ပယ်ချလိုက်တဲ့ဆုံးဖြတ်ချက်မှာ အကြမ်းဖက်မှုအားလုံးနဲ့ အရပ်သားတွေအပေါ်ရန်လိုမှုအားလုံး၊ အကြမ်းဖက်ဝါဒလုပ်ဆောင်ချက်အားလုံးကို လုံခြုံရေးကောင်စီ က ခိုင်ခိုင်မာမာ ရှုတ်ချလိုက်တယ်လို့ ပါရှိပါတယ်။ ဟားမတ်စ်အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူတွေကို ဓားစားခံအဖြစ် ဖမ်းဆီးထားတာတွေကိုလည်း ပြတ်ပြတ်သားသား ရှုတ်ချလိုက်တယ်လို့ အဲဒီ ဆုံးဖြတ်ချက်မှာ ပြောထားပါတယ်။

ဟားမတ်စ်ရဲ့နာမည်မဖော်ပြဘဲ အရှေ့အလယ်ပိုင်းက အကြမ်းဖက်တာတွေကို ရှုတ်ချကြောင်း ရုရှားရဲ့အဆိုကိုလည်း လုံခြုံရေးကောင်စီက တနင်္လာနေ့တုန်းက ပယ်ချခဲ့တာပါ။

XS
SM
MD
LG