သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် အစ္စရေးကို ရောက်ရှိ

အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့တွေ့ဆုံနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (အောက်တိုဘာ ၁၈၊ ၂၀၂၃)
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့တွေ့ဆုံနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (အောက်တိုဘာ ၁၈၊ ၂၀၂၃)
ဂါဇာဒေသက ဆေးရုံမှာ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက် တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အစ္စရေးနိုင်ငံကို ဒီကနေ့ (အောက်တိုဘာ ၁၈) ရောက်သွားပါတယ်။ အမေရိကန်နဲ့ ကာလကြာရှည် မဟာမိတ်အဖြစ် လက်တွဲလာတဲ့ အစ္စရေးကို အားပေးကြောင်း ပြသမယ့် ခရီးစဉ်အတွင်း အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပေမယ့် ဂျော်ဒန်နိုင်ငံမှာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကတော့ ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုကြောင့် ပျက်သွားပါတယ်။
ဆေးရုံတိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ အစ္စရေးနဲ့ ဟာမတ်စ်အပြန်အလှန် အပြစ်ဖို့နေကြပြီး ဒေသတွင်းမှာ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်နေပါတယ်။ ဂါဇာမှာရှိတဲ့ Ahli Arab ဆေးရုံ ပေါက်ကွဲမှုအတွက် ဟာမတ်စ်စစ်သွေးကြွတွေက အစ္စရေးလ်ကို လူသားထုအပေါ် ရာဇဝတ်မှု ကျုးလွန်တဲ့ ဖက်ဆစ်အကြမ်းဖက် အစိုးရအဖြစ် သုံးနှုန်းပြီး အပြစ်ဖို့ခဲ့တာပါ။ ဒုက္ခသည်အများစု အပါအဝင် လူနာတွေ၊ ကလေးတွေနဲ့ အမျိုးသမီး ရာနဲ့ချီ သေကြေထိခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပါလက်စတိုင်း အာဏာပိုင်တွေကတော့ လူ ၅၀၀ လောက် သေဆုံးကြောင်း ပြောဆိုထားတာပါ။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ပေါက်ကွဲမှုဟာ သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆန်ထားပြီး ပါလက်စတိုင်း အစ္စလာမ်ဂျီဟတ်အဖွဲ့ရဲ့ ရော့ကတ်တခု ပစ်မှတ်နဲ့လွဲချော်ပြီး ထိမှန်ခဲ့တာလို့ ပြောဆိုထားပါတယ်။ စစ်သွေးကြွအဖွဲ့ကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။ အမေရိကန်သမ္မတ ဘိုင်ဒန်ကတော့ ဆေးရုံပေါက်ကွဲမှုအတွက် ဝမ်းနည်း ဒေါသထွက်မိကြောင်း အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကို ပြောဆိုခဲ့ပြီး၊ တွေ့ရတဲ့အတိုင်းဆိုရင် အစ္စရေးလက်ချက် မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
သမ္မတဘိုင်ဒန် အစ္စရေးကို ရောက်ရှိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG