သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာရှည်မယ့်စစ်ပွဲဖြစ်လာမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးသတိပေး


အမေရိကန်ကာကွယ်ရေးဝန်ကြီး Antony Blinken (ယာ) နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ တဲလ်အဗစ်မြို့မှာ ပူးတွဲကြေညာချက်ထုတ်စဥ်။ (အောက်တိုဘာ ၁၆၊ ၂၀၂၃)
အမေရိကန်ကာကွယ်ရေးဝန်ကြီး Antony Blinken (ယာ) နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ တဲလ်အဗစ်မြို့မှာ ပူးတွဲကြေညာချက်ထုတ်စဥ်။ (အောက်တိုဘာ ၁၆၊ ၂၀၂၃)

ဒီ စစ်ပွဲက ရှည်ကြာမယ့်စစ်ပွဲဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ပြောလိုက်ပါတယ်။

“ဒီအတွက် ပေးရမယ့်တန်ဖိုးကတော့ ကြီးမားပါတယ်။ ဒါပေမဲ့ အစ္စရေးအတွက်၊ ဂျူးပြည်သူတွေအတွက်၊ နှစ်နိုင်ငံလုံးကယုံကြည်တဲ့ တန်ဖိုးထားမှုတွေအတွက် ကျနော်တို့ အောင်ပွဲခံမှာပါ။” လို့ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂဲလင်န့် (Yoav Gallant) က အစ္စရေးကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အင်ထော်နီဘလင်ကန်ကို ပြောခဲ့တာပါ။

မစ္စတာဘလင်ကန်ကလည်း အစ္စရေးရဲ့ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်အခွင့်အရေးကို နက်နက်ရှိုင်းရှိုင်းထောက်ခံကြောင်း ကတိကဝတ်ကို ထပ်မံပြောပါတယ်။

အစ္စရေးကသတိပေးထားတဲ့အတွက် ခန့်မှန်း ပါလက်စတိုင်း ၅ သိန်းဟာ ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကို ထွက်ပြေးသွားကြတဲ့အပြင် အစ္စရေးက ရေဖြတ်၊ မီးဖြတ်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးဖြတ်ထားတဲ့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အကြပ်အတည်းနဲ့ ကြုံနေကြရပါတယ်။

ဂါဇာကို အကူအညီတွေ လိုသူတွေဆီ ပို့လိုရအောင် အီဂျစ်၊ အစ္စရေး၊ ကုလသမဂ္ဂတို့နဲ့အတူ လုပ်ဆောင်နေပါတယ်လို့ ဘလင်ကန်က ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အာရပ်တိုင်းပြည် အတော်များများကို ခရီးသွားခဲ့ပြီး တနင်္လာနေ့မှာ အစ္စရေးကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

XS
SM
MD
LG