သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးတွေ ဂါဇာပဋိပက္ခအရေး ဆွေးနွေး


ISRAEL-PALESTINIANS/BLINKEN
ISRAEL-PALESTINIANS/BLINKEN

ဆော်ဒီနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal Bin Farhan နဲ့ စနေနေ့ကတွေ ဆုံခဲ့ပြီး အစ္စရေး-ဂါဇာပဋိပက္ခကို ဆွေးနွေးခဲ့ပါတယ်။ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကတော့ အရပ်သားတွေကို တိုက်ခိုက်တဲ့အပေါ် နှစ်ဘက်စလုံးကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အမေရိကန်နဲ့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးတွေ ဂါဇာ ပဋိပက္ခအရေးဆွေးနွေး

ဆော်ဒီအာရေးဗီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုက်ဇယ်ဘင်ဖာဟန် Faisal Bin Farhan နဲ့ စနေနေ့ကတွေ ဆုံခဲ့ပြီး အစ္စရေး-ဂါဇာပဋိပက္ခကို ဆွေးနွေးခဲ့ပါတယ်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Bin Farham ကတော့ အရပ်သားတွေကို တိုက်ခိုက်တဲ့အပေါ် နှစ်ဘက်စလုံးကို ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ခြင်းလျော့ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ အခုလို အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်နေတဲ့ သံသရာကနေ ရုန်းထွက်နိုင်ဖို့ ဆွေးနွေးနည်းလမ်းရှာရပါမယ်။ ဒါကို ကျနော်တို့ အမှန်တကယ် အာရုံထားလုပ်ဆောင်ဖို့လိုပါတယ်။ ဒီသံသရာကို အဆုံးသတ်အောင် အခိုင်အမာ မလုပ်ဆောင်နိုင်ဘူးဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေက ပြန်ဖြစ်နေဦးမှာပါ၊ အဲဒီလိုဖြစ်ရင် အရပ်သားတွေပဲ အရင်ဆုံးခံရတာပါ။ နှစ်ဘက်စလုံးက အရပ်သားတွေပဲ ပေးဆပ်ကြရမှာပါ” လို့ ဆော်ဒီအာရေးဗီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုရာမှာလည်း Hamas အဖွဲ့ဟာ ပါလက်စတိုင်းတွေကို ကိုယ်စားမပြုပဲ အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်ပြီး၊ အစ္စရေးနိုင်ငံကို ဖျက်ဆီးဖို့နဲ့ ဂျူးတွေကို သတ်ဖြတ်ဖို့ကိုသာ ရည်ရွယ်တဲ့အဖွဲ့ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးမှာ ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်းနဲ့ အရပ်သားတွေကို မထိခိုက်အောင်လုပ်ဆောင်ဖို့ အမှန်တကယ်အရေးကြီးကြောင်း ဒါကို အားလုံး ပူးပေါင်းလုပ်ဆောင်ရမှာပါလို့ ဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အနောက်အာရှနိုင်ငံ ၇ နိုင်ငံကို ခရီးလှည့်လည်ခဲ့ပြီး အစ္စရေး ဟားမတ်စစ်ပွဲကနေ ဒေသတွင်းစစ်ပွဲအဖြစ် ပျံ့နှံ့ မသွားရအောင် ကာကွယ်ဖို့ လိုက်လံဆွေးနွေး တိုက်တွန်းနေတာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးတွေ ဂါဇာပဋိပက္ခအရေး ဆွေးနွေ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG