သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးက ဂါဇာကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက်

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင် Jabalia မြို့မှာ ပျက်စီးသွားတဲ့ အဆောက်အဦများ (အောက်တိုဘာ ၁၁၊ ၂၀၂၃)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင် Jabalia မြို့မှာ ပျက်စီးသွားတဲ့ အဆောက်အဦများ (အောက်တိုဘာ ၁၁၊ ၂၀၂၃)
အစ္စရေးမှာ လူပေါင်း ၁၂၀၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဟာမက်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်နေတဲ့ အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသက လမ်းတွေ၊ အဆောက်အဦးတွေကို ဒီကနေ့လည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ဟာမက်စ်အဖွဲ့ရဲ့ စနေနေ့တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁,၀၅၅ ယောက်ထက်မနည်း ရှိနေပြီး၊ ဒဏ်ရာရသူ ၅,၀၀၀ ကျော် ရှိတယ်လို့လည်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ဒီကနေ့ပဲ အတည်ပြုခဲ့တာပါ။ လူဦးရေ ၂.၃ သန်းရှိတဲ့ ဂါဇာဒေသမှာ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင် ဖြတ်တောက်ဖို့ အစ္စရေးလ်က သတိပေးထားတာကြောင့် အရပ်သားတွေအတွက် အခြေအနေတွေ ပိုဆိုးလာမှာကိုလည်း စာနာမှု အကူအညီပေးရေး အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ တခုတည်းရှိတဲ့ ဓာတ်အားပေး စက်ရုံအတွက် စက်သုံးဆီဟာ ဒီနေ့တရက်စာသာ ကျန်တော့တယ်လို့လည်း ဂါဇာဒေသ စွမ်းအင်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကလည်း စက်သုံးဆီနဲ့ ဆေးဝါး နည်းပါးလာနေပြီလို့ ပြောပါတယ်။

အစ္စရေးစစ်တပ် ပြောခွင့်ရ ဒုဗိုလ်မှူးကြီး Jonathan Conricus က ဒီကနေ့ ဗွီဒီယိုနဲ့ သတင်းထုတ်ပြန်ရာမှာ ဂါဇာဒေသက အရပ်ဖက် အဆောက်အဦးတွေကို လေကြောင်းက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့တာပါ။ ဟာမက်စ်အဖွဲ့က အရပ်သားတွေရှိရာ အဆောက်အဦးတွေမှာ တမင်သက်သက် နေရာယူထားတာ ဖြစ်တာကြောင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဂါဇာဒေသမှာ တိုက်ပွဲတွေ စတင်ချိန်ကစလို့ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၆၃,၀၀၀ ကျော် ရှိနေပြီး၊ ဒီထက်ပိုတိုးလာနိုင်တယ်လို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးက ဂါဇာကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG