သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ပါလက်စတိုင်းသားတွေအတွက် စာနာမှု အကူအညီပေးရေးဆွေးနွေးမှု တိုးတက်မှုရှိနိုင်" - Antony Blinken

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့တွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အောက်တိုဘာ ၂၇၊ ၂၀၂၃)
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့တွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အောက်တိုဘာ ၂၇၊ ၂၀၂၃)

ဂါဇာဒေသမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်းသားတွေအတွက် စာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဆွေးနွေးရာမှာ တိုးတက်မှုရမယ့် အလားအလာတွေ့ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။ အမေရိကန်ရဲ့ ပန်ကြားချက်အရ အလှူရှင်နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဂါဇာဒေသက အရပ်သားတွေအတွက် စာနာမှုအကူအညီတွေပေးနိုင်မယ့် အစီအစဉ်တခုကို အမေရိကန်နဲ့ အစ္စရေးသဘောတူထားကြောင်း အစ္စရေးလ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောလိုက်တာပါ။

အကူအညီတွေဟာ အရပ်သားတွေအတွက် သက်သက်သာဖြစ်ပြီး ဟာမတ်စ်တွေ အကျိုးအမြတ်မရအောင် စီစဉ်မယ်လို့လည်း ပြောပါတယ်။ ဂါဇာဒေသကို စာနာမှုအကူအညီတွေ အမြန်ဆုံးပေးနိုင်ဖို့ အရေးကြီးနေပေမဲ့ ဟာမတ်စ်စစ်သွေးကြွတွေက အကူအညီတွေကို သိမ်းယူတာ ဒါမှမဟုတ် ဟန့်တားတာတွေ လုပ်မှာကို စိုးရိမ်ကြောင်းလည်း ဝန်ကြီး Blinken ကပြောခဲ့တာပါ။ ဟာမတ်စ် ထိန်းချုပ်ရာ ဒေသကို အစားအစာ၊ ရေနဲ့ စက်သုံးဆီ တင်သွင်းခွင့်တွေကို အောက်တိုဘာလ ၉ ရက်နေ့ကစ ပိတ်ပင်ထားပြီး၊ အစ္စရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားသလို ဂါဇာဒေသမှာ ပါလက်စတိုင်းတွေ လျှပ်စစ်မီးလည်း လုံးဝမရဘဲ ဖြစ်နေတာပါ။

အစ္စရေးနိုင်ငံသား ၁၄၀၀ ကျော် သေဆုံးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ ဟာမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ထားတာလို့လည်း အစ္စရေးက ပြောထားပါတယ်။ တိုက်ခိုက်မှုအတွင်း ဟာမတ်စ်တွေက ဓားစာခံအဖြစ် ၂၀၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့တာပါ။ ဟာမတ်စ်အဖွဲ့ကို အမြစ်ဖြုတ်မယ်လို့ ပြောထားတဲ့ အစ္စရေးက ဂါဇာနယ်စပ်မှာ စစ်အင်အား ၃ သိန်းလောက် ချထားပြီး မြေပြင်ထိုးစစ်ဆင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။

This item is part of
XS
SM
MD
LG