သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန်အစ္စရေးကို ဗုဒ္ဓဟူးနေ့သွားမည်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်က လူ့အခွင့်အရေးလှုပ်ရှားမှုအထိမ်းအမှတ် နိုင်ငံတော်ညစာစားပွဲအတွင်း မိန့်ခွန်းပြောကြားနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (အောက်တိုဘာ ၁၄၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်က လူ့အခွင့်အရေးလှုပ်ရှားမှုအထိမ်းအမှတ် နိုင်ငံတော်ညစာစားပွဲအတွင်း မိန့်ခွန်းပြောကြားနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (အောက်တိုဘာ ၁၄၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ကို အစ္စရေးတပ်ဖွဲ့တွေ မြေပြင်က ထိုးစစ်ဆင်တိုက်ခိုက်မှု မစတင်ခင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးနိုင်ငံကို မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့ သွားရောက်မှာဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အတွက် အခုလို သွားရောက်တာလည်းဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော်နဲ့ ပါလက်စတိုင်း ၂,၈၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ၇ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်မှာပဲ သမ္မတဘိုင်ဒန်ရဲ့ ခရီးစဉ်ကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

"အစ္စရေးအပါအဝင်၊ ဒေသတွင်းနဲ့ တကမ္ဘာလုံးအတွက် အရေးကြီးတဲ့ အချိန်ဖြစ်လို့ သမ္မတဘိုင်ဒန် ဒီကိုရောက်လာတာပါ။ ပထမဆုံးအနေနဲ့ သမ္မတဟာ အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာထားရှိတဲ့ စည်းလုံးညီညွတ်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုကြမှာပါ။ ဒုတိယအနေနဲ့ ဒီအကျပ်အတည်းကို အခွင့်ကောင်းယူပြီး အစ္စရေးကို တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ ဘယ်သူ့ကိုမဆို ကျတော်တို့ရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို ပြသဖို့နဲ့ အဲဒီအတွက် သူဟာ လေယာဉ်တင်သင်္ဘောအုပ်စုနှစ်စုနဲ့ အခြားစစ်ဘက်ဆိုင်ရာ အရေးတွေကို ဒေသတွင်းမှာ ဖြန့်ကျက်ချထားပါတယ်” - လို့ သမ္မတဘိုင်ဒန်ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောသွားတာပါ။

အရပ်သားတွေကို ထိခိုက်မှု နည်းနိုင်သမျှနည်းစေဖို့နဲ့ လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေ စီးဆင်းနိုင်မယ့် စစ်ဆင်ရေးတွေကို အစ္စရေးဘက်က ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို သမ္မတဘိုင်ဒန်ကို အစ္စရေးဝန်ကြီးချုပ် Netanyahu က ပြောဆိုမှာလည်း ဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်ဟာ Tel Aviv ကတဆင့် ‌ဂျော်ဒန်နိုင်ငံကိုသွားမှာဖြစ်ပြီး ဘုရင် Abdullah နဲ့တွေဆုံမှာဖြစ်သလို ၊ အီဂျစ်သမ္မတ၊ ပါလက်စတိုင်း အာဏာပိုင်တို့နဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။

XS
SM
MD
LG