သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနယ်စပ် ပြန်လည်ဖွင့်လှစ်ရေး မသေချာသေး

အီဂျစ်နဲ့ ဂါဇာနယ်စပ်မှာရောက်နေတဲ့ အီဂျစ်-ပါလက်စတိုင်း နှစ်နိုင်ငံ နိုင်ငံသားများ (အောက်တိုဘာ ၁၆၊ ၂၀၂၃)
အီဂျစ်နဲ့ ဂါဇာနယ်စပ်မှာရောက်နေတဲ့ အီဂျစ်-ပါလက်စတိုင်း နှစ်နိုင်ငံ နိုင်ငံသားများ (အောက်တိုဘာ ၁၆၊ ၂၀၂၃)

ဂါဇာကမ်းမြှောင်နဲ့ အီဂျစ်နိုင်ငံကြား နယ်စပ်ဖြတ်ခွင့် ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပေမယ့် အချိန်အတိအကျ မသိရသေးကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂကတော့ ဂါဇာဒေသမှာ စာနာမှုအကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်း သတိပေးထားပြီး၊ အစ္စရေးကတော့ စစ်ဆင်ရေး မတိုင်ခင် ဂါဇာဒေသ မြောက်ပိုင်းမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းတွေ ဘေးလွတ်ရာ ထွက်ခွာကြဖို့ နှိုးဆော်နေပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ ရုံးက ဒီနေ့ ထုတ်ပြန်ချက်ထဲမှာတော့ စာနာမှုအကူအညီတွေ ပေးဖို့နဲ့ နိုင်ငံခြားသားတွေ ထွက်ခွာခွင့်အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားတယ်ဆိုတဲ့ သတင်းတွေ မမှန်ကြောင်း ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ အကြီးအကဲကတော့ အစ္စရေးအပေါ် တိုက်ခိုက်ခဲ့မှုဟာ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ ဓားစာခံတွေကို ဖမ်းဆီးခဲ့တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့လည်း အရပ်သားတွေ သတ်ဖြတ်ခံရမှုအတွက် အရပ်သားတွေကို ပြန်သတ်နေတာဟာ အဖြေမဟုတ်ဘူးလို့လည်း သတိပေးခဲ့တာပါ။

ဂါဇာဒေသမှာ အောက်တိုဘာလ ၇ ရက်နေ့က ဟာမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ အရေအတွက်ဟာ အစောပိုင်းမှာ ၁၅၅ ယောက် ရှိတယ်လို့ အစ္စရေးက ပြောထားပေမယ့် အခုနောက်ဆုံး ၁၉၉ ယောက် ရှိတယ်လို့လည်း ဒီနေ့ပဲ အတည်ပြုလိုက်ပါတယ်။

ဂါဇာနယ်စပ် ပြန်လည်ဖွင့်လှစ်ရေး မသေချာသေး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG