သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း စစ်မီးမပျံ့အောင်ထိန်းဖို့ အီရန်သတိပေး


Iran's FM Hossein Amir-Abdollahian
Iran's FM Hossein Amir-Abdollahian

အစ္စရေးနဲ့ ဟားမတ်စ်အကြားဖြစ်ပွားနေတဲ့ စစ်ပွဲကနေ ဒေသတွင်းစစ်ပွဲအဖြစ် ပျံ့နှံ့မသွားရအောင် ကာကွယ်ဖို့ဖြစ်နိုင်ခြေ ရှိသေးကြောင်း၊ ဒါပေမဲ့ အချိန်ဟာ အနည်းငယ်ပဲ ကျန်တော့တယ်လို့ အစ္စရေးရဲ့အိမ်နီးချင်း လစ်ဘနွန်နိုင်ငံမှာရောက်ရှိနေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amirabodollahian စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာဒေသကို တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပြီး လစ်ဘနွန်မှာ အခြေစိုက်တဲ့ ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့ပါ စစ်အတွင်းကို ဝင်ရောက်လာရင် စစ်ပွဲဟာ အရှေ့အလည်ပိုင်းနိုင်ငံတချို့ကို ပျံ့နှံ့သွားလိမ့်မယ်လို့ သူကသတိပေးလိုက်ပါတယ်။

ဟစ်ဇဘိုလာအနေနဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားထားကြောင်းနဲ့ အစ္စရေးအနေနဲ့ ဂါဇာကိုတိုက်ခိုက်နေတာကို ချက်ခြင်းရပ်ဖို့ လိုတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein က လစ်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လစ်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဇဘိုလာစစ်သွေးကြွအဖွဲ့ကို အီရန်က ကြောထောက်နောက်ခံ ပေးထားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့ အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နောက်တနေ့က စတင်ကာ ဟစ်ဇဘိုလာနဲ့ အစ္စရေးတပ်တွေအကြား နေ့စဉ်လိုလို အပြန်အလှန် ပစ်ခတ်မှုတွေရှိနေပါတယ်။

ဟားမတ်စ်အဖွဲ့ဟာလည်း အီရန်က ငွေကြေးနဲ့ စစ်ရေးအထောက်အပံ့တွေ ပေးထားတဲ့အဖွဲ့ဖြစ်ပြီး အစ္စရေးကိုရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး ၁,၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ အစ္စရေးက ဂါဇာဒေသကို လက်တုန့်ပြန် တိုက်ခိုက်နေတဲ့အတွက် ပါလက်စတိုင်း ၂,၂၀၀ လောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒေသတွင်း စစ်မီးမပျံ့အောင် ထိန်းဖို့ အီရန်သတင်းပေး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG