သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္မွာ ဆႏၵျပသူေတြကို အင္အားသုံးႏွိမ္နင္းမႈ အေမရိကန္ေဝဖန္


Iran Protests 3 October 2022 اعتراضات سراسری ایران، ۱۱ مهر ۱۴۰۱

အီရန္မွာ အမ်ိဳးသမီးတဦး ကို ရဲေတြက ဖမ္းဆီးထိန္းသိမ္းထားစဥ္ ေသဆုံးခဲ့ရတဲ့အတြက္ မေက်မနပ္ျဖစ္ၿပီး ႏိုင္ငံအႏွံ႔ ျဖစ္ပြားေနတဲ့ အစိုးရ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြကို လုံၿခဳံေရးတပ္ဖြဲ႕ေတြက အၾကမ္းဖက္ ႏိွမ္နင္းေနတာကို အေမရိကန္ အစိုးရက တနလၤာေန႔က ျပင္းျပင္းထန္ထန္ ေဝဖန္ ရႈတ္ခ်လိုက္ပါတယ္။

အီရန္မွာ ဆႏၵျပသူေတြကို အင္အားသုံးႏွိမ္နင္းမႈ အေမရိကန္ေဝဖန္

{{Zawgyi/Unicode}}
အီရန္မွာ အမ်ိဳးသမီးတဦး ကို ရဲေတြက ဖမ္းဆီးထိန္းသိမ္းထားစဥ္ ေသဆုံးခဲ့ရတဲ့အတြက္ မေက်မနပ္ျဖစ္ၿပီး ႏိုင္ငံအႏွံ႔ ျဖစ္ပြားေနတဲ့ အစိုးရ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြကို လုံၿခဳံေရးတပ္ဖြဲ႕ေတြက အၾကမ္းဖက္ ႏိွမ္နင္းေနတာကို အေမရိကန္ အစိုးရက တနလၤာေန႔က ျပင္းျပင္းထန္ထန္ ေဝဖန္ ရႈတ္ခ်လိုက္ပါတယ္။

အီရန္ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြ က ၿငိမ္းၿငိမ္းခ်မ္းခ်မ္း နဲ႔ အစိုးရဆန႔္က်င္ေရး ဆႏၵျပေနၾကတာကို အာဏာပိုင္ေတြက အၾကမ္းဖက္ ႏိွမ္နင္း အစုလိုက္ အၿပဳံလိုက္ ဖမ္းဆီး လိုက္တဲ့ သတင္းေၾကာင့္ မိမိတို႔ အေမရိကန္ အစိုးရအေနနဲ႔ တုံလႈပ္ ထိတ္လန႔္ရပါတယ္လို႔ သမၼတ အိမ္ျဖဴေတာ္ ရဲ႕ သတင္းျပန္ၾကားေရး တာဝန္ခံ Karine Jean-Pierre က ေျပာပါတယ္။ ၿပီးခဲ့တဲ့လက မုန္တိုင္းဒဏ္ ခံခဲ့ရတဲ့ အေမရိကန္ပိုင္ Puerto Rico ကြၽန္းကို သမၼတ Joe Biden နဲ႔အတူ သြားေရာက္ေနစဥ္မွာ သတင္းသမားေတြကို သူက ေျပာလိုက္တာျဖစ္ပါတယ္။

ဒါအျပင္ အီရန္ အမ်ဳိးသမီးတဦး ရဲလက္မွာ ေသဆုံးလို႔ မေက်မနပ္ျဖစ္ၿပီး တကၠသိုလ္ေက်ာင္းသား ၊ ေက်ာင္းသူေတြ က ဆႏၵျပၾကတာဟာ သူတို႔ရဲ႕ မွန္ကန္တဲ့လုပ္ရပ္ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ အဲဒီလို ဆႏၵျပၾကတဲ့သူေတြကို ဖမ္းဆီးတာဟာ အီရန္က လူငယ္ေတြကို ဂုဏ္သိကၡာ နဲ႔ အခြင့္အလမ္းေတြ ရွာေဖြဖို႔အတြက္ ႏိုင္ငံအျပင္ကို ထြက္ခြာသြားေစတဲ့ အေၾကာင္းအရင္း ျဖစ္ေစတယ္လို႔လည္း သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၃ ရက္ေန႔က အသက္ ၂၂ ႏွစ္အရြယ္ အမ်ဳိးသမီး Mahsa Amini ဟာ ေခါင္းစည္းပုဝါျခံဳရမယ့္ စည္းကမ္းကို တိတိက်က် မလိုက္နာဘူးဆိုၿပီး ဘာသာေရး ရဲေတြက ဖမ္းဆီးထိန္းသိမ္းခဲ့စဥ္မွာ ေသဆုံးခဲ့့ပါတယ္။ အဲဒါကို မေၾကမနပ္ျဖစ္ၾကၿပီး စက္တင္ဘာ ၁၆ ရက္ေန႔မွာ ႏိုင္ငံအဝွမ္း အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ေနရာအႏွံျဖစ္ပြားခဲ့ရာကေန အခုဆိုရင္ သီတင္း ၃ ပတ္ထဲကို ေရာက္ရွိလာပါတယ္။

ဆႏၵျပပဲြေတြအတြင္း အနည္းဆုံး လူ ၁၄ ဦးေသဆုံးၿပီး ၁ ၅ဝဝ ေလာက္ ဒဏ္ရာရရွိၾကေၾကာင္း အစိုးရက ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြကို စုစည္းထားတဲ့ AP သတင္းဌာနက ေဖာ္ျပခဲ့ေပမဲ့ လူ႔အခြင့္အေရးအဖြဲ႔အစည္းေတြကေတာ့ ေသဆုံးသူက အနည္းဆုံး ၁၃ဝ နဲ႔ အဖမ္းခံရသူေတြက ေထာင္ဂဏန္းနဲ႔ ခ်ီရွိႏိုင္တယ္လို႔ ေျပာေနၾကပါတယ္။

အီရန္အစိုးရကေတာ့ Amini ဟာ ရဲတပ္ဖြဲ႔က ရိုက္ႏွက္ျခင္းမရွိပဲ ႏွလုံးေရာဂါေၾကာင့္ ေသဆုံးရတာလို႔ သတင္းထုတ္ျပန္ၿပီး ႏိုင္ငံရဲ႕ အာဏာအရွိဆုံး ေခါင္းေဆာင္လည္းျဖစ္ ၊ ဘာသာေရးေခါင္းေဆာင္လည္းျဖစ္သူ Ayatollah Ali Khamenei ကလည္း အဲဒီေသဆုံးမႈအတြက္ ဝမ္းနည္းေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

အီရန်မှာ ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းမှု အမေရိကန်ဝေဖန်

{{Zawgyi/Unicode}}
အီရန်မှာ အမျိုးသမီးတဦး ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရတဲ့အတွက် မကျေမနပ်ဖြစ်ပြီး နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းနေတာကို အမေရိကန် အစိုးရက တနင်္လာနေ့က ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။

အီရန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ က ငြိမ်းငြိမ်းချမ်းချမ်း နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေကြတာကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်း အစုလိုက် အပြုံလိုက် ဖမ်းဆီး လိုက်တဲ့ သတင်းကြောင့် မိမိတို့ အမေရိကန် အစိုးရအနေနဲ့ တုံလှုပ် ထိတ်လန့်ရပါတယ်လို့ သမ္မတ အိမ်ဖြူတော် ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ Karine Jean-Pierre က ပြောပါတယ်။ ပြီးခဲ့တဲ့လက မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အမေရိကန်ပိုင် Puerto Rico ကျွန်းကို သမ္မတ Joe Biden နဲ့အတူ သွားရောက်နေစဉ်မှာ သတင်းသမားတွေကို သူက ပြောလိုက်တာဖြစ်ပါတယ်။

ဒါအပြင် အီရန် အမျိုးသမီးတဦး ရဲလက်မှာ သေဆုံးလို့ မကျေမနပ်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူတွေ က ဆန္ဒပြကြတာဟာ သူတို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အဲဒီလို ဆန္ဒပြကြတဲ့သူတွေကို ဖမ်းဆီးတာဟာ အီရန်က လူငယ်တွေကို ဂုဏ်သိက္ခာ နဲ့ အခွင့်အလမ်းတွေ ရှာဖွေဖို့အတွက် နိုင်ငံအပြင်ကို ထွက်ခွာသွားစေတဲ့ အကြောင်းအရင်း ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က အသက် ၂၂ နှစ်အရွယ် အမျိုးသမီး Mahsa Amini ဟာ ခေါင်းစည်းပုဝါခြုံရမယ့် စည်းကမ်းကို တိတိကျကျ မလိုက်နာဘူးဆိုပြီး ဘာသာရေး ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်မှာ သေဆုံးခဲ့ပါတယ်။ အဲဒါကို မကြေမနပ်ဖြစ်ကြပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ နိုင်ငံအဝှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေရာအနှံဖြစ်ပွားခဲ့ရာကနေ အခုဆိုရင် သီတင်း ၃ ပတ်ထဲကို ရောက်ရှိလာပါတယ်။

ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး ၁ ၅ဝဝ လောက် ဒဏ်ရာရရှိကြကြောင်း အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို စုစည်းထားတဲ့ AP သတင်းဌာနက ဖော်ပြခဲ့ပေမဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ သေဆုံးသူက အနည်းဆုံး ၁၃ဝ နဲ့ အဖမ်းခံရသူတွေက ထောင်ဂဏန်းနဲ့ ချီရှိနိုင်တယ်လို့ ပြောနေကြပါတယ်။

အီရန်အစိုးရကတော့ Amini ဟာ ရဲတပ်ဖွဲ့က ရိုက်နှက်ခြင်းမရှိပဲ နှလုံးရောဂါကြောင့် သေဆုံးရတာလို့ သတင်းထုတ်ပြန်ပြီး နိုင်ငံရဲ့ အာဏာအရှိဆုံး ခေါင်းဆောင်လည်းဖြစ် ၊ ဘာသာရေးခေါင်းဆောင်လည်းဖြစ်သူ Ayatollah Ali Khamenei ကလည်း အဲဒီသေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG