သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္က ထိန္းခ်ဳပ္ထားတဲ့ အီရန္အစိုးရေငြ ေဒၚလာ ၇ ဘီလီယံနဲ႔ အက်ဥ္းသားႏွစ္ဦး လဲလွယ္


အီရန္လူမ်ိဳး အေမရိကန္ႏိုင္ငံသား တစ္ေယာက္ကို တိုင္းျပည္က ထြက္ခြါခြင့္ေပးလိုက္ၿပီး၊ သူ႔သားကို ဖမ္းဆီးထားရာက ျပန္လႊတ္ေပးလိုက္ၿပီးတဲ့ေနာက္ အေမရိကန္က လႊဲေျပာင္းခြင့္ ပိတ္ပင္ထားတဲ့ အီရန္ႏိုင္ငံရဲ႕ ႏိုင္ငံျခားရန္ပုံေငြ ေဒၚလာ ၇ ဘီလီယံကို လႊတ္ေပးဖို႔ ေစာင့္ေနေၾကာင္း အီရန္ႏိုင္ငံေတာ္ပိုင္ မီဒီယာေတြက တနဂၤေႏြေန႔က ေျပာၾကပါတယ္။

ေဆးကုသဖို႔အတြက္ အသက္ ၈၅ ႏွစ္ အ႐ြယ္၊ မစၥတာ Baquer Namazi ကို ႏိုင္ငံက ထြက္ခြါခြင့္ ျပဳလိုက္ၿပီး၊ အသက္ ၅၀ အ႐ြယ္၊ သူ႔သား Siamak ကိုလည္း တီဟီရန္ အက်ဥ္းစခန္းကေန လႊတ္လိုက္ေၾကာင္း ကုလသမဂၢက စေနေန႔က ေျပာပါတယ္။ အီရန္သမၼတကို သူ ေမတၱာရပ္ခံၿပီးတဲ့ေနာက္ အခုလို ခြင့္ျပဳခဲ့တဲ့အတြက္ အတြင္းေရးမႉးခ်ဳပ္က ေက်းဇူးတင္ေၾကာင္း ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ Dujarric က ဆိုပါတယ္။ အီရန္ႏိုင္ငံက သားအဖ ႏွစ္ေယာက္လုံးကို သူလွ်ိဳ အမႈနဲ႔ ၂၀၁၆ ခုႏွစ္က ျပစ္ဒဏ္ ၁၀ ႏွစ္ ခ်ခဲ့တာပါ။ သူတို႔ဟာ သူလွ်ိဳ မဟုတ္ဘူးလို႔ အေမရိကန္ တာဝန္ရွိသူေတြက ေျပာပါတယ္။

ႏွစ္ႏိုင္ငံအၾကား အက်ဥ္းသားေတြ လႊတ္ေပးေရးကို အၿပီးသတ္ ညႇိဳႏႈိင္းေဆြးေႏြးခဲ့ၾကၿပီးတဲ့ေနာက္ အီရန္ႏိုင္ငံပိုင္ ေဒၚလာ ၇ ဘီလီယံကို လႊဲေျပာင္းခြင့္ ေပးရပါမယ္လို႔ အီရန္ႏိုင္ငံေတာ္ပိုင္ သတင္းဌာန IRNA က ဆိုပါတယ္။ ကုလသမဂၢက ပိတ္ဆို႔အေရးယူလိုက္ၿပီးတဲ့ေနာက္ အီရန္ႏိုင္ငံပိုင္ေငြေတြဟာ တ႐ုတ္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံတို႔မွာ ရွိေနၾကပါတယ္။ ေတာင္ကိုရီးယားက ေဒၚလာ ၇ ဘီလီယံကို လႊတ္ေပးဖို႔ အီရန္က အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့သလို၊ တကယ္လို႔ ညဴကလီယာဆိုင္ရာ သေဘာတူညီခ်က္တစ္ရပ္ ရရွိခဲ့ရင္၊ အေမရိကန္က ထြက္မသြားပါဘူးဆိုတဲ့ ကတိကဝတ္ကိုပါေပးဖို႔ ေတာင္းဆိုထားပါတယ္။

အီရန္ ရဲ႕ ညဴကလီယာ အစီအစဥ္ အေပၚ ထိန္းခ်ဳပ္ႏိုင္ေရး သေဘာတူညီခ်က္ ကို ၂၀၁၅ မွာ ရရွိခဲ့ၿပီး ပိတ္ဆို႔အေရးယူတာေတြ ကို ျဖည္ေလွ်ာ့ဖို႔ အစီအစဥ္ ရွိခဲ့ေပမဲ့၊ ၂၀၁၈ မွာ အေမရိကန္ သမၼတ ထရမ့္ က သေဘာတူညီခ်က္ က ထြက္ခဲ့တာေၾကာင့္၊ သမၼတ ဘိုင္ဒင္ လက္ထက္ မွာ ဥေရာပ အင္အားႀကီးေတြ ကို ၾကားထားၿပီး ေဆြးေႏြးပြဲ ျပန္လုပ္ေနရတာ ျဖစ္ပါတယ္။

==== Unicode ===

အီရန်လူမျိုး အမေရိကန်နိုင်ငံသား တစ်ယောက်ကို တိုင်းပြည်က ထွက်ခွါခွင့်ပေးလိုက်ပြီး၊ သူ့သားကို ဖမ်းဆီးထားရာက ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက် အမေရိကန်က လွှဲပြောင်းခွင့် ပိတ်ပင်ထားတဲ့ အီရန်နိုင်ငံရဲ့ နိုင်ငံခြားရန်ပုံငွေ ဒေါ်လာ ၇ ဘီလီယံကို လွှတ်ပေးဖို့ စောင့်နေကြောင်း အီရန်နိုင်ငံတော်ပိုင် မီဒီယာတွေက တနင်္ဂနွေနေ့က ပြောကြပါတယ်။

ဆေးကုသဖို့အတွက် အသက် ၈၅ နှစ် အရွယ်၊ မစ္စတာ Baquer Namazi ကို နိုင်ငံက ထွက်ခွါခွင့် ပြုလိုက်ပြီး၊ အသက် ၅၀ အရွယ်၊ သူ့သား Siamak ကိုလည်း တီဟီရန် အကျဉ်းစခန်းကနေ လွှတ်လိုက်ကြောင်း ကုလသမဂ္ဂက စနေနေ့က ပြောပါတယ်။ အီရန်သမ္မတကို သူ မေတ္တာရပ်ခံပြီးတဲ့နောက် အခုလို ခွင့်ပြုခဲ့တဲ့အတွက် အတွင်းရေးမှူးချုပ်က ကျေးဇူးတင်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Dujarric က ဆိုပါတယ်။ အီရန်နိုင်ငံက သားအဖ နှစ်ယောက်လုံးကို သူလျှို အမှုနဲ့ ၂၀၁၆ ခုနှစ်က ပြစ်ဒဏ် ၁၀ နှစ် ချခဲ့တာပါ။ သူတို့ဟာ သူလျှို မဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

နှစ်နိုင်ငံအကြား အကျဉ်းသားတွေ လွှတ်ပေးရေးကို အပြီးသတ် ညှိုနှိုင်းဆွေးနွေးခဲ့ကြပြီးတဲ့နောက် အီရန်နိုင်ငံပိုင် ဒေါ်လာ ၇ ဘီလီယံကို လွှဲပြောင်းခွင့် ပေးရပါမယ်လို့ အီရန်နိုင်ငံတော်ပိုင် သတင်းဌာန IRNA က ဆိုပါတယ်။ ကုလသမဂ္ဂက ပိတ်ဆို့အရေးယူလိုက်ပြီးတဲ့နောက် အီရန်နိုင်ငံပိုင်ငွေတွေဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ရှိနေကြပါတယ်။ တောင်ကိုရီးယားက ဒေါ်လာ ၇ ဘီလီယံကို လွှတ်ပေးဖို့ အီရန်က အကြိမ်ကြိမ်တောင်းဆိုခဲ့သလို၊ တကယ်လို့ ညူကလီယာဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ရင်၊ အမေရိကန်က ထွက်မသွားပါဘူးဆိုတဲ့ ကတိကဝတ်ကိုပါပေးဖို့ တောင်းဆိုထားပါတယ်။

အီရန် ရဲ့ ညူကလီယာ အစီအစဉ် အပေါ် ထိန်းချုပ်နိုင်ရေး သဘောတူညီချက် ကို ၂၀၁၅ မှာ ရရှိခဲ့ပြီး ပိတ်ဆို့အရေးယူတာတွေ ကို ဖြည်လျှော့ဖို့ အစီအစဉ် ရှိခဲ့ပေမဲ့၊ ၂၀၁၈ မှာ အမေရိကန် သမ္မတ ထရမ့် က သဘောတူညီချက် က ထွက်ခဲ့တာကြောင့်၊ သမ္မတ ဘိုင်ဒင် လက်ထက် မှာ ဥရောပ အင်အားကြီးတွေ ကို ကြားထားပြီး ဆွေးနွေးပွဲ ပြန်လုပ်နေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG