သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ Masha Amini သေဆုံးရမှု ဆန္ဒပြပွဲ ကျန်နိုင်ငံတချို့ကိုကူးစက်


تظاهرکنندگان زن در اعتراض به مرگ مهسا امینی موی سر خود را بریده‌اند. برلین، آلمان. ٢٣ سپتامبر ٢٠٢٢
تظاهرکنندگان زن در اعتراض به مرگ مهسا امینی موی سر خود را بریده‌اند. برلین، آلمان. ٢٣ سپتامبر ٢٠٢٢

တူရကီနိုင်ငံ၊ Istanbul မြို့တော် ရှိ အီရန် ကောင်စစ်ဝန်ရုံး အပြင်ဖက်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမျိုးသမီးတဦးဟာ သူရဲ့ဆံပင်ကိုဖြတ်ပြီး ဆန္ဒပြနေတာကို ကျန်တဲ့ ဒါဇင်နဲ့ ချီရှိကြတဲ့ အမျိုးသမီးတွေက အော်ဟစ်အားပေး ထောက်ခံနေကြပါတယ်။

အီရန်မှာ Masha Amini သေဆုံးရမှု ဆန္ဒပြပွဲ ကျန်နိုင်ငံတချို့ကိုကူးစက်

{{Zawgyi/Unicode}}I
တူရကီနိုင်ငံ၊ Istanbul မြို့တော် ရှိ အီရန် ကောင်စစ်ဝန်ရုံး အပြင်ဖက်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမျိုးသမီးတဦးဟာ သူရဲ့ဆံပင်ကိုဖြတ်ပြီး ဆန္ဒပြနေတာကို ကျန်တဲ့ ဒါဇင်နဲ့ ချီရှိကြတဲ့ အမျိုးသမီးတွေက အော်ဟစ်အားပေး ထောက်ခံနေကြပါတယ်။

ဒါဟာ အီရန်နိုင်ငံမှာ Mahsa Amini ဆိုသူ အမျိုသမီးတဦးကို Hijab ခေါ် ခေါင်းစည်း လျော့တိလျော့ရဲ စည်းလို့ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တဲ့အတွက် အီရန်နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေတာကို ထောက်ခံတဲ့အနေနဲ့ အဲဒီလိုလုပ်တာဖြစ်ပါတယ်။

ကျမတို့အားလုံးဟာ Mahsa Amini တွေဖြစ်ကြတယ်ဆိုပြီး ဆိုင်းဘုတ်ထောင် ဆန္ဒပြကြပါတယ်။ အီရန်နိုင်ငံက အမျိုးသမီးတွေရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတာဟာ ကျမတို့အားလုံးရဲ့ တိုက်ပွဲဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတကာမှာ သွေးစည်းညီညွတ်နေကြတာတွေ အဓွန့်ရှည်ကြပါစေ လို့လည်း တခြားအမျိုးသမီးတဦးက ပြောပါတယ်။

တူရကီအမျိုးသမီးတွေကလည်း သူတို့ရဲ့ ဆံပင်တွေကို ဖြတ်ပြီး Twitter မှာ ပုံတွေတင်ကာ အီရန်အမျိုးသမီးတွေရဲ့ ဆန္ဒပြပွဲကို ထောက်ခံကြပါတယ်။

အလားတူဆန္ဒပွဲတွေကို ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာရှိကြတဲ့ အီရန်အမျိုးသမီး ရာပေါင်းများစွာကလည်း စနေနေ့က ဆန္ဒ ပြုလုပ်ကြပြီး အီရန်ခေါင်းဆောင် Ayatollah Ali Khamenei ကျဆုံးရေး ကြွေးကြော်ကြပါတယ်။

တောင်အမေရိကတိုက် ချီလီနိုင်ငံ ၊ Santiago မြို့မှာလည်း အမျိုးသမီးရေးဆောင်ရွက်နေကြသူတွေက အီရန်အမျိုးသမီးတွေ ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

...........................................


{{Zawgyi/Unicode}}






XS
SM
MD
LG