သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆိုင်ရာသံအမတ်ကြီး ကူဝိတ် ပြန်လည် ခန့်အပ်


بدر عبدالله المنیخ، سفیر جدید کویت در ایران، در حال تقدیم کردن استوارنامه خود به حسین امیرعبداللهیان، وزیر امور خارجه ایران
بدر عبدالله المنیخ، سفیر جدید کویت در ایران، در حال تقدیم کردن استوارنامه خود به حسین امیرعبداللهیان، وزیر امور خارجه ایران

ကူဝိတ်နိုင်ငံက အီရန် ဆိုင်ရာ သံအမတ်ကြီး ခန့်အပ်လိုက်ကြောင်း နှစ်နိုင်ငံ စလုံးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အီရန်ဆိုင်ရာသံအမတ်ကြီး ကူဝိတ် ပြန်လည် ခန့်အပ်

{{Zawgyi/Unicode}}
ကူဝိတ်နိုင်ငံက အီရန် ဆိုင်ရာ သံအမတ်ကြီး ခန့်အပ်လိုက်ကြောင်း နှစ်နိုင်ငံ စလုံးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ၂၀၁၆ ခုနှစ် အတွင်း အီရန်နဲ့ ဆော်ဒီအာရေးဗျကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ဆော်ဒီနဲ့ သွေးစည်းညီညွတ်မှု အနေနဲ့ ကူဝိတ်က အီရန်ဆိုင်ရာ သံအမတ်ကြီးကို ပြန်ခေါ်ခဲ့ပြီးနောက် ၆ နှစ် အကြာမှာ သံအမတ်ကြီး ပြန်လည် ခန့်အပ်မှု ဖြစ်ပါတယ်။

အီရန်ဆိုင်ရာ ကူဝိတ် သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရတဲ့ သံအမတ်ကြီး Bader Abdullah Al-Munaikh က သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို မြို့တော် Tehran မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီး Hossein Amir-Abdollahian ထံ ပေးအပ်ခဲ့ကြောင်း အီရန် နိုင်ငံခြားရေး ဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Al-Munaikh ကို အီရန်ဆိုင်ရာ ကူဝိတ် သံအမတ်ကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း ကူဝိတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကလည်း အတည်ပြုထားပါတယ်။ ကူဝိတ်ဆိုင်ရာ အီရန် သံအမတ်ကြီးကတော့ ရှိထားပြီး ဖြစ်ပါတယ်။

ဆွန်နီ မွတ်ဆလင် အင်အားကြီး ဆော်ဒီ အာရေဗျ က Shiite အများစု အီရန်နဲ့ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်လာမှု အတွက် ကူဝိတ်ဘက်က ဆောင်ရွက်ချက် ထွက်ပေါ်လာတာပါ။ ထင်ရှားတဲ့ Shiite ဘာသာရေး ဆရာ တဦးကို ဆော်ဒီအာရေဗျက ကွပ်မျက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် အတွင်းမှာဘဲ အီရန် ဆန္ဒပြသူတွေက အီရန်က ဆော်ဒီ သံရုံးကို စီးနင်းဝင်ရောက်ခဲ့ကြပြီးနောက်မှာ ဆော်ဒီက အီရန် အစိုးရနဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗျဘက်က ရပ်တည်တဲ့ အနေနဲ့ တခြားသော ပင်လယ်ကွေ့ နိုင်ငံတွေက အီရန်နဲ့ ဆက်ဆံရေး လျှော့ချခဲ့သလို ကူဝိတ်ကလည်း သံအမတ်ကြီးကို ပြန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကလည်း အီရန်ကို သံအမတ်ကြီး စေလွှတ်ရေး ဆောင်ရွက်နေကြောင်း အကြီးတန်း တာဝန်ရှိသူ တဦးက ပြီးခဲ့တဲ့ လအတွင်းမှာ ပြောဆိုထားပါတယ်။ ဆော်ဒီအာရေဗျနဲ့ အီရန်ကြားမှာလည်း ပြီးခဲ့တဲ့နှစ်က တိုက်ရိုက် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

..............................................


{{Zawgyi/Unicode}}





XS
SM
MD
LG