သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူးကလီယားအစီအစဉ် စောင့်ကြည့်ဖို့ ခက်ခဲလာ


EU Iran Nuclear
EU Iran Nuclear

အီရန်နိုင်ငံရဲ့ နျူးကလီယားအစီအစဉ်ဟာ မြန်မြန်ဆန်ဆန် ရှေ့တိုးဆောင်ရွက်လာနေတယ်လို့ ကုလသမဂ္ဂ နျူးကလီယားဆိုင်ရာ အကြီးအကဲက ဆိုပါတယ်။ အီရန်အနေနဲ့ အခုလိုဆက်လုပ်နေတာကို တွေ့မြင်နိုင်တဲ့အနေအထားက မရှိသလောက်ဖြစ်နေတယ်လို့လည်း IAEA ကုလသမဂ္ဂ အဏုမြူစွမ်းအင်အေဂျင်စီ အရာရှိချုပ် Rafael Grossi က ဆက်ပြောပါတယ်။ အီရန်နျူးကလီယာဆိုင်ရာ ၂၀၁၅ ခုနှစ် စာချုပ်အရ တပ်ဆင်ထားခဲတဲ့ IAEA ရဲ့ စောင့်ကြည့်ရေး ကရိယာတွေကို၊ ဇွန်လထဲမှာ အီရန်က စဖယ်ရှားပြီးတဲ့နောက် အခုလို မတွေနိုင်သလောက်ဖြစ်သွားတာလို့ အရာရှိချုပ် Grossi က စပိန် သတင်းစာ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ခပ်မြန်မြန်ဖြစ်ထွန်းနေတဲ့ အီရန်နျူးကလီယားအစီအစဉ်ကို မတွေ့ရသလောက်က ၅ ပတ် ရှိသွားပြီမို့ နောက်သဘောတူချက်အတွက် ဆက်စပ်စဉ်းစားဖို့ခက်သွားပြီလို့ မနေ့ထုတ် El Pais သတင်းစာ အင်တာဗျုးထဲမှာ IAEA အရာရှိချုပ် Grossi က ထောက်ပြလိုက်ပါတယ်။

အမေရိကန်သမ္မတဟောင်း Donal Trump ဘက်က အရင် ၂၀၁၅ နျူးကလီယားသဘောတူစာချုပ်ကနေ တဖက်သတ်နှုတ်ထွက်အပြီး အီရန်ဘက်ကည်း စာချုပ်ကိုဆက်မလိုက်နာဘဲ နောက်ဆုံးအခုလို ဖြစ်လာခဲ့တာပါ။

နျူးကလီယားစာချုပ်ကို ပြန်အသက်သွင်းဖို့ အမေရိကန်နဲ့ အီရန်အကြားတဆင့်ခံဆွေးနွေးပွဲတွေကလည်း မတ်လထဲက တန့်နေချိန်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဘက်ကတော့ အမေရိကန်အနေနဲ့ စီးပွားရေးအာမခံချက်ထည့်ပေးဖို့လိုမယ်လို့ တင်းခံထားပါတယ်။

ဒါပေမဲ့ ဗြိတိန် ထောက်လှမ်းရေး MI6 အကြီးအကဲကတော့ အီရန်အနေနဲ့ ဒီသဘောတူချက် ပြန်အသက်သွင်းချင်ပုံမရှိဘူးလို့ ဝေဖန်ထားပြီး၊ အနောက်အင်အားကြီးနိုင်ငံတွေဘက်ကလည်း အီရန်ရဲ့ အနူမြူလက်နက်ထုတ်လုပ်ရေး တဆင့်ခုန်တက်ဖို့ နီးစပ်နေပြီလို့ သတိပေးထားပါတယ်။

===Unicode ====





XS
SM
MD
LG