သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေရွ႕အလယ္ပိုင္းေဒသ တင္းမာေအာင္အေမရိကန္ရန္စလို႔ အီရန္စြပ္စြဲ


Russian President Vladimir Putin, right, speaks to Iran's President Hasan Rouhani during the Shanghai Cooperation Organization summit in Bishkek, Kyrgyzstan

အေမရိကန္ျပည္ေထာင္စုဟာ အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြျဖစ္ေအာင္ ရန္စေနတယ္လို႔ အီရန္ႏိုင္ငံဘက္က ဒီေန႔ စြပ္စြဲလိုက္ပါတယ္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ ေဒသတြင္းက အစၥေရးလ္ နဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံ ခရီးစဥ္ေတြၿပီးဆုံးၿပီး တရက္အၾကာမွာပဲ အီရန္ဘက္က အခုလို စြပ္စြဲလိုက္တာပါ။

အေမရိကန္အစိုးရဟာ သူတို႔ရဲ႕ မေအာင္ျမင္တဲ့ အီရန္ကို ေၾကာက္႐ြံ႕တဲ့မူဝါဒကို တဖန္ျပန္အသုံးျပဳၿပီးေတာ့ ေဒသတြင္းမွာ တင္းမာမႈေတြနဲ႔ ပဋိပကၡေတြျဖစ္ေအာင္ ဖန္တီးေနတယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Nasser Kanani က ေၾကျငာခ်က္ထဲမွာ ေျပာထားပါတယ္

ေဒသတြင္းမွာ ႏိုင္ငံတခုခု စစ္ေရးအရအားေကာင္းလာေအာင္ တည္ေဆာက္ၿပီးျဖစ္ျဖစ္၊ က်ဴးေက်ာ္ဝင္ေရာက္ၿပီး ဒါမွမဟုတ္ ၿခိမ္းေျခာက္ၿပီး တျခားႏိုင္ငံတခုကို လႊမ္းမိုးအႏိုင္ယူဖို႔ ႀကိဳးပမ္းမႈေတြကို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဘယ္လိုမွ သည္းခံသြားမွာ မဟုတ္ဘူးလို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က မေန႔ကေျပာၿပီးတဲ့ေနာက္ အီရန္ဘက္ကလည္း အခုလို တုံ႔ျပန္လိုက္တာ ျဖစ္ပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္အတြက္ေတာ့ အဲဒီအေရွ႕အလယ္ပိုင္း ခရီးစဥ္ဟာ သူ႔ရဲ႕ ပထမဆုံး အေရွ႕အလယ္ပိုင္းခရီးစဥ္ျဖစ္ၿပီး၊ ႐ုရွားသမၼတ ဗလာဒီမီယာပူတင္ ဇူလိုင္ ၁၉ ရက္ေန႔ အီရန္ႏိုင္ငံ တဟီရန္ၿမိဳ႕ကို မသြားခင္ ရက္ပိုင္းအလိုမွာ သြားေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။

=== Unicode ===

အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေဖြစ်အောင် ရန်စနေတယ်လို့ အီရန်နိုင်ငံဘက်က ဒီနေ့ စွပ်စွဲလိုက်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒေသတွင်းက အစ္စရေးလ် နဲ့ ဆော်ဒီအာရေဗျနိုင်ငံ ခရီးစဉ်တွေပြီးဆုံးပြီး တရက်အကြာမှာပဲ အီရန်ဘက်က အခုလို စွပ်စွဲလိုက်တာပါ။

အမေရိကန်အစိုးရဟာ သူတို့ရဲ့ မအောင်မြင်တဲ့ အီရန်ကို ကြောက်ရွံ့တဲ့မူဝါဒကို တဖန်ပြန်အသုံးပြုပြီးတော့ ဒေသတွင်းမှာ တင်းမာမှုတွေနဲ့ ပဋိပက္ခတွေဖြစ်အောင် ဖန်တီးနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Nasser Kanani က ကြေငြာချက်ထဲမှာ ပြောထားပါတယ်

ဒေသတွင်းမှာ နိုင်ငံတခုခု စစ်ရေးအရအားကောင်းလာအောင် တည်ဆောက်ပြီးဖြစ်ဖြစ်၊ ကျူးကျော်ဝင်ရောက်ပြီး ဒါမှမဟုတ် ခြိမ်းခြောက်ပြီး တခြားနိုင်ငံတခုကို လွှမ်းမိုးအနိုင်ယူဖို့ ကြိုးပမ်းမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုမှ သည်းခံသွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မနေ့ကပြောပြီးတဲ့နောက် အီရန်ဘက်ကလည်း အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အတွက်တော့ အဲဒီအရှေ့အလယ်ပိုင်း ခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး အရှေ့အလယ်ပိုင်းခရီးစဉ်ဖြစ်ပြီး၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင် ဇူလိုင် ၁၉ ရက်နေ့ အီရန်နိုင်ငံ တဟီရန်မြို့ကို မသွားခင် ရက်ပိုင်းအလိုမှာ သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG