သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မြတ္ဆလင္ ေခါင္းစည္းပုဝါမဝတ္လို႔ အဖမ္းခံရတဲ႔ အီရန္မိန္းကေလး ရဲအခ်ဳပ္မွာေသဆံုး


Mahsa Amini (Jina) مهسا (ژینا) امینی

အီရန္ႏိုင္ငံမွာ မြတ္ဆလင္ အမ်ိဳးသမီးေတြ ၀တ္ဆင္တဲ့ ေခါင္းစီးပုဝါ မ၀တ္ဆင္တဲ့အတြက္ ဖမ္းဆီးခံရတဲ့ အသက္ ၂၂ ႏွစ္ အရြယ္ အမ်ိဳးသမီးငယ္ Mahsa Amini ေသဆုံးသြားတဲ့အတြက္ လူမႈကြန္ယက္ေပၚမွာ ဝိုင္း၀န္း ကန္႔ကြက္ရႈံ႔ခ်မႈေတြ ျဖစ္ေပၚေနပါတယ္။ 

မြတ္ဆလင္ ေခါင္းစည္းပုဝါမဝတ္လို႔ အဖမ္းခံရတဲ႔ အီရန္မိန္းကေလး ရဲအခ်ဳပ္မွာေသဆံုး

{{Zawgyi/Unicode}}
အီရန္ႏိုင္ငံမွာ မြတ္ဆလင္ အမ်ိဳးသမီးေတြ ၀တ္ဆင္တဲ့ ေခါင္းစီးပုဝါ မ၀တ္ဆင္တဲ့အတြက္ ဖမ္းဆီးခံရတဲ့ အသက္ ၂၂ ႏွစ္ အရြယ္ အမ်ိဳးသမီးငယ္ Mahsa Amini ေသဆုံးသြားတဲ့အတြက္ လူမႈကြန္ယက္ေပၚမွာ ဝိုင္း၀န္း ကန္႔ကြက္ရႈံ႔ခ်မႈေတြ ျဖစ္ေပၚေနပါတယ္။

လြြန္ခဲ့တဲ့ လပိုင္းအနည္းငယ္က အီရန္ႏိုင္ငံမွာ အခြင့္အေရးလႈပ္ရွားသူ အမ်ိဳးသမီးေတြက ေခါင္းစီးပုဝါေတြ မ၀တ္ဆင္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ အီရန္ အာဏာပိုင္ေတြကေတာ့ အစၥလမၼစ္ ၀တ္စားဆင္ယင္မႈ မလိုက္နာသူေတြအေပၚ အျပင္းအထန္ ႏိုပ္ကြပ္ အေရးယူပါတယ္။

Mahsa Amini ဟာ အီရန္ က်င့္၀တ္ထိန္းသိမ္းေရး ရဲေတြရဲ႔ ႐ိုက္ႏွက္မႈေၾကာင့္ သတိလစ္ ေမ့ေျမာၿပီး ေသဆုံးခဲ့တယ္လို႔ လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာ စြပ္စဲြထားပါတယ္။ အီရန္တာ၀န္ရွိသူေတြကေတာ့ ဒီစြပ္စဲြခ်က္ကို ျငင္းဆိုပါတယ္။

Mahsa Amini ဟာ အခ်ဳပ္ခန္းအတြင္း မက်န္းမာတဲ့အတြက္ ေသဆုံးခဲ့တယ္လို႔ ေသာၾကာေန႔က ရဲေတြကေျပာဆိုေၾကာင္း အစိုးရသတင္းဌာန က ထုတ္ျပန္ပါတယ္။ အီရန္အစိုးရဲ႔ စုံစမ္းစစ္ေဆးမႈအရ ေသဆုံးသူမွာ ႐ုပ္ပိုင္းဆိုင္ ထိခိ္ုက္နာက်င္မႈ မရွိဘူးလို႔ေဖၚျပပါတယ္။ ႏွလုံးေရာဂါေၾကာင့္ ေသဆုံးခဲ့တယ္လို႔ အေစာပိုင္း က ရဲေတြကေျပာဆိုပါတယ္။ ဒါေပမယ့္ မိသားစုကေတာ့ သူမွာ ႏွလုံးေရာဂါ မရွိဘူးလုိ ႔ေျပာဆိုပါတယ္။

Mahsa Amini ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ကေတာ့ “အသက္ ၂၂ ႏွစ္အရြယ္ Mahsa Amini ဟာ အီရန္က်င့္၀တ္ထိန္းသိမ္းေရးရဲေတြ က ႐ိုက္ႏွက္ခဲ့တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ၿပီး ေသဆုံးသြားတဲ့အတြက္ လြန္စြာမွ စိုးရိမ္မကင္း ျဖစ္မိေၾကာင္း နဲ႔ ဒီလူ႔အခြင့္အေရးခ်ိဳးေဖါက္မႈအတြက္ အီရန္အစိုးရက တာ၀န္ယူဖို႔ ဆက္လက္ေတာင္းဆိုသြားမယ္လို႔ အေမရိကန္ လုံျခဳံေရး ေကာင္စီအၾကံေပး Jake Sullivan က Twitter မွာ ေရးသားေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................

မွတ်ဆလင် ခေါင်းစည်းပုဝါမဝတ်လို့ အဖမ်းခံရတဲ့ အီရန်မိန်းကလေး ရဲအချုပ်မှာသေဆုံး

{{Zawgyi/Unicode}}
အီရန်နိုင်ငံမှာ မွတ်ဆလင် အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ခေါင်းစီးပုဝါ မဝတ်ဆင်တဲ့အတွက် ဖမ်းဆီးခံရတဲ့ အသက် ၂၂ နှစ် အရွယ် အမျိုးသမီးငယ် Mahsa Amini သေဆုံးသွားတဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ ဝိုင်းဝန်း ကန့်ကွက်ရှုံ့ချမှုတွေ ဖြစ်ပေါ်နေပါတယ်။

လွန်ခဲ့တဲ့ လပိုင်းအနည်းငယ်က အီရန်နိုင်ငံမှာ အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတွေက ခေါင်းစီးပုဝါတွေ မဝတ်ဆင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အီရန် အာဏာပိုင်တွေကတော့ အစ္စလမ္မစ် ဝတ်စားဆင်ယင်မှု မလိုက်နာသူတွေအပေါ် အပြင်းအထန် နိုပ်ကွပ် အရေးယူပါတယ်။

Mahsa Amini ဟာ အီရန် ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် သတိလစ် မေ့မြောပြီး သေဆုံးခဲ့တယ်လို့ လူမှုကွန်ယက် စာမျက်နှာတွေမှာ စွပ်စွဲထားပါတယ်။ အီရန်တာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

Mahsa Amini ဟာ အချုပ်ခန်းအတွင်း မကျန်းမာတဲ့အတွက် သေဆုံးခဲ့တယ်လို့ သောကြာနေ့က ရဲတွေကပြောဆိုကြောင်း အစိုးရသတင်းဌာန က ထုတ်ပြန်ပါတယ်။ အီရန်အစိုးရဲ့ စုံစမ်းစစ်ဆေးမှုအရ သေဆုံးသူမှာ ရုပ်ပိုင်းဆိုင် ထိခိုက်နာကျင်မှု မရှိဘူးလို့ဖေါ်ပြပါတယ်။ နှလုံးရောဂါကြောင့် သေဆုံးခဲ့တယ်လို့ အစောပိုင်း က ရဲတွေကပြောဆိုပါတယ်။ ဒါပေမယ့် မိသားစုကတော့ သူမှာ နှလုံးရောဂါ မရှိဘူးလို့ပြောဆိုပါတယ်။

Mahsa Amini သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ “အသက် ၂၂ နှစ်အရွယ် Mahsa Amini ဟာ အီရန်ကျင့်ဝတ်ထိန်းသိမ်းရေးရဲတွေ က ရိုက်နှက်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး သေဆုံးသွားတဲ့အတွက် လွန်စွာမှ စိုးရိမ်မကင်း ဖြစ်မိကြောင်း နဲ့ ဒီလူ့အခွင့်အရေးချိုးဖေါက်မှုအတွက် အီရန်အစိုးရက တာဝန်ယူဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ အမေရိကန် လုံခြုံရေး ကောင်စီအကြံပေး Jake Sullivan က Twitter မှာ ရေးသားပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG