သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ အက်ဥ္းသားလဲလွယ္ဖုိ႔ အီရန္ကမ္းလွမ္း


(Zawgyi / Unicode)

အေမရိကန္နဲ႔ အက်ဥ္းသားလဲလွယ္ေရး အတြက္ အီရန္က ျပင္ဆင္ထားေၾကာင္း ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ တဦးကို ကိုးကားၿပီး အီရန္ သတင္းက ေဖာ္ျပပါတယ္။ အေမရိကန္ သမၼတ Joe Biden အစိုးရ အေနနဲ႔ အေျပာနဲ႔ မဟုတ္ဘဲ လက္ေတြ႔ လုပ္ေဆာင္ဖို႔ကိုလည္း ေျပာခြင့္ရ Nasser Kanaani ရဲ႕ ေျပာဆိုခ်က္ကို အီရန္ အစိုးရအာေဘာ္ FARS သတင္းေအဂ်င္စီက ေဖာ္ျပထားတာပါ။

အီရန္ အေမရိကန္ Siamak Namazi ကို အီရန္မွာ မွားယြင္း ဖမ္းဆီးထားတာ ရက္ေပါင္း ၂,၅၀၀ ရွိၿပီျဖစ္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Antony Blinken က အဂၤါေန႔မွာ ေျပာဆိုခဲ႔တာပါ။ သူနဲ႔ အတူ သူ႔ရဲ႕ ဖခင္ျဖစ္သူ Baquer အပါအ၀င္ အီရန္မွာ မွားယြင္း ဖမ္းဆီးခံထားရသူ အေမရိကန္ အားလံုး လြတ္ေျမာက္ေရးနဲ႔ ဌာေနျပန္ႏုိင္ေရး အတြက္ ပိုင္းျဖတ္ထားေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Blinken က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ႔တာပါ။

အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price ကလည္း အီရန္မွာ အေမရိကန္ေတြဟာဆိုရင္ ႏုိင္ငံေရး အတြက္ အသံုးခ်ဖို႔ ဖမ္းဆီးထားတာလို႔ အေမရိကန္ဘက္က ယူဆေၾကာင္းနဲ႔ အီရန္ အစိုးရဘက္က ကိုယ္က်ိဳးရွာ အျမတ္ထုတ္ဖို႔ လုပ္တာလို႔ ယူဆေၾကာင္း ေျပာဆိုထားပါတယ္။ ဒီလုပ္ရပ္ဟာ စက္ဆုပ္ဖြယ္ ျဖစ္ၿပီး ဒီလို လုပ္ရပ္မ်ိဳးေတြ ဘယ္မွာဘဲ ျဖစ္ျဖစ္ ရႈတ္ခ်တယ္လို႔လည္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Price က ထပ္ေလာင္း ေျပာပါတယ္။

အီရန္မွာ ဖမ္းဆီးခံ အေမရိကန္ေတြ လြတ္ေျမာက္ေရး ႀကိဳးပမ္းမႈဟာဆိုရင္ အီရန္ရဲ႕ ႏ်ဴးကလီးယား လုပ္ငန္းေတြ ကန္႔သတ္တားျမစ္ၿပီး ဒဏ္ခတ္ပိတ္ဆို႔မႈ ေလွ်ာ့ခ်ေပးထားတဲ႔ ၂၀၁၅ ခုႏွစ္ ႏုိင္ငံတကာ သေဘာတူညီခ်က္ အေရး လက္ရွိ ညွိႏိႈင္း ေဆြးေႏြးမႈေတြနဲ႔ မသက္ဆိုင္ေၾကာင္းလည္း သူက ေျပာပါတယ္။ ဒီ သေဘာတူ စာခ်ဳပ္ကို ျပန္လည္ စတင္ေရး အတြက္ ဥေရာပသမဂၢက ၾကား၀င္ေဆာင္ရြက္တဲ႔ အၿပီးသတ္ အဆိုျပဳခ်က္ အေပၚ အီရန္ရဲ႕ တုံ႔ျပန္မႈကို အေမရိကန္က သံုးသပ္ေနေၾကာင္းလည္း အဂၤါေန႔မွာဘဲ အေမရိကန္က သီးျခား ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမေရိကန်နဲ့ အကျဉ်းသားလဲလှယ်ဖို့ အီရန်ကမ်းလှမ်း

အမေရိကန်နဲ့ အကျဉ်းသားလဲလှယ်ရေး အတွက် အီရန်က ပြင်ဆင်ထားကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ တဦးကို ကိုးကားပြီး အီရန် သတင်းက ဖော်ပြပါတယ်။ အမေရိကန် သမ္မတ Joe Biden အစိုးရ အနေနဲ့ အပြောနဲ့ မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ဖို့ကိုလည်း ပြောခွင့်ရ Nasser Kanaani ရဲ့ ပြောဆိုချက်ကို အီရန် အစိုးရအာဘော် FARS သတင်းအေဂျင်စီက ဖော်ပြထားတာပါ။

အီရန် အမေရိကန် Siamak Namazi ကို အီရန်မှာ မှားယွင်း ဖမ်းဆီးထားတာ ရက်ပေါင်း ၂,၅၀၀ ရှိပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အင်္ဂါနေ့မှာ ပြောဆိုခဲ့တာပါ။ သူနဲ့ အတူ သူ့ရဲ့ ဖခင်ဖြစ်သူ Baquer အပါအဝင် အီရန်မှာ မှားယွင်း ဖမ်းဆီးခံထားရသူ အမေရိကန် အားလုံး လွတ်မြောက်ရေးနဲ့ ဌာနေပြန်နိုင်ရေး အတွက် ပိုင်းဖြတ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price ကလည်း အီရန်မှာ အမေရိကန်တွေဟာဆိုရင် နိုင်ငံရေး အတွက် အသုံးချဖို့ ဖမ်းဆီးထားတာလို့ အမေရိကန်ဘက်က ယူဆကြောင်းနဲ့ အီရန် အစိုးရဘက်က ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ လုပ်တာလို့ ယူဆကြောင်း ပြောဆိုထားပါတယ်။ ဒီလုပ်ရပ်ဟာ စက်ဆုပ်ဖွယ် ဖြစ်ပြီး ဒီလို လုပ်ရပ်မျိုးတွေ ဘယ်မှာဘဲ ဖြစ်ဖြစ် ရှုတ်ချတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Price က ထပ်လောင်း ပြောပါတယ်။

အီရန်မှာ ဖမ်းဆီးခံ အမေရိကန်တွေ လွတ်မြောက်ရေး ကြိုးပမ်းမှုဟာဆိုရင် အီရန်ရဲ့ နျူးကလီးယား လုပ်ငန်းတွေ ကန့်သတ်တားမြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချပေးထားတဲ့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက် အရေး လက်ရှိ ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ မသက်ဆိုင်ကြောင်းလည်း သူက ပြောပါတယ်။ ဒီ သဘောတူ စာချုပ်ကို ပြန်လည် စတင်ရေး အတွက် ဥရောပသမဂ္ဂက ကြားဝင်ဆောင်ရွက်တဲ့ အပြီးသတ် အဆိုပြုချက် အပေါ် အီရန်ရဲ့ တုံ့ပြန်မှုကို အမေရိကန်က သုံးသပ်နေကြောင်းလည်း အင်္ဂါနေ့မှာဘဲ အမေရိကန်က သီးခြား ပြောဆိုထားပါတယ်။

XS
SM
MD
LG