သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စာေရးဆရာ ရပ္ရွ္ဒီး တိုက္ခိုက္သူကို လူသတ္ဖို႔ ႀကိဳးစားမႈနဲ႔ အေရးယူ


ကမာၻေက်ာ္ စာေရးဆရာ Salman Rushdie ကို ဓားနဲ႔ထိုးမႈနဲ႔ ဖမ္းဆီးခံထားရသူ Hadi Matar

[[ ZAWGYI / UNICODE ]]

စာေရးဆရာ ရပ္ရွ္ဒီး တိုက္ခိုက္သူကို လူသတ္ရန္ ႀကံစည္မႈနဲ႔ အေရးယူ

အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ ျပည္နယ္မွာ ကမာၻေက်ာ္ စာေရးဆရာ Salman Rushdie ကို ဓားနဲ႔ထိုးမႈနဲ႔ သံသယရွိသူ Hadi Matar ကို လူသတ္ဖို႔ ႀကိဳးစားမႈနဲ႔ စြဲခ်က္တင္လိုက္ပါတယ္။ သူကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားၿပီး အာမခံ မေပးဘူးလို႔ Chautauqua ခ႐ိုင္ အစိုးရေရွ႕ေနက စေနေန႔မွာ ေျပာပါတယ္။

New Jersey ျပည္နယ္က အသက္ ၂၄ ႏွစ္အ႐ြယ္ Matar ကို ေသာၾကာေန႔ ေႏွာင္းပိုင္းမွာပဲ လူသတ္ဖို႔ ႀကိဳးစားမႈ၊ တိုက္ခိုက္ဖို႔ ႀကိဳးစားမႈေတြနဲ႔ အေရးယူလိုက္ေၾကာင္း ဖမ္းဆီးခဲ့ေၾကာင္း ခ႐ိုင္အစိုးရ ေရွ႕ေန Jason Schmidt က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

စေနေန႔က တရားခြင္ကို ႐ုံးထုတ္ခ်ိန္မွာေတာ့ စြပ္စြဲခံရသူက အျပစ္မရွိေၾကာင္း ေလွ်ာက္လဲခဲ့ေၾကာင္း အက်ိဳးေဆာင္ ေရွ႕ေနက ေျပာပါတယ္။ အိႏၵိယႏိုင္ငံဖြား စာေရးဆရာ Rushdie ဟာ ေသာၾကာေန႔က ေဟာေျပာပြဲတခုမွာ လည္ပင္းနဲ႔ ခႏၶာကိုယ္ အေပၚပိုင္းကို ဓားနဲ႔ တိုက္ခိုက္ခံခဲ့ရၿပီးေနာက္ ဒဏ္ရာျပင္းထန္တာေၾကာင့္ ေဆး႐ုံမွာ ကုသမႈ ခံယူေနရဆဲျဖစ္ပါတယ္။

နာရီနဲ႔ခ်ီ ခြဲစိတ္ကုသခဲ့ၿပီး အသက္ရႈစက္တပ္ဆင္ထားရသလို၊ စကားေျပာဆိုႏိုင္ျခင္းမရွိေသးပါဘူး။ ၁၉၈၈ ခုႏွစ္က သူေရးသားခဲ့တဲ့ The Satanic Verses ဆိုတဲ့ စာအုပ္ဟာ အစၥလာမ္ဘာသာကို ေစာ္ကားတယ္ဆိုၿပီး ကမာၻတဝွမ္းက မြတ္ဆလင္ေတြ ကန႔္ကြက္ဆႏၵျပခဲ့သလို အီရန္ ကလည္း သတ္ဖို႔တိုက္တြန္းခဲ့တာပါ။

အေမရိကန္သမၼတ Joe Biden ကေတာ့ စာေရးဆရာ Rushdie တိုက္ခိုက္ခံရမႈကို ရႈတ္ခ်လိုက္ၿပီး၊ အမွန္တရား၊ သတၱိိနဲ႔ ႀကံ့ႀကံ့ခံႏိုင္စြမ္းနဲ႔ စိတ္ကူးစိတ္သန္းေတြကို မေၾကာက္မ႐ြံ႕ ေဖာ္ျပရဲသူအျဖစ္ စေနေန႔က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

========================

{{ UNICODE }}

စာရေးဆရာ ရပ်ရှ်ဒီး တိုက်ခိုက်သူကို လူသတ်ဖို့ ကြိုးစားမှုနဲ့ အရေးယူ

အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်မှာ ကမ္ဘာကျော် စာရေးဆရာ Salman Rushdie ကို ဓားနဲ့ထိုးမှုနဲ့ သံသယရှိသူ Hadi Matar ကို လူသတ်ဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ သူကို ဖမ်းဆီးချုပ်နှောင်ထားပြီး အာမခံ မပေးဘူးလို့ Chautauqua ခရိုင် အစိုးရရှေ့နေက စနေနေ့မှာ ပြောပါတယ်။

New Jersey ပြည်နယ်က အသက် ၂၄ နှစ်အရွယ် Matar ကို သောကြာနေ့ နှောင်းပိုင်းမှာပဲ လူသတ်ဖို့ ကြိုးစားမှု၊ တိုက်ခိုက်ဖို့ ကြိုးစားမှုတွေနဲ့ အရေးယူလိုက်ကြောင်း ဖမ်းဆီးခဲ့ကြောင်း ခရိုင်အစိုးရ ရှေ့နေ Jason Schmidt က ကြေညာချက် ထုတ်ပြန်ပါတယ်။

စနေနေ့က တရားခွင်ကို ရုံးထုတ်ချိန်မှာတော့ စွပ်စွဲခံရသူက အပြစ်မရှိကြောင်း လျှောက်လဲခဲ့ကြောင်း အကျိုးဆောင် ရှေ့နေက ပြောပါတယ်။ အိန္ဒိယနိုင်ငံဖွား စာရေးဆရာ Rushdie ဟာ သောကြာနေ့က ဟောပြောပွဲတခုမှာ လည်ပင်းနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို ဓားနဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံမှာ ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

နာရီနဲ့ချီ ခွဲစိတ်ကုသခဲ့ပြီး အသက်ရှုစက်တပ်ဆင်ထားရသလို၊ စကားပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။ ၁၉၈၈ ခုနှစ်က သူရေးသားခဲ့တဲ့ The Satanic Verses ဆိုတဲ့ စာအုပ်ဟာ အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုပြီး ကမ္ဘာတဝှမ်းက မွတ်ဆလင်တွေ ကန့်ကွက်ဆန္ဒပြခဲ့သလို အီရန် ကလည်း သတ်ဖို့တိုက်တွန်းခဲ့တာပါ။

အမေရိကန်သမ္မတ Joe Biden ကတော့ စာရေးဆရာ Rushdie တိုက်ခိုက်ခံရမှုကို ရှုတ်ချလိုက်ပြီး၊ အမှန်တရား၊ သတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေကို မကြောက်မရွံ့ ဖော်ပြရဲသူအဖြစ် စနေနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG