သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စာေရးဆရာ ရပ္ရွ္ဒီး နယူးေယာက္ျပည္နယ္မွာ တိုက္ခိုက္ခံရ


ကမာၻေက်ာ္ စာေရးဆရာ Salman Rushdie

[[ ZAWGYI / UNICODE ]]

စာေရးဆရာ ရပ္ရွ္ဒီး နယူးေယာက္ျပည္နယ္မွာ တိုက္ခိုက္ခံရ

၁၉၈၀ ျပည့္လြန္ႏွစ္ေတြမွာ အီရန္ႏိုင္ငံက သတ္ဖို႔ၿခိမ္းေျခာက္ခံခဲ့ရတဲ့ ကမာၻေက်ာ္ စာေရးဆရာ Salman Rushdie ဟာ နယူးေယာက္ျပည္နယ္က ေဟာေျပာပဲြတခုအတြင္း တိုက္ခိုက္ခံခဲ့ရပါတယ္။

နယူးေယာက္ျပည္နယ္ အေနာက္ပိုင္းက Chautauqua ပညာေရးဌာနက ေသာၾကာေန႔ ေဟာေျပာပဲြမွာ စကားေျပာဖို႔ မိတ္ဆက္ေပးခ်ိန္မွာပဲ အမ်ိဳးသားတဦး ႐ုတ္တရက္ တက္လာၿပီး ဓားနဲ႔တိုက္ခိုက္ခဲ့တာလို႔လည္း AP သတင္းက ေဖာ္ျပပါတယ္။ တိုက္ခိုက္ခံခဲ့ရတဲ့ အသက္ ၇၅ ႏွစ္ရွိ စာေရးဆရာ Rushdie ကိုေတာ့ ေလေၾကာင္းကေန ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

“ဒီျဖစ္ရပ္ကို ႐ႈတ္ခ်ပါတယ္။ အၾကမ္းဖက္လုပ္ရပ္ အားလုံးကိုလည္း ရႈတ္ခ်ပါတယ္။” လို႔ နယူးေယာက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Kathy Hochul ေျပာဆိုသြားတာပါ။ တိုက္ခိုက္သူကိုေတာ့ အခင္းျဖစ္ရာ ေနရာမွာပဲ ဖမ္းဆီးမိခဲ့ပါတယ္။

စာေရးဆရာႀကီး Salman Rushdie ကို ရဟတ္ယာဥ္နဲ႔ ေဆး႐ုံပို႔ေဆာင္စဥ္။
စာေရးဆရာႀကီး Salman Rushdie ကို ရဟတ္ယာဥ္နဲ႔ ေဆး႐ုံပို႔ေဆာင္စဥ္။

တိုက္ခိုက္သူဟာ နယူးဂ်ာစီျပည္နယ္က အသက္ ၂၄ ႏွစ္အရြယ္ Hadi Matar ျဖစ္ေၾကာင္း ရဲတပ္ဖဲြ႕က အတည္ျပဳခဲ့ေပမဲ့ တိုက္ခိုက္မႈ က်ဳးလြန္ေတာ့ အေၾကာင္းရင္းကိုေတာ့ မသိရပါဘူး။ တိုက္ခိုက္မႈက ရရွိတဲ့ ဒဏ္ရာျပင္းထန္ေပမဲ့ ကုသလို႔ ရႏိုင္တယ္လို႔လည္း ကူညီကုသေပးတဲ့ ဆရာ၀န္တေယာက္က ေျပာပါတယ္။

စာေရးဆရာ Rushdie ဟာ လြတ္လပ္မႈကို ေဖာ္ထုတ္ရာမွာ လူသိမ်ားထင္ရွားသူတဦးျဖစ္သလို အေမရိကန္အေျခစိုက္ PEN America လြတ္လပ္တဲ့ ကေလာင္ရွင္မ်ားအဖြဲ႕ရဲ႕ ဥကၠဌေဟာင္းလည္း ျဖစ္ပါတယ္။

၁၉၈၈ခုႏွစ္က သူေရးသား ထုတ္ေဝခဲ့တဲ့ The Satanic Verses စာအုပ္ဟာ အစၥလာမ္ဘာသာကို ေစာ္ကားတယ္ဆိုၿပီး ကမာၻတဝွမ္း က မြတ္ဆလင္ေတြ အႀကီးအက်ယ္ကန႔္ကြက္ခဲ့ရာမွာ အိႏၵိယႏိုင္ငံ၊ မြန္ဘိုင္းၿမိဳ႕မွာ လူ ၁၂ ဦးေသဆုံးခဲ့တဲ့ အၾကမ္းဖက္မႈအပါအဝင္ ေနရာအႏွံမွာ အၾကမ္းဖက္ ဆႏၵျပခဲ့ၾကပါတယ္။ သူ႔စာအုပ္ကို အီရန္ႏိုင္ငံမွာ ပိတ္ပင္ထားသလို အဲဒီအခ်ိန္က အီရန္ႏိုင္ငံရဲ႕ အာဏာအရွိဆုံး ဘာသာေရးေခါင္းေဆာင္ Ayatollah Khomeini ကလည္း စာေရးဆရာ Rushdie ကို သတ္ျဖတ္ဖို႔ အမိန္႔ထုတ္ခဲ့တာပါ။ သူ႔ကိုသတ္ႏိုင္ရင္ ဆုေငြ ေဒၚလာ ၃ သန္းေက်ာ္ ေပးဖို႔လည္း အီရန္က ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

စာရေးဆရာ ရပ်ရှ်ဒီး နယူးယောက်ပြည်နယ်မှာ တိုက်ခိုက်ခံရ

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အီရန်နိုင်ငံက သတ်ဖို့ခြိမ်းခြောက်ခံခဲ့ရတဲ့ ကမ္ဘာကျော် စာရေးဆရာ Salman Rushdie ဟာ နယူးယောက်ပြည်နယ်က ဟောပြောပွဲတခုအတွင်း တိုက်ခိုက်ခံခဲ့ရပါတယ်။

နယူးယောက်ပြည်နယ် အနောက်ပိုင်းက Chautauqua ပညာရေးဌာနက သောကြာနေ့ ဟောပြောပွဲမှာ စကားပြောဖို့ မိတ်ဆက်ပေးချိန်မှာပဲ အမျိုးသားတဦး ရုတ်တရက် တက်လာပြီး ဓားနဲ့တိုက်ခိုက်ခဲ့တာလို့လည်း AP သတင်းက ဖော်ပြပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ အသက် ၇၅ နှစ်ရှိ စာရေးဆရာ Rushdie ကိုတော့ လေကြောင်းကနေ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်းလည်း ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ဒီဖြစ်ရပ်ကို ရှုတ်ချပါတယ်။ အကြမ်းဖက်လုပ်ရပ် အားလုံးကိုလည်း ရှုတ်ချပါတယ်။” လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul ပြောဆိုသွားတာပါ။ တိုက်ခိုက်သူကိုတော့ အခင်းဖြစ်ရာ နေရာမှာပဲ ဖမ်းဆီးမိခဲ့ပါတယ်။

ဓားနဲ႔တိုက္ခိုက္ ခံလိုက္ရတဲ့ စာေရးဆရာ Salman Rushdie
ဓားနဲ႔တိုက္ခိုက္ ခံလိုက္ရတဲ့ စာေရးဆရာ Salman Rushdie

တိုက်ခိုက်သူဟာ နယူးဂျာစီပြည်နယ်က အသက် ၂၄ နှစ်အရွယ် Hadi Matar ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပေမဲ့ တိုက်ခိုက်မှု ကျုးလွန်တော့ အကြောင်းရင်းကိုတော့ မသိရပါဘူး။ တိုက်ခိုက်မှုက ရရှိတဲ့ ဒဏ်ရာပြင်းထန်ပေမဲ့ ကုသလို့ ရနိုင်တယ်လို့လည်း ကူညီကုသပေးတဲ့ ဆရာဝန်တယောက်က ပြောပါတယ်။

စာရေးဆရာ Rushdie ဟာ လွတ်လပ်မှုကို ဖော်ထုတ်ရာမှာ လူသိများထင်ရှားသူတဦးဖြစ်သလို အမေရိကန်အခြေစိုက် PEN America လွတ်လပ်တဲ့ ကလောင်ရှင်များအဖွဲ့ရဲ့ ဥက္ကဌဟောင်းလည်း ဖြစ်ပါတယ်။

၁၉၈၈ခုနှစ်က သူရေးသား ထုတ်ဝေခဲ့တဲ့ The Satanic Verses စာအုပ်ဟာ အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုပြီး ကမ္ဘာတဝှမ်း က မွတ်ဆလင်တွေ အကြီးအကျယ်ကန့်ကွက်ခဲ့ရာမှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ လူ ၁၂ ဦးသေဆုံးခဲ့တဲ့ အကြမ်းဖက်မှုအပါအဝင် နေရာအနှံမှာ အကြမ်းဖက် ဆန္ဒပြခဲ့ကြပါတယ်။ သူ့စာအုပ်ကို အီရန်နိုင်ငံမှာ ပိတ်ပင်ထားသလို အဲဒီအချိန်က အီရန်နိုင်ငံရဲ့ အာဏာအရှိဆုံး ဘာသာရေးခေါင်းဆောင် Ayatollah Khomeini ကလည်း စာရေးဆရာ Rushdie ကို သတ်ဖြတ်ဖို့ အမိန့်ထုတ်ခဲ့တာပါ။ သူ့ကိုသတ်နိုင်ရင် ဆုငွေ ဒေါ်လာ ၃ သန်းကျော် ပေးဖို့လည်း အီရန်က ကြေညာထားပါတယ်။

XS
SM
MD
LG