သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္သမၼတ အီရတ္ယာယီဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆုံ


President Joe Biden meets with Iraqi Prime Minister Mustafa Al-Kadhimi, Saturday, July 16, 2022, in Jeddah, Saudi Arabia. (AP Photo/Evan Vucci)

အေမရိကန္သမၼတ Joe Biden ရဲ႕ ပထမဆုံး အေရွ ႔အလယ္ပိုင္းခရီးစဥ္ ေနာက္ဆုံးအပိုင္းမွာ အာရပ္ေခါင္းေဆာင္ေတြနဲ႔ စုမေတြ႔ခင္ အီရတ္ယာယီဝန္ႀကီးခ်ဳပ္နဲ႔ ဒီေန႔ေတြ႔ခဲ့ပါတယ္။

အစၥေရးနဲ႔ အေနာက္ဘက္ကမ္းမွာ အစၥေရးနဲ႔ ပါလက္စတိုင္းေခါင္းေဆာင္ေတြနဲ႔ ေတြ႔ခဲ့အၿပီး၊ အခု ေဆာ္ဒီအာေရးဗီယားမွာ မေန႔က ေဆာ္ဒီေခါင္းေဆာင္ေတြနဲ႔ ေတြ႔အၿပီး၊ အီရတ္ယာယီဝန္ႀကီးခ်ဳပ္ Mustafa Al-Kadhimi နဲ႔ Jeddah ၿမိဳ ႔မွာ ဒီေန႔ေတြ႔ခဲ့တာပါ။

ဒီေနာက္မွာေတာ့၊ အေရွ ႔အလယ္ပိုင္းႏိုင္ငံေတြကို စုစည္းေပးၿပီး အီရန္နဲ႔ ေလာင္စာဆီ ျပႆနာ အဓိကကိုင္တြယ္ဖို႔ ရည္မွန္းထားတဲ့ ဒီ (၄) ရက္တာ ခရီးအတြင္း Jeddah ဆိပ္ကမ္းၿမိဳ ႔မွာ က်င္းပမယ့္ အာရပ္ေဒသတြင္းထိပ္သီးပြဲကို ဒီေန႔ဆက္တက္မွာပါ။

ပင္လယ္ေကြ႔ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ (GCC) ေျခာက္ႏိုင္ငံနဲ႔ အီရတ္၊ အီဂ်စ္၊ ေဂ်ာ္ဒန္ ေခါင္းေဆာင္ေတြပါတဲ့ GCC + 3 ထိပ္သီးပြဲ မတိုင္ခင္ နာရီပိုင္းမွာပဲ၊ အိမ္ျဖဴေတာ္ဘက္ကေန အီရန္ကို ႐ုရွားေခါင္းေဆာင္ေတြ မၾကာခင္ကလာၿပီး ယူကရိန္းစစ္ပြဲမွာ သုံးႏိုင္ဖို႔ ဒ႐ုန္းလက္နက္ေတြ ၾကည့္ခဲ့တဲ့ ၿဂိဳလ္တုပုံရိပ္ေတြကို ထုတ္ျပန္လိုက္ပါတယ္။

အခုလို အီရန္ကို ဝိုင္းဖိအားေပးဖို႔ ႀကိဳးပမ္းတာအျပင္၊ GCC အဖြဲ႔ဝင္ေတြျဖစ္တဲ့ ေရနံထြက္ ေဆာ္ဒီ၊ ဘာရိန္း၊ ကူဝိတ္၊ အိုမန္၊ ကာတာနဲ႔ UAE အာရပ္ေစာ္ဘြားမ်ားႏိုင္ငံေတြပါမယ့္ ဒီထိပ္သီးပြဲထဲမွာ သမၼတ Biden အေနနဲ႔ ေလာင္စာစြမ္းအင္လုံၿခဳံေရးကိုလည္း ထည့္ေဆြးေႏြးဖို႔ ေမွ်ာ္လင့္ထားပါတယ္။

အေမရိကန္နဲ႔ GCC + 3 ထိပ္သီးပြဲကေန၊ အီရတ္ရဲ႕ အီရန္ အေပၚမီခိုေနရတာ ေလွ်ာ့ခ်ဖို႔၊ အီရတ္ရဲ႕ ပင္မလွ်ပ္စစ္ဓာတ္အားလိုင္းကို GCC အဖြဲ႔ ပင္မဓာတ္အားလိုင္းနဲ႔ ကူဝိတ္နဲ႔ေဆာ္ဒီကေန ျဖတ္ခ်ိတ္ေရး သေဘာတူညီခ်က္ရဖို႔ ထိပ္သီးေခါင္းေဆာင္ေတြ ေမွ်ာ္လင့္ထားၾကပါတယ္။

===Unicode ====

အမေရိကန်သမ္မတ Joe Biden ရဲ့ ပထမဆုံး အရှေ့အလယ်ပိုင်းခရီးစဉ် နောက်ဆုံးအပိုင်းမှာ အာရပ်ခေါင်းဆောင်တွေနဲ့ စုမတွေ့ခင် အီရတ်ယာယီဝန်ကြီးချုပ်နဲ့ ဒီနေ့တွေ့ခဲ့ပါတယ်။

အစ္စရေးနဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ တွေ့ခဲ့အပြီး၊ အခု ဆော်ဒီအာရေးဗီယားမှာ မနေ့က ဆော်ဒီခေါင်းဆောင်တွေနဲ့ တွေ့အပြီး၊ အီရတ်ယာယီဝန်ကြီးချုပ် Mustafa Al-Kadhimi နဲ့ Jeddah မြို့မှာ ဒီနေ့တွေ့ခဲ့တာပါ။

ဒီနောက်မှာတော့၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို စုစည်းပေးပြီး အီရန်နဲ့ လောင်စာဆီ ပြဿနာ အဓိကကိုင်တွယ်ဖို့ ရည်မှန်းထားတဲ့ ဒီ (၄) ရက်တာ ခရီးအတွင်း Jeddah ဆိပ်ကမ်းမြို့မှာ ကျင်းပမယ့် အာရပ်ဒေသတွင်းထိပ်သီးပွဲကို ဒီနေ့ဆက်တက်မှာပါ။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ခြောက်နိုင်ငံနဲ့ အီရတ်၊ အီဂျစ်၊ ဂျော်ဒန် ခေါင်းဆောင်တွေပါတဲ့ GCC + 3 ထိပ်သီးပွဲ မတိုင်ခင် နာရီပိုင်းမှာပဲ၊ အိမ်ဖြူတော်ဘက်ကနေ အီရန်ကို ရုရှားခေါင်းဆောင်တွေ မကြာခင်ကလာပြီး ယူကရိန်းစစ်ပွဲမှာ သုံးနိုင်ဖို့ ဒရုန်းလက်နက်တွေ ကြည့်ခဲ့တဲ့ ဂြိုလ်တုပုံရိပ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

အခုလို အီရန်ကို ဝိုင်းဖိအားပေးဖို့ ကြိုးပမ်းတာအပြင်၊ GCC အဖွဲ့ဝင်တွေဖြစ်တဲ့ ရေနံထွက် ဆော်ဒီ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံတွေပါမယ့် ဒီထိပ်သီးပွဲထဲမှာ သမ္မတ Biden အနေနဲ့ လောင်စာစွမ်းအင်လုံခြုံရေးကိုလည်း ထည့်ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။

အမေရိကန်နဲ့ GCC + 3 ထိပ်သီးပွဲကနေ၊ အီရတ်ရဲ့ အီရန် အပေါ်မီခိုနေရတာ လျှော့ချဖို့၊ အီရတ်ရဲ့ ပင်မလျှပ်စစ်ဓာတ်အားလိုင်းကို GCC အဖွဲ့ ပင်မဓာတ်အားလိုင်းနဲ့ ကူဝိတ်နဲ့ဆော်ဒီကနေ ဖြတ်ချိတ်ရေး သဘောတူညီချက်ရဖို့ ထိပ်သီးခေါင်းဆောင်တွေ မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG