သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ ဘာသာေရးေခါင္းေဆာင္၊ တူရကီသမၼတတို႔နဲ႔ ႐ုရွားသမၼတ တီဟီရန္ၿမိဳ႕ေတာ္မွာေတြ႕ဆုံ


(Zawgyi / Unicode)

႐ုရွား သမၼတ Vladimir Putin နဲ႔ အီရန္ ဘာသာေရး ေခါင္းေဆာင္ Ayatollah Ali Khamenei တို႔ အီရန္ႏိုင္ငံ ၿမိဳ႕ေတာ္ Tehran မွာ အဂၤါေန႔က ေဆြးေႏြးခဲ႔ၾကၿပီး ဒါဟာဆိုရင္ ႏွစ္ႏိုင္ငံၾကား ပိုၿပီး ရင္းႏွီးလာတာကို ျပသလိုက္တာလည္း ျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ စစ္ဒဏ္သင့္ ယူကရိန္း ႏိုင္ငံတြင္းက ေကာက္ပဲသီးႏွံေတြ ျပည္ပ ျပန္လည္ တင္ပို႔ႏိုင္ေရး ႀကိဳးပမ္းမႈ အေနနဲ႔ တူရကီ သမၼတ Recep Tayyip Erdogan နဲ႔လည္း ႐ုရွားသမၼတ Putin ေတြ႕ဆံု ေဆြးေႏြးခဲ႔ပါတယ္။

ယူကရိန္းႏိုင္ငံကို ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ ႐ုရွားတို႔ က်ဴးေက်ာ္ တိုက္ခိုက္ၿပီးေနာက္ပိုင္း ႐ုရွား သမၼတရဲ႕ အခု အီရန္ ခရီးစဥ္ဟာဆိုရင္ ဆိုဗီယက္ျပည္ေထာင္စုေဟာင္း ေဒသေတြရဲ႕ အျပင္ကို ပထမဆံုးသြားတဲ႔ ခရီးစဥ္လည္း ျဖစ္ပါတယ္။ အီရန္ဘာသာေရး ေခါင္းေဆာင္ Khamenei နဲ႔ ဆက္သြယ္မႈဟာ သိပ္ၿပီး အေရးႀကီးပါတယ္လို႔ ႐ုရွား သမၼတ Putin ရဲ႕ ႏိုင္ငံျခားေရး မူဝါဒေရးရာ အၾကံေပး Yuri Ushakov က ေမာစကို ၿမိဳ႕ေတာ္မွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ႔ပါတယ္။

ႏွစ္ႏိုင္ငံ အေရးနဲ႔ ႏိုင္ငံတကာ အေရး အေရးႀကီးဆံုး ကိစၥရပ္ေတြမွာ သူတို႔ ႏွစ္ဦးၾကား ယံုၾကည္စြာ ေဆြးေႏြးႏိုင္ခဲ႔ၿပီး ကိစၥရပ္ အမ်ားစုမွာ ႏွစ္ဘက္ ရပ္တည္ခ်က္ နီးစပ္တယ္ ဒါမွမဟုတ္လည္း ထပ္တူက်တယ္လို႔လည္း Ushakov က ေျပာပါတယ္။ ယူကရိန္း က်ဴးေက်ာ္စစ္ေၾကာင့္ အေနာက္ႏိုင္ငံေတြရဲ႕ ျပင္းထန္တဲ႔ စီးပြားေရး အရ ဒဏ္ခတ္ပိတ္ဆို႔မႈနဲ႔ ရင္ဆိုင္ေနရတဲ႔ ႐ုရွားက အီရန္၊ တ႐ုတ္ ၊ အိႏၵိယတို႔နဲ႔ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈ ခိုင္မာေအာင္ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ အီရန္ႏိုင္ငံဟာလည္း အေနာက္ႏိုင္ငံေတြရဲ႕ စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔မႈဒဏ္နဲ႔ ရင္ဆိုင္ေနရၿပီး အီရန္ ႏ်ဴးကလီးယား အစီအစဥ္ အေရး အေမရိကန္နဲ႔လည္း မေျပမလည္ ျဖစ္ေနတဲ႔ အီရန္ အေနနဲ႔လည္း ႐ုရွားနဲ႔ ပိုၿပီး ပူးေပါင္းေဆာင္ရြက္ေရး ေမွ်ာ္လင့္ထားတာပါ။

ႏွစ္ႏိုင္ငံ စလံုးက အၾကမ္းဖက္ဝါဒ တန္ျပန္ တိုက္ဖ်က္ေရး အေတြ႕အၾကံဳေကာင္းေတြ ရွိတာေၾကာင့္ ေဒသတြင္း လံုျခံဳေရးကို ပိုၿပီး ေဆာင္ရြက္ႏိုင္ေၾကာင္း အီရန္ သမၼတ Ebrahim Raisi က ႐ုရွား သမၼတ Putin နဲ႔ ေတြ႕ဆံုေဆြးေႏြးၿပီးေနာက္မွာ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အီရန်ဘာသာရေးခေါင်းဆောင်၊ တူရကီသမ္မတတို့နဲ့ ရုရှားသမ္မတ တီဟီရန်မြို့တော်မှာတွေ့ဆုံ

ရုရှား သမ္မတ Vladimir Putin နဲ့ အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei တို့ အီရန်နိုင်ငံ မြို့တော် Tehran မှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပြီး ဒါဟာဆိုရင် နှစ်နိုင်ငံကြား ပိုပြီး ရင်းနှီးလာတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒီနောက်မှာတော့ စစ်ဒဏ်သင့် ယူကရိန်း နိုင်ငံတွင်းက ကောက်ပဲသီးနှံတွေ ပြည်ပ ပြန်လည် တင်ပို့နိုင်ရေး ကြိုးပမ်းမှု အနေနဲ့ တူရကီ သမ္မတ Recep Tayyip Erdogan နဲ့လည်း ရုရှားသမ္မတ Putin တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားတို့ ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှား သမ္မတရဲ့ အခု အီရန် ခရီးစဉ်ဟာဆိုရင် ဆိုဗီယက်ပြည်ထောင်စုဟောင်း ဒေသတွေရဲ့ အပြင်ကို ပထမဆုံးသွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ အီရန်ဘာသာရေး ခေါင်းဆောင် Khamenei နဲ့ ဆက်သွယ်မှုဟာ သိပ်ပြီး အရေးကြီးပါတယ်လို့ ရုရှား သမ္မတ Putin ရဲ့ နိုင်ငံခြားရေး မူဝါဒရေးရာ အကြံပေး Yuri Ushakov က မောစကို မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ အရေးနဲ့ နိုင်ငံတကာ အရေး အရေးကြီးဆုံး ကိစ္စရပ်တွေမှာ သူတို့ နှစ်ဦးကြား ယုံကြည်စွာ ဆွေးနွေးနိုင်ခဲ့ပြီး ကိစ္စရပ် အများစုမှာ နှစ်ဘက် ရပ်တည်ချက် နီးစပ်တယ် ဒါမှမဟုတ်လည်း ထပ်တူကျတယ်လို့လည်း Ushakov က ပြောပါတယ်။

ယူကရိန်း ကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားက အီရန်၊ တရုတ် ၊ အိန္ဒိယတို့နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ အီရန်နိုင်ငံဟာလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်နဲ့ ရင်ဆိုင်နေရပြီး အီရန် နျူးကလီးယား အစီအစဉ် အရေး အမေရိကန်နဲ့လည်း မပြေမလည် ဖြစ်နေတဲ့ အီရန် အနေနဲ့လည်း ရုရှားနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ရေး မျှော်လင့်ထားတာပါ။
နှစ်နိုင်ငံ စလုံးက အကြမ်းဖက်ဝါဒ တန်ပြန် တိုက်ဖျက်ရေး အတွေ့အကြုံကောင်းတွေ ရှိတာကြောင့် ဒေသတွင်း လုံခြုံရေးကို ပိုပြီး ဆောင်ရွက်နိုင်ကြောင်း အီရန် သမ္မတ Ebrahim Raisi က ရုရှား သမ္မတ Putin နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG