သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း လုံခြုံရေးဌာနတွင်း စုံစမ်းစစ်ဆေးမှုများဆောင်ရွက်


ယူကရိန်းလုံခြုံရေးဌာနအကြီးအကဲ Ivan Bakanov ရုရှားကျောထောက်နောက်ခံပြုသူပုန်အဖွဲ့တွေရှိရာ ရှေ့တန်းနေရာတွေကို သွားရောက်စဉ်။ (ဖေဖေါ်ဝါရီ ၁၉ ၊ ၂၀၂၂)
ယူကရိန်းလုံခြုံရေးဌာနအကြီးအကဲ Ivan Bakanov ရုရှားကျောထောက်နောက်ခံပြုသူပုန်အဖွဲ့တွေရှိရာ ရှေ့တန်းနေရာတွေကို သွားရောက်စဉ်။ (ဖေဖေါ်ဝါရီ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဌာနနှစ်ခုက အကြီးအကဲနှစ်ယောက်ကို မနေ့က ရာထူးကဖယ်ရှားပြီးတဲ့နောက် ယူကရိန်းသမ္မတက တာဝန်ရှိသူ ၂၈ ဦးကိုလည်း တာဝန်က ရပ်ဆိုင်းထားလိုက် ပါတယ်။

ယူကရိန်းထောက်လှမ်းရေးဌာနက လူတွေကို စိစစ်နေတယ်လို့ သမ္မတ Volodymyr Zelenskyy က သူ့ရဲ့ ညစဉ် မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ အလုပ်ရလဒ်က ကျေနပ်ဖွယ်မရှိတာကြောင့် ခုလို စိစစ်နေတာဖြစ်တယ်လို့ သူ ကဆိုပါတယ်။

လုံခြုံရေးဌာနအကြီးအကဲ Ivan Bakanov နဲ့ အစိုးရအမှုလိုက်ရှေ့နေချုပ် Iryna Venediktova တို့ကို မနေ့က တာဝန်က ရပ်စဲထားလိုက်ပြီး ရာထူးကထုတ်ဖို့ ဆက်လက် စဉ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ ဌာန ၂ ခုမှာ ရုရှားနဲ့ ပူးပေါင်းသူတွေ သစ္စာဖောက်တွေရှိတယ်လို့လည်း သမ္မတ Zelenskyy က ဆိုပါတယ်။

ခုလိုလုပ်တာဟာ စစ်တပ်နဲ့ ထောက်လှမ်းရေးကို ပိုမိုခိုင်မာအောင် ထိန်းချုပ်နိုင်ဖို့ သမ္မတ Zelenskyy က ဆောင်ရွက်တာဖြစ်တယ်လို့ သုံးသပ်သူတွေက ထင်မြင်ကြပါတယ်။

အမေရိကန်နိုင်ငံကတော့ ယူကရိန်းနဲ့ ဆက်ဆံရာမှာ လူ ပုဂ္ဂိုလ်တွေအပေါ် အခြေခံတာမဟုတ်ဘဲ အဖွဲ့အစည်းတွေနဲ့ ကျင့်ထုံးတွေ အပေါ် အခြေခံဆက်ဆံတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားရဲ့ စစ်ရာဇဝတ်မှုတွေအတွက် အမေရိကန်က ယူကရိန်းနဲ့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ တာဝန်က ဖယ်ရှားခံလိုက်ရတဲ့ အစိုးရ အမှုလိုက်ရှေ့နေချုပ် Iryna Venediktova ဟာ ရုရှားရဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခဲ့သူတယောက်လည်း ဖြစ်ပါတယ်။

ယူကရိန်း လုံခြုံရေးဌာနတွင်း စုံစမ်းစစ်ဆေးမှုများဆောင်ရွက်.mp3
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]







XS
SM
MD
LG