သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမစ်ဇိုင်းဒုံး ပစ်ခတ်မှုကြောင့် ယူကရိန်းမှာ ၂၀ ကျော်သေ


Russia's attack on Ukraine continues, in Vinnytsia
Russia's attack on Ukraine continues, in Vinnytsia

[[ ZAWGYI / UNICODE ]]

ရုရှားမစ်ဇိုင်းဒုံး ပစ်ခတ်မှုကြောင့် ယူကရိန်းမှာ ၂၀ ကျော်သေ

ယူကရိန်း အလယ်ပိုင်းဒေသက မြို့ကြီးတမြို့ဖြစ်တဲ့ Vinnystsia ကို ကြာသပတေးနေ့မှာ ရုရှားက မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၃ ဦးသေဆုံးပြီး၊ လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒီမြို့ဟာ မြို့တော် ကီယက်ရဲ့ အနောက်တောင်ဘက် ၁၆၇ မိုင်အကွာမှာရှိတဲ့ မြို့ဖြစ်ပါတယ်။ မစ်ဇိုင်းဒုံး ၃ လုံး မြို့လယ်ကို ကျရောက်ခဲ့ပြီး အစိုးရ ရုံးတရုံးကိုလည်း ထိမှန်ခဲ့တယ်လို့ ယူကရိန်းရဲကပြောပါတယ်။

မစ်ဇိုင်းဒုံးတွေဟာ ပင်လယ်နက်ထဲမှာရှိတဲ့ ရုရှားရေငုတ်သဘောၤတွေကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး လူနေအဆောက်အဦးတွေနဲ့ မော်တော်ယဉ်တွေကို ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် မစ်ဇိုင်း ၄ လုံးကိုတော့ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးက ပစ်ချနိုင်ခဲ့တယ်လို့ ဗင်နစ်ရှား Vinnystsia ဒေသ အုပ်ချုပ်ရေးမှူး ကပြောဆိုပါတယ်။

လူဦးရေ ၃ သိန်း ၇ သောင်းကျော်ရှိတဲ့မြို့ကြီးတမြို့ဖြစ်ပြီး၊ အရှေ့ဖက်ဒေသကို ရုရှားတွေ ဦးတည်တိုက်ခိုက်နေစဉ်မှာ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ဒီမြို့ကို လာရောက်ခိုလှုံခဲ့ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ရုရှားတပ်တွေဟာ နေ့စဉ်နဲ့အမျှ အရပ်သားတွေကို တိုက်ခိုက်နေပြီး ၊ ယူကရိန်းကလေးငယ်တွေကိုလည်း သတ်ဖြတ်နေကြောင်း ပြောဆိုခဲ့တာပါ။ စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကို တိုက်ခိုက်တာဟာ အကြမ်းဖက်ဝါဒီတွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်လို့လည်း ပြောဆို ခဲ့ပါတယ်။

ရုရှားမစ်ဇိုင်းဒုံး ပစ်ခတ်မှုကြောင့် ယူကရိန်းမှာ ၂၀ ကျော်သေ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

===================

{{ UNICODE }}








XS
SM
MD
LG