သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္ပြဲ ေနာက္ဆက္တြဲ ဒုကၡသည္ေတြ ကူညီဖို႔ EU ျပင္ဆင္


Migration EU Libya

ယူကရိန္းစစ္ပြဲဂယက္ေၾကာင့္ စားနပ္ရိကၡာအက်ပ္အတည္းေတြပိုမိုဆိုးရြားလာႏုိင္တဲ့အတြက္ မျဖစ္မေန ေနရပ္ေရႊ႔ေျပာင္းလာၾကမယ့္ ဒုကၡသည္ေတြကို ႀကိဳဆိုရမယ္လို႔ ဥေရာပသမဂၢ EU နယ္စပ္ေရးရာေအဂ်င္စီ ကတနလၤာေန႔မွာ ေျပာပါတယ္။

ယူကရိန္းဒုကၡသည္ေတြကို ေကာင္းေကာင္းမြန္မြန္ လက္ခံၾကတဲ့တခ်ိန္ထဲမွာ စားနပ္ရိကၡာနဲ႔ လုံၿခဳံေရးေၾကာင့္ ေနရပ္စြန္႔ခြါလာၾကတဲ့ အျခားေဒသက ဒုကၡသည္ေတြအတြက္လည္း ျပင္ဆင္ထားဖို႔လိုတယ္လို႔ ဥေရာပ နယ္စပ္နဲ႔ကမ္းေစာင့္တပ္ ေအဂ်င္စီ Frontex ယာယီ အမႈေဆာင္ညႊန္ၾကားေရးမွဴး Aija Kalnaja ကေျပာပါတယ္။

အထူးသျဖင့္ ယူကရိန္းႏုိင္ငံက ဂ်ဳံနဲ႔ေျပာင္းလို စိုက္ပ်ိဳးထြက္ကုန္တင္ပို႔မႈမွာ အဟန္႔အတားေတြရွိ ေနတာေၾကာင့္ လူေတြ ေနရပ္စြန္႔ခြါဖို႔ ျဖစ္လာေစမယ္လို႔လည္း ေျပာပါတယ္။ EU ျပည္ထဲေရး၀န္ႀကီးေတြနဲ႔ေတြ႔ဆုံဖို႔ ခ်က္သမၼတႏုိင္ငံ၊ Prague ၿမိဳ႔ကိုေရာက္လာခ်ိ္န္မွာ Ms Kalnaja က အဲဒီလိုေျပာဆိုသြားတာပါ။ ဒီအစည္းအေ၀းမွာ EU အဖြဲ႔၀င္ေတြမဟုတ္ တဲ့ယူကရိန္းနဲ႔ Moldova ႏုိင္ငံက ျပည္ထဲေရး၀န္ႀကီးေတြလည္း တက္ေရာက္ၾကမွာျဖစ္ပါတယ္။

ကမၻာမွာ စုိက္ပ်ိဳးထြက္ကုန္ေကာက္ႏွံ ျပည္ပအတင္ပို႔မႈ အမ်ားဆုံးႏုိင္ငံတခုျဖစ္တဲ့ ယူကရိန္းအေပၚ ရုရွားတို႔ စစ္ဆင္ႏႊဲေနတဲ့အတြက္ ကုန္တင္ပို႔ေရးလမ္းေၾကာင္း ေတြ ဆိုးဆိုးရြားရြားထိခိုက္ေနရတာျဖစ္ပါတယ္။ မႏွစ္က ရိတ္သိမ္းထားတဲ့ သီးႏွံတန္ခ်ိန္သန္း ၂၀ ေလာက္လည္း ပင္လယ္နက္ထဲမွာရုရွားတို႔ပိတ္ဆို႔ထားတဲ့အတြက္ ယူကရိန္းဆိပ္ကမ္းေတြမွာ ေသာင္တင္ေနပါတယ္။
ယူကရိန္းစစ္ပြဲေၾကာင့္ ကမၻာ့ေစ်းကြက္မွာ စားသုံးဆီေတြေစ်းတက္ကုန္သလို အာဖရိကနဲ႔အေရွ႔အလယ္ပုိင္းေဒသတခ်ိဳ႔မွာလည္း စားနပ္ရိကၡာရွားပါးမႈနဲ႔ ရင္ဆုိင္ေနရတာလည္းျဖစ္ပါတယ္။ EU ျပည္ထဲေရးေကာ္မရွင္နာမင္းႀကီး Ylva Johansson ကလည္း စားနပ္ရိကၡာမလုံေလာက္တာနဲ႔ ေလာင္စာဆီေစ်းေတြထိုးတက္သြားတာေၾကာင့္ လုံၿခဳံမႈကင္းမဲ့လာတဲ့ လူေတြလည္း သူတို႔တုိင္းျပည္တြကို စြန္႔ခြါ လာၾကလိမ့္မယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ယူကရိန်းစစ်ပွဲဂယက်ကြောင့် စားနပ်ရိက္ခာအကျပ်အတည်းတွေပိုမိုဆိုးရွားလာနိုင်တဲ့အတွက် မဖြစ်မနေ နေရပ်ရွှေ့ပြောင်းလာကြမယ့် ဒုက္ခသည်တွေကို ကြိုဆိုရမယ်လို့ ဥရောပသမဂ္ဂ EU နယ်စပ်ရေးရာအေဂျင်စီ ကတနင်္လာနေ့မှာ ပြောပါတယ်။

ယူကရိန်းဒုက္ခသည်တွေကို ကောင်းကောင်းမွန်မွန် လက်ခံကြတဲ့တချိန်ထဲမှာ စားနပ်ရိက္ခာနဲ့ လုံခြုံရေးကြောင့် နေရပ်စွန့်ခွါလာကြတဲ့ အခြားဒေသက ဒုက္ခသည်တွေအတွက်လည်း ပြင်ဆင်ထားဖို့လိုတယ်လို့ ဥရောပ နယ်စပ်နဲ့ကမ်းစောင့်တပ် အေဂျင်စီ Frontex ယာယီ အမှုဆောင်ညွှန်ကြားရေးမှူး Aija Kalnaja ကပြောပါတယ်။

အထူးသဖြင့် ယူကရိန်းနိုင်ငံက ဂျုံနဲ့ပြောင်းလို စိုက်ပျိုးထွက်ကုန်တင်ပို့မှုမှာ အဟန့်အတားတွေရှိ နေတာကြောင့် လူတွေ နေရပ်စွန့်ခွါဖို့ ဖြစ်လာစေမယ်လို့လည်း ပြောပါတယ်။ EU ပြည်ထဲရေးဝန်ကြီးတွေနဲ့တွေ့ဆုံဖို့ ချက်သမ္မတနိုင်ငံ၊ Prague မြို့ကိုရောက်လာချိန်မှာ Ms Kalnaja က အဲဒီလိုပြောဆိုသွားတာပါ။ ဒီအစည်းအဝေးမှာ EU အဖွဲ့ဝင်တွေမဟုတ် တဲ့ယူကရိန်းနဲ့ Moldova နိုင်ငံက ပြည်ထဲရေးဝန်ကြီးတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

ကမ္ဘာမှာ စိုက်ပျိုးထွက်ကုန်ကောက်နှံ ပြည်ပအတင်ပို့မှု အများဆုံးနိုင်ငံတခုဖြစ်တဲ့ ယူကရိန်းအပေါ် ရုရှားတို့ စစ်ဆင်နွှဲနေတဲ့အတွက် ကုန်တင်ပို့ရေးလမ်းကြောင်း တွေ ဆိုးဆိုးရွားရွားထိခိုက်နေရတာဖြစ်ပါတယ်။ မနှစ်က ရိတ်သိမ်းထားတဲ့ သီးနှံတန်ချိန်သန်း ၂၀ လောက်လည်း ပင်လယ်နက်ထဲမှာရုရှားတို့ပိတ်ဆို့ထားတဲ့အတွက် ယူကရိန်းဆိပ်ကမ်းတွေမှာ သောင်တင်နေပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ဈေးကွက်မှာ စားသုံးဆီတွေဈေးတက်ကုန်သလို အာဖရိကနဲ့အရှေ့အလယ်ပိုင်းဒေသတချို့မှာလည်း စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ EU ပြည်ထဲရေးကော်မရှင်နာမင်းကြီး Ylva Johansson ကလည်း စားနပ်ရိက္ခာမလုံလောက်တာနဲ့ လောင်စာဆီဈေးတွေထိုးတက်သွားတာကြောင့် လုံခြုံမှုကင်းမဲ့လာတဲ့ လူတွေလည်း သူတို့တိုင်းပြည်တွကို စွန့်ခွါ လာကြလိမ့်မယ်လို့ ပြောပါတယ်။

XS
SM
MD
LG