သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကုန္တင္ေလယာဥ္ ဂရိမွာပ်က္က်


Greece Plane Crash

ဆာဘီးယားႏိုင္ငံက စစ္လက္နက္ခဲယမ္းမီးေက်ာက္ေတြ တင္ေဆာင္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံကို သြားေနတဲ့ ယူကရိန္းကုန္တင္ေလယာဥ္ဟာ ဂရိႏိုင္ငံေျမာက္ပိုင္းမွာ မေန႔ စေနေန႔ညက ပ်က္က်သြားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ကာကြယ္ေရးဝန္ႀကီးဌာနက ဝယ္ယူတဲ့ ခဲယမ္းမီးေက်ာက္ ၁၁ တန္ကို တင္ေဆာင္ၿပီး သြားေနစဥ္ ဂရိႏိုင္ငံေျမာက္ပိုင္းက Kavala ၿမိဳ႕နားမွာ ပ်က္က်ခဲ့တာပါ။

ဒီေလယာဥ္ပ်က္က်တာေၾကာင့္ ေလယာဥ္ေပၚမွာပါတဲ့ ယူကရိန္း ေလယာဥ္အမႈထမ္း ရွစ္ေယာက္စလုံး ေသဆုံးသြားခဲ့တ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ေလယာဥ္ကို အေရးေပၚဆင္းသက္ဖို႔အတြက္ ေလယာဥ္မႉးက ဂရိေလေၾကာင္းအာဏာပိုင္ေတြကို ခြင့္ျပဳခ်က္ေတာင္းခဲ့ေပမယ့္၊ အဲဒီလို ေတာင္းဆိုၿပီး သိပ္မၾကာခင္မွာပဲ ေလယာဥ္နဲ႔ အဆက္အသြယ္ျပတ္သြားခဲ့ပါတယ္။ ေလယာဥ္ဟာ ပ်က္မက်ခင္မွာ မီးေလာင္ေနတာကို ေတြ႕ခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ေလယာဥ္ပ်က္က်သြားတဲ့နားမွာ ေနတဲ့သူေတြကိုေတာ့ အိမ္ထဲမွာေနၿပီး သူတို႔ရဲ႕ အိမ္တံခါးေတြနဲ႔ ျပတင္းေပါက္ေတြကို ပိတ္ထားဖို႔ အာဏာပိုင္ေတြဘက္က အႀကံေပးထားၾကပါတယ္။ အဲဒီပ်က္က်တဲ့ေလယာဥ္ကို မီးၿငိမ္းဖို႔သြားတဲ့ မီးသတ္သမားေတြကေတာ့ သူတို႔ရဲ႕ ႏႈတ္ခမ္းေတြစပ္ေနၾကၿပီး၊ ဘာေၾကာင့္အဲဒီလို ျဖစ္တယ္ဆိုတာ မသိဘူးလို႔ မီးသတ္တာဝန္ရွိသူတဥိးက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ကနဦးသတင္းေတြမွာေတာ့ ဒီေလယာဥ္ဟာ ေဂ်ာ္ဒန္ႏိုင္ငံကို သြားတာလို႔ဆိုေပမယ့္၊ အဲဒီေလယာဥ္ဟာ ေဂ်ာ္ဒန္ကို ဆီျဖည့္ဖို႔အတြက္ သြားတာျဖစ္တယ္လို႔ ႐ိုက္တာက ေဖာ္ျပပါတယ္။

=== Unicode ===

ဆာဘီးယားနိုင်ငံက စစ်လက်နက်ခဲယမ်းမီးကျောက်တွေ တင်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားနေတဲ့ ယူကရိန်းကုန်တင်လေယာဉ်ဟာ ဂရိနိုင်ငံမြောက်ပိုင်းမှာ မနေ့ စနေနေ့ညက ပျက်ကျသွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနက ဝယ်ယူတဲ့ ခဲယမ်းမီးကျောက် ၁၁ တန်ကို တင်ဆောင်ပြီး သွားနေစဉ် ဂရိနိုင်ငံမြောက်ပိုင်းက Kavala မြို့နားမှာ ပျက်ကျခဲ့တာပါ။

ဒီလေယာဉ်ပျက်ကျတာကြောင့် လေယာဉ်ပေါ်မှာပါတဲ့ ယူကရိန်း လေယာဉ်အမှုထမ်း ရှစ်ယောက်စလုံး သေဆုံးသွားခဲ့တ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ကို အရေးပေါ်ဆင်းသက်ဖို့အတွက် လေယာဉ်မှူးက ဂရိလေကြောင်းအာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းခဲ့ပေမယ့်၊ အဲဒီလို တောင်းဆိုပြီး သိပ်မကြာခင်မှာပဲ လေယာဉ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ လေယာဉ်ဟာ ပျက်မကျခင်မှာ မီးလောင်နေတာကို တွေ့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျသွားတဲ့နားမှာ နေတဲ့သူတွေကိုတော့ အိမ်ထဲမှာနေပြီး သူတို့ရဲ့ အိမ်တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားဖို့ အာဏာပိုင်တွေဘက်က အကြံပေးထားကြပါတယ်။ အဲဒီပျက်ကျတဲ့လေယာဉ်ကို မီးငြိမ်းဖို့သွားတဲ့ မီးသတ်သမားတွေကတော့ သူတို့ရဲ့ နှုတ်ခမ်းတွေစပ်နေကြပြီး၊ ဘာကြောင့်အဲဒီလို ဖြစ်တယ်ဆိုတာ မသိဘူးလို့ မီးသတ်တာဝန်ရှိသူတဥိးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကနဦးသတင်းတွေမှာတော့ ဒီလေယာဉ်ဟာ ဂျော်ဒန်နိုင်ငံကို သွားတာလို့ဆိုပေမယ့်၊ အဲဒီလေယာဉ်ဟာ ဂျော်ဒန်ကို ဆီဖြည့်ဖို့အတွက် သွားတာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

XS
SM
MD
LG