သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ႏိုင္ငံတဝန္း ဘာသာေရးေခါင္းေဆာင္ရဲ႕ ႐ုပ္ထုကို မီးရႈိ႕ဆႏၵျပၾက


အီရန္ဆႏၵျပပြဲ ျမင္ကြင္း

အီရန္ ဘာသာေရးေခါင္းေဆာင္ Ayatollah Ali Khamenei နဲ႔ အစိုးရဆန႔္က်င္ေရး ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ၿပီး၊ သူ႔ရဲ႕႐ုပ္တုကို သူ႔ၿမိဳ႕ Mashhad မွာ ဆႏၵျပသူေတြက မီးရႈိ႕လိုက္ၾကတာကို လူမႈမီဒီယာေတြမွာ ေတြ႔ရပါတယ္။ ၿမိဳ႕ေတာ္ တီဟီရန္အပါအဝင္ အီရန္ႏိုင္ငံတလႊားၿမိဳ႕ေပါင္း ၁၃၃ ၿမိဳ႕မွာ ဘာသာေရးေခါင္းေဆာင္ အယာတိုလာ အလီခါေမနီရဲ႕ ႐ုပ္ပုံေတြကို မီးရွိဳ ႔တာအပါအဝင္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဆႏၵျပေနၾကတာပါ။

ကုလသမဂၢအေထြေထြ ညီလာခံက ျပန္လာတဲ့ အီရန္သမၼတ Ebrahim Raisi ဟာ အစိုးရ ေထာက္ခံသူ မိသားစုတစ္စု ဆႏၵျပပြဲအတြင္းမွာ ေသဆုံးသြားတဲ့သတင္းကို ေတြ႔ရွိၿပီးတဲ့‌ေနာက္ “ဆႏၵျပပြဲေတြအေပၚ အစိုးရက ျပတ္ျပတ္သားသား တုံ႔ျပန္အေရးယူရမယ္” လို႔ ေျပာပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႔ေတြဟာ သူ႔ျပည္နယ္မွာ ၿပိဳက်မယ့္ အေျခဆိုက္ေနၿပီလို႔ ဂီလန္ျပည္နယ္ ရဲခ်ဳပ္ Azizollah Maleki က အစိုးရ မီဒီယာေတြကို ေျပာပါတယ္။ ဂီလန္ျပည္နယ္မွာ လူ ၇၀၀ ေက်ာ္ကို ဖမ္းဆီးထားတယ္လို႔ သတင္းေတြက ဆိုပါတယ္။

ကာဒစ္ျပည္နယ္က Aznaveh ၿမိဳ႕မွာ ဆႏၵျပသူေတြက လုံၿခဳံေရးတပ္ဖြဲ႔ေတြထက္ အင္အားသာလြန္ၿပီး၊ ထိန္းခ်ဳပ္ထားလိုက္ၾကပါတယ္။ ဒီႏွစ္ဆႏၵျပပြဲဟာ ၂၀၀၉၊ ၂၀၁၈၊ ၂၀၂၁ နဲ႔ မတူဘဲ၊ ဘာသာေရးေခါင္းေဆာင္ အလီခါေမလီနဲ႔ အစိုးရျပဳတ္က်ေရးကလြဲလို႔ ဘာေတာင္းဆိုခ်က္ကိုမွ မေတာင္းဆိုၾကဘူးလို႔ အီရန္အေရး သုံးသပ္သူ Ali Nourizadeh က ဗြီအိုေအကို ေျပာပါတယ္။

=== Unicode ====

အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei နဲ့ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ဟစ်ပြီး၊ သူ့ရဲ့ရုပ်တုကို သူ့မြို့ Mashhad မှာ ဆန္ဒပြသူတွေက မီးရှို့လိုက်ကြတာကို လူမှုမီဒီယာတွေမှာ တွေ့ရပါတယ်။ မြို့တော် တီဟီရန်အပါအဝင် အီရန်နိုင်ငံတလွှားမြို့ပေါင်း ၁၃၃ မြို့မှာ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ ရုပ်ပုံတွေကို မီးရှို့တာအပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြနေကြတာပါ။

ကုလသမဂ္ဂအထွေထွေ ညီလာခံက ပြန်လာတဲ့ အီရန်သမ္မတ Ebrahim Raisi ဟာ အစိုးရ ထောက်ခံသူ မိသားစုတစ်စု ဆန္ဒပြပွဲအတွင်းမှာ သေဆုံးသွားတဲ့သတင်းကို တွေ့ရှိပြီးတဲ့‌နောက် “ဆန္ဒပြပွဲတွေအပေါ် အစိုးရက ပြတ်ပြတ်သားသား တုံ့ပြန်အရေးယူရမယ်” လို့ ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ သူ့ပြည်နယ်မှာ ပြိုကျမယ့် အခြေဆိုက်နေပြီလို့ ဂီလန်ပြည်နယ် ရဲချုပ် Azizollah Maleki က အစိုးရ မီဒီယာတွေကို ပြောပါတယ်။ ဂီလန်ပြည်နယ်မှာ လူ ၇၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ကာဒစ်ပြည်နယ်က Aznaveh မြို့မှာ ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေထက် အင်အားသာလွန်ပြီး၊ ထိန်းချုပ်ထားလိုက်ကြပါတယ်။ ဒီနှစ်ဆန္ဒပြပွဲဟာ ၂၀၀၉၊ ၂၀၁၈၊ ၂၀၂၁ နဲ့ မတူဘဲ၊ ဘာသာရေးခေါင်းဆောင် အလီခါမေလီနဲ့ အစိုးရပြုတ်ကျရေးကလွဲလို့ ဘာတောင်းဆိုချက်ကိုမှ မတောင်းဆိုကြဘူးလို့ အီရန်အရေး သုံးသပ်သူ Ali Nourizadeh က ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG