သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ရေး ကုလလုံခြုံရေးကောင်စီ မဲခွဲမည်

ဂါဇာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးနေကြစဉ် (ဇန်နဝါရီ ၂၃၊ ၂၀၂၄)
ဂါဇာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးနေကြစဉ် (ဇန်နဝါရီ ၂၃၊ ၂၀၂၄)

ဂါဇာဒေသမှာ အမြန်ဆုံးအပစ်အခတ် ရပ်စဲဖို့၊ အကူအညီတွေ တိုးမြှင့်ပေးဖို့နဲ့ ပါလက်စတိုင်းတွေ အတင်းအဓမ္မနေရပ်စွန့်ခွာနေရတာတွေကို ကန့်ကွက်ဖို့ အယ်လ်ဂျီးရီးယားနိုင်ငံက တင်သွင်းတဲ့ ဆုံးဖြတ်ချက်မှုကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေပါတယ်။ တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်က Khan Younis မြို့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကတော့ ဆုံးဖြတ်ချက်မူကြမ်းဟာ ကြားဝင်စေ့စပ်မှုတွေကို ထိခိုက်နိုင်တာကြောင့် အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ပြောထားပါတယ်။ လုံခြုံရေးကောင်စီမှာ ဒီကနေ့ မဲခွဲမဆုံးဖြတ်ခင်မှာပဲ အမေရိကန်က သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်မူကြမ်းတခုကို အဖွဲ့ဝင်နိုင်ငံတွေကြား ဖြန့်ဝေခဲ့တာပါ။ ဒီမူကြမ်းမှာ ဟာမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ အလေးပေးထားပြီး၊ Rafah မှာရှိတဲ့ အရပ်သားတွေကို အစ္စရေးရဲ့ ထိုးစစ်ဆင်မှုမှ ကာကွယ်ပေနိုင်တဲ့ အရေးပေါ်အစီအစဉ်လည်း ထည့်သွင်းထားပါတယ်။

အမေရိကန်က ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာ ဘယ်အချိန် တင်မယ်ဆိုတာတော့ တိတိကျကျ ပြောမထားပါဘူး။ အမေရိကန်အနေနဲ့ မူကြမ်းကို လုံခြုံရေး ကောင်စီမှာ ညှိနှိုင်းဖို့ အချိန်ပေးမှာဖြစ်ပြီး၊ ချက်ခြင်း မဲခွဲဆုံးဖြတ်ချက်ချအောင် တောင်းဆိုဖို့ အစီအစဉ်တော့ မရှိသေးဘူးလို့လည်း အမေရိကန် အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။ လွန်ခဲ့တဲ့ ရက်တွေကအမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ ပါဝင်တဲ့ ရက်သတ္တပတ်ကြာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပေမဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ဓားစာခံတွေ လွတ်မြောက်ရေး အာမခံနိုင်မယ့် ရလဒ်မျိုးတော့ မထွက်ခဲ့ပါဘူး။

ဂါဇာဒေသ အပစ်ရပ်ရေး ကုလလုံခြုံရေးကောင်စီ မဲခွဲမည်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG