သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ ကုလရုံးအောက် မြေအောက်ဥမင်လမ်းကြောင်း အစ္စရေးစစ်တပ်တွေ့ရှိ


This photo, taken during a Feb. 8, 2024, media tour organized by the Israeli military, shows Israeli soldiers inside a tunnel that the army claims is a "Hamas command tunnel" under a compound of the UNRWA in Gaza City.
This photo, taken during a Feb. 8, 2024, media tour organized by the Israeli military, shows Israeli soldiers inside a tunnel that the army claims is a "Hamas command tunnel" under a compound of the UNRWA in Gaza City.

ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီ (UNRWA) ရဲ့ ဂါဇာဒေသက ရုံးချုပ်မြေအောက် အပါအဝင် မီတာရာနဲ့ချီ ရှည်လျားတဲ့ ဥမင်လမ်းကြောင်းတခုကို အစ္စရေးတပ်ဖွဲ့တွေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒါဟာဆိုရင် UNRWA ကို အကာအကွယ်ယူပြီး ဟာမတ်စ်စစ်သွေးကြွတွေ လှုပ်ရှားနေတဲ့ အထောက်အထားသစ်အဖြစ်နဲ့လည်း ပြောဆိုခဲ့တာပါ။ နိုင်ငံခြားသတင်းထောက်တွေကိုလည်း ဥမင်လှိုင်ခေါင်းတွေထဲ အစ္စရေးစစ်တပ် အင်ဂျင်နီယာတွေက ခေါ်ယူပြသခဲ့ကြပါတယ်။ ကုလသမဂ္ဂရုံးဝင်းထဲက စာသင်ကျောင်းတခုအနီး ဝင်ပေါက်တခုကနေ ကွန်ဂရက်တွေနဲ့ တည်ဆောက်ထားတဲ့ ဥမင်လှိုင်ခေါင်းထဲကို ခေါ်ယူပြသခဲ့တာပါ။

ပူအိုက်ပြီး ကျဉ်းကျဉ်းမြောင်းမြောင်း အကွေ့အကောက်တွေနဲ့ ဥမင်တလျှောက် မိနစ် ၂၀ လောက် လျှောက်ပြီးတဲ့အခါ UNRWA ရုံးချုပ်အောက်မှာ ရောက်နေပြီဖြစ်ကြောင်း သတင်းထောက်တွေကို ဦးဆောင်ရှင်းပြခဲ့တဲ့ အစ္စရေးစစ်တပ် ဒုဗိုလ်မှူးကြီးက ပြောပါတယ်။ အရှည် မီတာ ၇၀၀၊ အနက် ၁၈ မီတာရှိတဲ့ ဥမင်လှိုင်ခေါင်းထဲမှာ လမ်းခွဲတွေ၊ အခန်းငယ်တွေ ရှိတယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ပွင့်နေပြီး အထဲမှာ ဘာမှမကျန်တော့တဲ့ သံမဏိအာမခံသေတ္တာတွေနဲ့ ရုံးခန်းတခုကိုလည်း တွေ့ခဲ့ကြတာပါ။ ကြွေပြားခင်းထားတဲ့ အိမ်သာ၊ အခန်းကျယ်ကြီးတခုမှာတော့ ကွန်ပြူတာဆာဗာတွေ တွေ့ရပြီး၊ နောက်တခန်းမှာတော့ လုပ်ငန်းသုံးဓာတ်ခဲတွေ အပြည့်တွေ့ရပါတယ်။ အစ္စရေးတပ်ဖွဲ့တွေ အသာစီးရလာချိန်မှာ ဟားမတ်စ်တွေက တိမ်းရှောင်သွားပုံရတယ်လို့လည်း အစ္စရေးစစ်တပ် တာဝန်ရှိသူက ပြောပါတယ်။

XS
SM
MD
LG