သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာအပစ်ရပ်ရေး ကုလဆုံးဖြတ်ချက် အမေရိကန်ဗီတိုသုံး ပယ်ချမည်


Israel Palestinians UN General Assembly
Israel Palestinians UN General Assembly

ဂါဇာဒေသမှာ မနေ့ညဖက်ကနေ ဒီကနေ့ တနင်္ဂနွေနေ့အထိ အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးကြောင်း ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂက ဆုံးဖြတ်ချက်မူကြမ်း ရေးဆွဲထားတာကို ဗီတိုအာဏာသုံး ပယ်ချမယ်လို့ အမေရိကန်က သတိပေးထားပါတယ်။ အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်က ကုလသမဂ္ဂ ဆုံးဖြတ်ချက်အစား အပစ်အခတ်ရပ်စဲရေးနဲ့ ဟာမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်ရဖို့ မျှော်လင့်နေတာပါ။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဟာမတ်စ်အဖွဲ့ တောင်းဆိုချက်တွေဟာ စိတ်ကူးယဉ်ဆန်တယ်ဆိုပြီး တုံ့ပြန်ထားသလို၊ ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ရမယ့် အမေရိကန်နဲ့ နိုင်ငံတကာရဲ့ အဆိုပြုချက်ကိုလည်း ပယ်ချထားပါတယ်။ ပါလက်စတိုင်းတွေနဲ့ သဘောတူညီချက်ရရေး နိုင်ငံတကာရဲ့ အစီအစဉ်တွေကို လက်မခံကြောင်းနဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် တဘက်သတ် အသိအမှတ်ပြုတာကို လက်ခံမှာ မဟုတ်ကြောင်းလည်း အစ္စရေးအစိုးရအဖွဲ့က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ပြုတာဟာ စစ်ပွဲအစပြုခဲ့တဲ့ အောက်တိုဘာ ၇ ရက် ဟာမတ်စ်တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ဆုချရာ ရောက်လိမ့်မယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG