သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး ကန်လက်ခံတဲ့မူကြမ်း လုံခြုံရေးကောင်စီမှာရရှိ


အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ စစ်ဖြစ်နေတဲ့ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာမှုအကူအညီပေးရေး အဆိုပြုချက် မဲခွဲတဲ့အစည်းအဝေးမတိုင်ခင်တွေ့ရတဲ့ ကုလလုံခြုံရေးကောင်စီ (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ စစ်ဖြစ်နေတဲ့ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာမှုအကူအညီပေးရေး အဆိုပြုချက် မဲခွဲတဲ့အစည်းအဝေးမတိုင်ခင်တွေ့ရတဲ့ ကုလလုံခြုံရေးကောင်စီ (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲမယ့် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က မဲ‌ပေးမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကပြောကြားလိုက်ပါတယ်။ မူကြမ်းကို ကြာသပတေးနေ့က မဲခွဲဖို့ဖြစ်ပေမဲ့ မူကြမ်းထဲထည့်သွင်းတဲ့စာသားတွေကို ညပိုင်းရောက်တဲ့အထိ ပြန်ညှိနှိုင်းခဲ့ကြရတာပါ။ ဒီမူကြမ်းကိုသူ့အနေနဲ့ အတည်ပြု မပြုဆိုတာ အမေရိကန်သံအမတ်ကြီး Thomas-Greenfield က မပြောပေမယ့် သူမဲပေးဖို့ လက်ခံနိုင်တဲ့မူကြမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ တွေ့ရတဲ့ ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)
ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ တွေ့ရတဲ့ ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)

"အမေရိကန် ပါဝင်မဲပေးနိုင်တဲ့ မူကြမ်းကို ရရှိခဲ့ပါပြီ။ ဒီမူကြမ်းက လူသားချင်းစာနာတဲ့အကူအညီ လိုအပ်နေသူတွေကို အကူအညီပေးနိုင်မယ့် ဆုံးဖြတ်ချက်မူကြမ်းဖြစ်ပါတယ်။ စာနာကူညီမှုတွေကို လက်တွေ့ကျကျပေးပို့နိုင်မယ့် နည်းလမ်းတွေ ဦးစားပေးရမယ်ဆိုတဲ့ အီဂျစ်နိုင်ငံရဲ့သဘောထားကို အမေရိကန်ကလည်း ထောက်ခံတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီမူကြမ်းကို မဲပေးမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဂါဇာဒေသကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ အပစ်ရပ်ရေးအဆိုပြုမူကြမ်းကို ပထမတကြိမ်မဲခွဲတုန်းက အမေရိကန်က ဗီတိုသုံး ပယ်ချခဲ့တာပါ။

အာရပ်စော်ဘွားများပြည်ထောင်စု UAE ကတင်သွင်းတဲ့ မူလအဆိုပြုချက်မှာ ချက်ချင်းအပစ်ရပ်ရေးအပါအဝင် ပြင်းထန်တဲ့စာသားတွေနဲ့ ရေးထားပေမဲ့ အမေရိကန်လက်ခံနိုင်အောင် စာသားတွေကိုလျှော့ချပြင်ဆင်လိုက်တယ်လို့ သံတမန်တွေက ပြောပါတယ်။ ဂါဇာဒေသမှာ ရေရှည်ခံတဲ့ အပစ်အခတ်ရပ်စဲရေးတောင်းဆိုတဲ့နေရာမှာ ရေရှည်ခံ အပစ်အခတ်ရပ်စဲရေးအခြေအနေတွေ ဖန်တီးရမယ်လို့ ပြင်ဆင်ထားပါတယ်။ သံတမန်အသိုင်းအဝိုင်းကလာတဲ့သတင်းတွေအရ မူကြမ်းကို ဒီနေ့ သောကြာနေ့မှာ မဲခွဲဆုံးဖြတ်ကြမှာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG