သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ငတ်မွတ်မှုကပ်ဘေးကျရောက်နိုင်ဟု ကုလသတိပေး


ဂါဇာကမ်းမြောင်ဒေသအနီး အစ္စရေးတောင်ပိုင်းကနေ ဟားမတ်စ်တို့ကြီးစိုးရာ ဂါဇာဘက်ကို အမြောက်နဲ့ပစ်ခတ်နေပုံ။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)
ဂါဇာကမ်းမြောင်ဒေသအနီး အစ္စရေးတောင်ပိုင်းကနေ ဟားမတ်စ်တို့ကြီးစိုးရာ ဂါဇာဘက်ကို အမြောက်နဲ့ပစ်ခတ်နေပုံ။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)

ကုလသမဂ္ဂကျောထောက်နောက်ခံပေးထားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးသုတေသနအဖွဲ့ IPC အစီရင်ခံစာမှာ ဂါဇာက လူဦးရေ နှစ်သန်းကျော်လုံးမှာ စားနပ်ရိက္ခာအကျပ်အတည်းကြုံနေရပြီး ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးအန္တရာယ်ရှိတယ်လို့ သတိပေးချက်ထွက်ပေါ်လာပါတယ်။ ဂါဇာမှာ လူဦးရေရဲ့ လေးပုံတပုံ လူဦးရေငါးသိန်းကျော် ငတ်မွတ်မှုခံစားနေရပြီလို့ WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ စီးပွားရေးပညာရှင် Arif Husain က အေပီသတင်းဌာနကိုပြောပါတယ်။

လာမယ့်သီတင်းပတ်အတွင်းမှာ ဒီကပ်ဘေးဆိုးကြီးကြုံလာမယ်ဆိုတာကို WFP အနေနဲ့ သတိပေးထားတယ်လို့လည်း WFP အမှုဆောင်ညွန်ကြားရေးမှူး Cindy McCain ကလည်း ပြောပါတယ်။ တချိန်တည်းမှာတော့ ဂါဇာမှာ အစ္စရေးဘက်က စစ်ရေးအရှိန်မြှင့်ဆောင်ရွက်နေပါတယ်။ ဂါဇာမြောက်ပိုင်းမှာ အစ္စရေးက ကြီးကြီးမားမားလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။

စစ်ပွဲက သီတင်းပတ် ၁၀ ပတ်ကြာလာချိန်အထိ ဟာမတ်တို့ဘက်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတုန်းပဲဆိုတာလည်း တွေ့ရပါတယ်။ ဟာမတ်စ်အဖွဲ့ကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာပါ။

ဂါဇာမြောက်ပိုင်း Ashkelon ကနေ အစ္စရေးမြို့တော်ဘက်ကို ဒုံးကျည်ပစ်လွှတ်တဲ့ သတိပေးချက်ပါ မြေပုံညွှန်းတွေကို အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ အစ္စရေးရဲ့ Iron Dome လေကြောင်းကာကွယ်ရေးစနစ်ကနေ ဒီ ဒုံးကျည်တွေကို ဖျက်ချခဲ့ပြီး အထိအခိုက်သတင်းတော့မရပါဘူး။ ဟာမတ်စ်ကို အမြစ်ဖြတ်လိုက်နိုင်ပြီး ကျန်နေတဲ့ ဓါးစားခံတွေ မလွတ်မချင်း စစ်ဆင်တိုက်ခိုက်နေမယ်လို့ အစ္စရေးဝန်ကြီးချုပ် Nethanyahu က ထပ်လောင်းပြောဆိုပါတယ်။

ဂါဇာမှာ ငတ်မွတ်မှုကပ်ဘေးကျရောက်နိုင်ဟု ကုလသတိပေး
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG