သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြန်စတဲ့ ပထမနေ့ ပါလက်စတိုင်းထိခိုက်သေဆုံးသူများပြား


Palestinians gather at the site of an Israeli strike on a house, in Deir Al-Balah
Palestinians gather at the site of an Israeli strike on a house, in Deir Al-Balah

အစ္စရေး နဲ့ ဟာမတ်စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲမှု သက်တမ်းကုန်ဆုံးတဲ့ သောကြာနေ့မှာပဲ ဟာမတ်စ်ထိန်းချုပ်တဲ့ ဂါဇာကမ်းမြောင်ကို အစ္စရေးက စစ်လေယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

သီတင်းတပတ်ကြာ အပစ်ရပ်စဲမှု သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အစ္စရေးဘက်က ခုလို ပြန်လည် တိုက်ခိုက်တာမှာ ပါလက်စတိုင်း ၁၇၈ ဦး သေဆုံးပြီး ၅၈၉ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အပစ်ရပ် သဘောတူညီမှု အဆုံးသတ်ပြီးတာနဲ့ အစ္စရေး လေတပ်၊ ရေတပ်နဲ့ မြေပြင်တပ်ဖွဲ့တွေဟာ သူတို့အခေါ် အကြမ်းဖက်ပစ်မှတ်ပေါင်း ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့တဲ့အကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာတောင်ပိုင်း Khan Younis အရပ်မှာ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်တာ ခံရပြီး ဒေသခံတွေ အများအပြား အနောက်ဘက်ဒေသကို ဦးတည် ထွက်ပြေးခဲ့ကြတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ ရိုက်တာ သတင်းထောက်တွေက ပြောပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကြောင့် လူသားချင်းစာနာမှု အရေးပေါ် အကူအညီတွေ ဆိုးဆိုးရွားရွား ပိုပြီး ကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မြေပြင်ထက်က ငရဲခန်း ဂါဇာမှာ ပြန်စပြီ − လို့ ဂျနီဗာအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး ပြောခွင့်ရ Jens Laerke က ပြောပါတယ်။ အစ္စရေးဘက်က ပြန်စလာတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေ ထိခိုက် သေကြေရမယ့်အရေး ကုလသမဂ္ဂ အဖွဲ့တွေက သတိပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG