သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး အစ္စရေး ဖိအားပေးခံရ


ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်နေတဲ့ အစ္စရေးစစ်သားတွေနဲ့ Merkava သံချပ်ကာကားတစီး။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၃) (Israel Defense Forces/Handout via Reuters)
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်နေတဲ့ အစ္စရေးစစ်သားတွေနဲ့ Merkava သံချပ်ကာကားတစီး။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၃) (Israel Defense Forces/Handout via Reuters)

အစ္စရေးက ဟာမတ်စ်ကို အရှိန်မြှင့်ပြီးစစ်ဆင်လာနေချိန်မှာပဲ ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့ အစ္စရေးမဟာမိတ်တချို့ကိုယ်တိုင် တိုက်တွန်းတောင်းဆိုလာကြပါတယ်။

ဗြိတိန်ထုတ် Sunday Times မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ ပူးတွဲဆောင်းပါးရေးသားရာမှာ ဂါဇာမှာ ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲရေးတရပ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးတွေဟာ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုအလားအလာကို ဖျက်ဆီးလိုက်မယ်ဆိုရင်တော့ အစ္စရေးက ဒီစစ်ကို အနိုင်ရမှာမဟုတ်ဘူးလို့ ဝန်ကြီးနှစ်ဦးပူးတွဲရေးတဲ့ ဒီဆောင်းပါးမှာ ဖော်ပြပါတယ်။

တနင်္ဂနွေနေ့က အစ္စရေးကိုရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna ကလည်း ဓါးစာခံတွေ ပိုလွတ်လာဖို့၊ ဂါဇာကို အထောက်အပံ့များများပေးနိုင်ဖို့နဲ့ နိုင်ငံရေးအရအဖြေရှာမှုတွေ စတင်နိုင်ဖို့ဆိုရင် ချက်ခြင်းအပစ်ရပ်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါပြင် အခုတနင်္လာနေ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အစ္စရေးကိုရောက်ရှိတဲ့အခါမှာလည်း အရပ်သားတွေကို အကာအကွယ်ပိုပေးနိုင်ရေး အစ္စရေးကို ဖိအားပေးမယ့်အခြေအနေရှိပါတယ်။ အမေရိကန်အနေနဲ့ အစ္စရေးကို စစ်ရေးနဲ့သံတမန်ရေးအကူအညီတွေပေးနေပေမယ့်လည်း အရပ်သားထိခိုက်သေဆုံးမှုတွေ တိုးလာတဲ့အပေါ်မှာ စိတ်မသက်မသာဖြစ်တဲ့အကြောင်း ပြောဆိုနေတာပါ။

ဂါဇာနဲ့အနောက်ဘက်ကမ်းဒေသတွေကို အစ္စရေးတိုက်ခိုက်မှုတွေ ရပ်တန့်ရေးအတွက် အမေရိကန်အနေနဲ့ အစ္စရေးကို ဖိအားပေးဖို့ တူရကီနိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကို တိုက်တွန်းထားတယ်လို့ တူကရီသံတမန်သတင်းတရပ်က ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ကလည်း အစ္စရေးဟာ ဂါဇာမှာ အကြမ်းဖက်မှုနည်းနာတွေကို အသုံးပြုနေတယ်ဆိုပြီး တနင်္ဂနွေနေ့က ပြစ်တင်ဝေဖန်ထားပါတယ်။

အပစ်ရပ်ရေး အစ္စရေး ဖိအားပေးခံရ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG